ချောင်းဦးမြို့မှာ လမ်းလုံခြုံရေးကျတဲ့ ရဲ ၃ ဦး ပစ်သတ်ခံရ

ဇွန် ၊ ၄ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦမြို့ ၊ မုံရွာ – ချောင်းဦး – မန္တလေးကားလမ်းပိုင်းမှာ ဒီကနေ့ မနက် အစောပိုင်းက လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၆ နာရီဝန်းကျင်က ပစ်ခံရတာဖြစ်တယ်၊ မုံရွာ – ချောင်းဦး – မန္တလေး ကားလမ်း ၊ လဝက ရုံးနားမှာ လမ်းလုံခြုံရေး တာဝန်ထမ်းဆောင်ရင်း ပစ်ခံရတာပါ ၊ ပခုက္ကူဘက်ကနေ မန္တလေး လမ်းဘက်တိုင်း မောင်းလာတဲ့ အိမ်စီးကားပေါ်ကနေ ပစ်ခတ်တာဖြစ်တယ် ၊ အပစ်ခံရတဲ့သူတွေကတော့ ရဲတပ်ကြပ် အောင်မျိုးထွန်း နဲ့ ရဲတပ်သား အောင်မျိုးမင်းတို့က နေရာမှာတင် ကျတယ် ၊ နောက်ထပ် ရဲတပ်သား ကျူးစံ ဆိုသူလည်း အသက်အန္တရာယ် စိုးရိမ်ရ ဒဏ်ရာရတယ် ၊ ဒီနေ့လယ်ပိုင်းက အဲ့ဒီ ရဲတပ်သား ကျူးစံ ဆိုသူလည်း ကျသွားတယ်” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတွေကိုင်ဆောင်ထားတဲ့ သေနတ် ၄ လက် ပါသွားတယ်လို့လည်း ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၃၅ ထက်မနည်းရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW