ဒုံသမိ တံတားရဲကင်းစခန်းတိုက်ခိုက်ခံရ ၊ ဒုရဲမှူး ၁ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ဇွန် ၂ – ၂၀၂၃
SP (VOM)

မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ ဒူးရင်းဆိပ်ကျေးရွာအနားက ဒုံသမိတံတားဂိတ်မှာ မနေ့ ဇွန် ၁ ရက် မနက် ၅ နာရီဝန်းကျင်က တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်က ဒုံသမိတံတား ဂိတ်မှာ ပစ်ခိုက်တိုက်ခံရတာဖြစ်တယ် ၊ မနေ့က မနက် အစောပိုင်း ၅ နာရီဝန်းကျင်မှာ ဖြစ်တတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုမှာ အမှတ် ၂၂ လုံခြုံရေး ရဲတပ်ရင်းက ဒုရဲမှူး တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၆ ယောက်ကျတယ် ၊ အဲ့ဒီ အပြင် သုံးယောက်လည်း ဒဏ်ရာရထားတယ် “လို့ မွန်းပြည်နယ် ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ် လုံခြုံရေး အဖွဲ့ဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဒါ့အပြင် ကရင်ပြည်နယ် ၊ ကောကရိတ်မြို့နယ် ၊ အမှတ် ၂ ရပ်ကွက် ၊ ကျုံဒိုးရဲစခန်မှာ မေ ၃၁ ရက် မနက် ၉ နာရီ ဝန်းကျင်က ရဲစခန်းထဲ ဗုံးတစ်လုံ းကျရောက်ပေါက်ကွဲခဲ့ရာ (ကော့ကရိတ် ခရိုင်) ဒုခရိုင်မှူး ရဲမှူး နဲ့ ဒုရဲအုပ် တစ်ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ

Related posts

Leave a Comment

VOM News

FREE
VIEW