ကရင်ပြည်နယ်မှာ လက်နက်ကြီးကျပြီး လူ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဇွန် ၁၂ – ၂၀၂၃ SN + MM (VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ရွာ ကားလမ်းဘေးရှိ နေအိမ်တစ်လုံးပေါ်ကို မနေ့ ဇွန် ၁၁ ရက်၊ ည ၉ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူက ဒီကမဟုတ်ဘူး။ ရန်ကုန်ကနေ ခဏလာတဲ့ ဧည့်သည်။ သူ့သား ကျောင်းထွက်လက်မှတ်ကို မြဝတီမြို့မှာ သွားယူပြီး ပြန်လာတာ။ ရန်ကုန်ကိုပြန်ဖို့အတွက် အဲ့ဒီ့ လက်နက်ကြီးကျည်ကျတဲ့ အိမ်မှာ ညအိပ်တည်းခိုနေတုန်း အခုလိုဖြစ်သွားတာ။ ဒဏ်ရာက တင်ပါးဆုံမှာ တစ်ချက်၊ နံရိုးကြားမှာ တစ်ချက်နဲ့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ခရစ်ကျေးရွာမှာ နေထိုင်တဲ့ ဦးဇော်မင်းထွန်း…

Read More

အီတလီ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကွယ်လွန်

ရောမ၊ ဇွန်-၁၂-၂၀၂၃ မျိုးဆက်(VOM) လိင်ကိစ္စအရှုပ်တော်ပုံ၊ အကျင့်ပျက်ချစားမှုစွဲချက်တွေက လွတ်မြောက်ခဲ့တဲ့ အီတလီ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီ အသက် ၈၆ နှစ်ဟာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ အီတလီနိုင်ငံ မီလန်ြ့မို့က ဆေးရုံမှာကွယ်လွန်သွားတာဖြစ်ကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဘာလူစကိုနီဟာ ဧပြီလမှာ နာတာရှည်သွေးကင်ဆာနဲ့ ဆက်စပ်နေတဲ့ အဆုတ်ပိုး၀င်မှုကြောင့် ကုသမှုတွေ ခံယူခဲ့ရပါတယ်။ လက်ရှိအချိန်ထိ သေဆုံးရတဲ့အကြောင်းရင်းကို တရား၀င်အတည်ပြုရခြင်းမရှိသေးပေမယ့် သူဟာ ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်-၁၉ကူးစက်ခံရပြီးနောက် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေရှိခဲ့ပါတယ်။ နာမည်ကျော် မီဒီယာသူဌေးကြီး ဘာလူစကိုနီဟာ ၁၉၉၄ ခုနှစ်မှာ ၀န်ကြီးချုပ်တာ၀န်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်ထိ အစိုးရလေးဆက်ထိ နိုင်ငံကို ဦးဆောင်ခဲ့သူုဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလောကထဲမ၀င်ခင် ၁၉၈၆ ခုနှစ်မှာ ဒေဝါလီခံရတော့မယ့် အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းကို ၀ယ်ယူကယ်တင်ခဲ့သူအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုခဲ့့ပါတယ်။ Ref: BBC Photo:AFP #VOM #voiceofmyanmar…

Read More

မြန်မာနိုင်ငံမှာ ပထမဆုံးတည်ဆောက်နေတဲ့ထောပတ်သီး သန့်စင်ထုပ်ပိုးတဲ့စက်ရုံကို လာမယ့်ထောပတ်သီးရာသီမှာ စတင်လည်ပတ်နိုင်ဖို့ စီစဥ်နေ

ဇွန် ၁၂ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ်တောင်ပိုင်၊း ဟိုပုံးမြို့နယ်မှာ တည်ဆောက်နေတဲ့ ထောပတ်သီး သန့်စင်ထုပ်ပိုးတဲ့စက်ရုံကို လာမယ့် ထောပတ်သီးရာသီမှာ စတင်လည်ပတ်နိုင်ဖို့ စီစဥ်နေတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။ လက်ရှိမှာ စက်ရုံကိုတည်ဆောက်ထားပြီး စက်ပစ္စည်းတွေတပ်ဆင်ဖို့သာ ကျန်တော့ကြောင်း ၊ စက်ပစ္စည်းတွေတပ်ဆင်ဖို့အတွက် သိန်း ၈၀၀၀ ကျော်လောက် ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ ” စက်ရုံက မနှစ်ကတည်းကဆောက်ပြီးတယ်။အခုစက်ပစ္စည်းတွေတပ်ဖို့ပဲကျန်တော့တယ်၊စက်ရုံကတော့ တောင်သူတွေစုပေါင်းပြီး လုပ်ထားတာ၊စက်ပစ္စည်းအတွက်ကတော့ နိုင်ငံတော်ကချေးငွေ ယူမယူ မသိသေးဘူး။စက်ရုံပြီးရင် ဒီကနေထောပတ်သီးတွေကို သန့်စင်ထုတ်ပိုးပြီး ပြည်ပကိုပို့နိုင်ပြီပေါ့”လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ထောပတ်သီး သန့်စင် ထုပ်ပိုးတဲ့စက်ရုံ လည်ပတ်နိုင်ပြီဆိုပါက အရည်အသွေးပြည့်မီတဲ့ မြန်မာထောပတ်သီးတွေ ပြည်ပတင်ပို့နိုင်ပြီး စျေးကွက်လည်း မြင့်လာကာ စျေးကောင်းရရှိလာမှာဖြစ်တယ်လို့ ပြောပါတယ်။ အဲ့ဒီစက်ရုံဟာ မြန်မာနိုင်ငံမှာ ပထမဆုံးတည်ဆောက်တဲ့စက်ရုံဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းက ထောပတ်သီးစိုက်တောင်သူတွေ၊လုပ်ငန်းရှင်တွေသာမက…

Read More

ယူကရိန်းရဲ့တန်ပြန်ထိုးစစ် ပထမဆုံးအကြိမ် အောင်ပွဲရ၊ နိုင်ငံအရှေ့တောင်ပိုင်း နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့

ကိယက်ဗ်၊ ဇွန်-၁၂-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်စတင်နေပြီဖြစ်ပြီး ထိုးစစ်စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအရှေ့တောင်ပိုင်းက ရွာလေးရွာကို ရုရှားလက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း အခိုင်အမာပြောဆိုပါတယ်။ တနင်္လာနေ့မနက်ပိုင်းက ဒွန်တက်စ်ဒေသရှိ စထရိုဇော့ဗ်မှာ ယူကရိန်းနိုင်ငံတော်အလံကို ဝှေ့ယမ်းအောင်ပွဲခံနိုင်ခဲ့ကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ စောင့်မျှော်နေရတဲ့ တန်ပြန်ထိုးစစ်ကို စတင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ယူကရိန်းရဲ့ ပြန်လည်သိမ်းပိုက်နိုင်မှုတွေဟာ အတန်လေးနည်းပါးနေသေးပေမယ့် ရုရှားဘက်ကတော့ ဘယ်လိုဆုတ်ခွာမှုမျိုးကိုမှ အတည်မပြုသေးပါဘူး။ စစ်ပွဲလေ့လာရေးအင်စတီကျုကတော့ ယူကရိန်းရဲ့ သိမ်းပိုက်နိုင်မှုကို အတည်ပြုထားပါတယ်။ ဒါဟာ တန်ပြန်ထိုးစစ်စတင်ပြီးနောက် ပထမဆုံးအောင်ပွဲဖြစ်ပြီး ရှေ့တန်းမှာ စစ်ဆင်ရေးတွေလုပ်ဆောင်နေပြီး နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နေ့တနေ့တည်းမှာ တိုက်ပွဲ ၂၅ ခါဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေကပြောပါတယ်။ ယူကရိန်းဟာ ရှေ့တန်းစစ်မြေပြင်မှာ အနောက်အုပ်စုနိုင်ငံတွေက ထောက်ပံ့တဲ့တင့်ကားတွေကိုပါ အသုံးပြုနေပြီး အဲဒီထဲကတင့်ကားတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားဘက်က အခိုင်အမာပြောဆိုထားပါတယ်။ Ref: BBC #VOM…

Read More
VOM News

FREE
VIEW