အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ဗိုလ်လောင်းတွေကို ဘွဲ့ပေးစဉ် စင်ပေါ်မှာလဲကျမှုဖြစ်ပွား

၀ါရှင်တန်၊ ဇွန်-၂-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ကော်လိုရာဒိုမှာပြုလုပ်တဲ့ အမေရိကန်လေတပ်သင်တန်းကျောင်း ဘွဲ့နှင်းသဘင်မှာ ဇွန် ၁ ရက်က ဘွဲ့ပေးအပ်စဉ် ခလုတ်တိုက်ပြီး စင်ပေါ်မှာလဲကျမှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတဖြစ်သူ အသက် ၈၀ နှစ်အရွယ် သမ္မတဂျိုးဘိုင်ဒင်ဟာ ဘွဲ့ရဗိုလ်လောင်း ၉၂၁ ဦးကို ဆုပေးပြီးလက်ဆွဲနှုတ်ဆက်ဖို့ စင်မြင့်ပေါ်မှာ နာရီ၀က်ကြာ ရပ်နေခဲ့ရပါတယ်။

သမ္မတဟာ လက်ဆွဲနှုတ်ဆက်ရင်း စင်ပေါ်မှာရှိတဲ့ သဲအိတ်ကို ခလုတ်တိုက်ပြီး လဲကျသွားတာဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း အိမ်ဖြူတော်တာ၀န်ရှိသူတွေကပြောပါတယ်။

မတော်တဆမှုအပြီး မကြာမီအခမ်းအနားပြီးဆုံးချိန်မှာတော့ သမ္မတဟာ အကူအညီမပါဘဲ သူ့ထိုင်ခုံကို ပြန်လာခဲ့ပြီး လက်ဆွဲနှုတ်ဆက်ရင်း သဲအိတ်ကြောင့် လဲကျခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်သို့ပြန်ရောက်ချိန်မှာ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကိုပြောပါတယ်။

အသက်အရွယ်ကြီးပေမယ့် တာ၀န်ထမ်းဆောင်ဆဲသမ္မတဖြစ်သူ ဂျိုးဘိုင်ဒင်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးအပေါ် အများပြည်သူစိုးရိမ်မှုတွေရှိနေပြီး သူဟာယမန်နှစ်ကလည်း စက်ဘီးစီးရင်း လဲကျမှုဖြစ်ပွာခဲ့ပါသေးတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW