ကြံခင်းမှာ မီးလောင်မှုဖြစ်ပြီး အမျိုးသား ၁ ဦး မီးလောင်သေဆုံး

မေ၊ ၄-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ဗိုလ်ချုပ် လမ်းမှာ ယနေ့ ဇွန်လ ၄ ရက် မနက် ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား(၁) ဦး သေဆုံးသွားတယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။

”မီးလောင်တဲ့ အိမ်က ကုန်ခြောက်ဆိုင်ပါ ၊ မီးအားမြှင့်စက် အပူလွန်ကဲရင်းကနေ မီးလောင်တာ ၊ ကုန်ခြောက်ပစ္စည်းတွေကို မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ပါတယ်၊ အဲ့ဒီ မီးလောင်မှုမှာ နေအိမ်ပိုင်ရှင်ရဲ့ယောက်ဖက မီးထဲပါသွားတာ၊ ကနဦးတော့ မှောင်နေတော့ ပျောက်နေတာ အပြင်သွားသလိုလိုနဲ့ ၊မီးငြှိမ်းသတ်ပြီးမှ မီးထဲမှာ မီးလောင်ပြင်ထဲမှာ သေဆုံးတဲ့အလောင်းကိုတွေ့တာ။”လို့ တာဝန်ရှိသူ တယောက်ကပြောပါတယ်။

အဲ့ဒီ မီးလောင်မှုကို ကြံခင်း၊ ဘက်ရဲ၊ မြန်အောင် မြို့နယ်တို့မှ မီးသတ်ယာဉ်တွေနဲ့ ရေသယ်ယာဉ်တွေ အပြင် ဒေသခံတွေပါလာရောက် မီးငြှိမ်းသတ်ခဲ့တဲ့ အတွက် မနက် ၄ နာရီ ၃၀ မိနစ်ခန့်မှာ မီးငြိမ်းခဲ့တယ် လို့သိရပါတယ်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနဲ့ နေအိမ်မှာရှိတဲ့ ကုန်စုံဆိုင် ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁၁သိန်းကျော်တန်ဖိုး ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုနဲ့ပတ်သက်လို့ နေအိမ်ပိုင်ရှင်ကို ကြံခင်းမြို့နယ် ရဲစခန်းက ၊ ပုဒ်မ -၂၈၅၊ ၃၀၄ (က)၊ ပ-၂၅/၂၀၂၃ နဲ့ အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကြံခင်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW