ဟိုပင်မြို့မရဲစခန်းက နယ်ထိန်း ရဲတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ

ဇွန် ၊ ၄ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဟိုပင်မြို့နယ် ၊ ဟိုပင်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ မနေ့ ဇွန် ၃ ရက်နေ့က ပစ်သတ်ခံရတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူက နယ်ထိန်း ရဲတပ်ကြပ် ဝင်းကိုကိုဆိုသူဖြစ်တယ် ၊ ဖမ်းဆီးသွားပြီးနောက် ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်တာဖြစ်တယ်”လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး နဲ့ နီးစပ်သူတယောက်က ” ရဲတပ်ကြပ် ဝင်းကိုကိုက နယ်ထိန်းတာဝန်ကျဆိုတော့ ၊ တာဝန်နဲ့ သွားလာရင်း အဖမ်းခံရတာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ နယ်ထိန်းရဲကို ဘယ်အဖွဲ့က ဖမ်းဆီးသွားပြီး အခုလို ပစ်သတ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကလည်း ၊ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ကမ္မမြို့ ၊ မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဟိုပင် #နယ်ထိန်းရဲ #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW