အမေရိကန် စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘန်းစ် တရုတ်နိုင်ငံကို လျှို့ဝှက်သွားရောက်ခဲ့

၀ါရှင်တန်၊ ဇွန်-၃-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာနေချိန်မှာ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်ဟာ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံကို လျှို့ဝှက်ခရီးသွားရောက်ခဲ့ကြောင်း အမေရိကန်တာ၀န်ရှိသူတဦးက ဇွန် ၂ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စီအိုင်အေညွှန်ကြားရေးမှူးဟာ တရုတ်နိုင်ငံ ပေကျင်းကို လွန်ခဲ့တဲ့လက သွားရောက်ခဲ့ပြီး ထောက်လှမ်းရေလမ်းကြောင်းတွေမှာ ဆက်သွယ်ရေးလိုင်းတွေဖွင့်ထားခြင်းကို ထိန်းသိမ်းထားဖို့အရေးကြီးကြောင်း အလေးပေးပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုသူ အမေရိကန် တာ၀န်ရှိသူတဦးကဆိုပါတယ်။

တရုတ်နိုင်ငံကို စီအိုအေအကြီးအကဲ ဝီလီယံဘန်းစ် သွားရောက်ခဲ့တဲ့အချိန်နဲ့ တရုတ်ဘကက ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့ကြောင်းကိုတော့ သူက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ဒါပေမယ့် နှစ်ဘက်စလုံးက စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး သတိပေးမှုတွေနဲ့အတူ ထိုင်၀မ်အရေးအပေါ် တင်းမာမှုတွေရှိနေပြီး တရုတ်နဲ့ဆက်ဆံရေးတိုးတက်ဖို့ အမေရိကန်ကကြိုးပမ်းနေချိန်မှာ စီအိုင်အေညွှန်ကြားရေးမှူးရဲ့ တရုတ်ခရီးစဉ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ် အစောပိုင်းမှာ တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ကနေ ဖြတ်သန်းပျံသန်းခြင်းနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ စီစဉ်ထားတဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

Ref: AFP
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW