၀ဂ္ဂနာကြေးစားအဖွဲ့ဟာ အာဏာသိမ်းဖို့ကြံနေကြောင်း ရုရှားစွပ်စွဲ၊ ရုရှားစစ်တပ်ကို ပုန်ကန်ကြဖို့ ကြေးစားအဖွဲ့ အကြီးအကဲ တိုက်တွန်း

မော်စကို ၊ ဇွန်-၂၄-၂၀၂၃ မျိုးဆက်(VOM) ရုရှားနဲ့အတူ ယူကရိန်းစစ်မြေပြင်မှာ တိုက်ပွဲ၀င်ပေးနေတဲ့ ကြေးစားစစ်သားအဖွဲ့ ၀ဂ္ဂနာရဲ့ ပုန်ကန်မှုဟာ နိုင်ငံတော်သစ္စာဖောက်မှုဖြစ်ပြီး သစ္စာဖောက်သူတွေကို အပြစ်ပေးအရေးယူသွားမယ်လို့ ရုရှားသမ္မတပူတင်က ဇွန် ၂၄ ရက်ကပြောကြားခဲ့ အရေးပေါ်မိန့်ခွန်းမှာ ကတိပြုပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ ရုရှားကိုကာကွယ်ဖို့ အားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပြီး ၀ဂ္ဂနာအဖွဲ့က ကြေးစားစစ်သားတွေ ထိန်းချုပ်ထားပြီး စစ်ဘက်ဆိုင်ရာအခြေအနေတွေကို ထိန်းချုပ်ထားတယ်လို့ ပြောဆိုထားတဲ့ ရိုစ်တော့အွန်ဒွန်မြိုကအခြေအနေ တည်ငြိမ်စေဖို့ ပြတ်ပြတ်သားသားကိုင်တွယ်သွားမယ်လို့ ပူတင်ကဆိုပါတယ်။ အလွန်အကျွံရည်မှန်းချက်တွေနဲ့ အမြတ်အစွန်းအကျိုးစီးပွားတွေကြောင့် ၀ဂ္ဂနာအဖွဲ့ဟာ နိုင်ငံတော်ပုန်ကန်မှုဆီ ဦးတည်သွားတာဖြစ်ပြီး ဒါဟာနောက်ကျောကို ဓါးနဲ့ထိုးတဲ့လုပ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတက ပြောပါတယ်။ ဒါဟာ ရုရှားအတွက်ရော ပြည်သူတွေအတွက်ပါ ထိုးနှက်ချက်တစ်ခုဖြစ်ပြီး ဒီခြိမ်းခြောက်မှုတွေကနေ အဖမြေကိုကာကွယ်ဖို့ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေ ကြမ်းတမ်းလိမ့်မယ်လို့ ပူတင်ကပြောပါတယ်။ ၀ဂ္ဂနာကြေးစားအဖွဲ့ဟာ အာဏာသိမ်းဖို့ ကြံစည်တဲ့လုပ်ရပ်ဖို့ ရုရှားဘက်က စွပ်စွဲထားပါတယ်။ အာဏာသိမ်းဖို့ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ၀ဂ္ဂနာအဖွဲ့အကြီးအကဲ…

Read More

ဂက်စ်၊ ဆီ တက္ကစီယာဥ်အားလုံး အငှားခကို ကီလိုမီတာနဲ့ ပေးတဲ့စနစ် ပြောင်းလဲသတ်မှတ်

ဇွန် ၂၄ – ၂၀၂၃ GG (VOM) Taxi အငှားယာဥ် စီးနင်းခနူန်းထားတွေကို စီနင်းတဲ့အကွာအဝေးအလိုက် ကီလိုမီတာ နဲ့ ကောက်ခံဖို့ သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။ တက္ကစီ စတင်စီးနင်းတာနဲ့ ၁၅၀၀ ကျပ် ပေးရမှာဖြစ်ပြီး ခရီးစဥ် အနီးအဝေး၊သွားလာမှုပေါ်မူတည်ကာ တစ်ကီလိုမီတာကို ၆၀၀ ကျပ်နူန်းနဲ့ ယာဥ်စီးခကို ပေးချေရမယ့်စနစ်ဖြစ်တယ်လို့ သိရပါတယ်။ ကီလိုမီတာ နဲ့ယာဥ်စီးခကောက်ခံတဲ့စနစ်ကို ဆီ ကား ၊ ဂက်စ်ကား အားလုံးကျင့်သုံးရမှာဖြစ်တဲ့အပြင် Grab အပါအဝင် APP အသုံးပြု ပြေးဆွဲနေတဲ့ taxi တွေပါ လိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့သိရပါတယ်။ ” ကားပေါ်စတက်တာနဲ့ ၁၅၀၀ ကျမယ်၊ပြီးရင် တစ်ကီလိုမီတာသွားတိုင်း ၆၀၀ ကျသင့်မှာဖြစ်တယ်။ အဓိက တက်စီသမားတွေ စျေးပိုတောင်းလို့မရတော့ဘူးပေါ့။အရင်ကဆို တက္ကစီသမားပါးစပ်ထဲ စျေးကကြိုက်သလိုဖြစ်နေတာလေ၊အခုတော့ စျေးတခုသတ်မှတ်လိုက်တဲ့သဘောပါ။ဒီစနစ်ကို…

Read More

ဂျာမနီမှာ အလုပ်သမားတွေ အလွယ်တကူ လာရောက်အလုပ်လုပ်ကိုင်နိုင်မယ့် ဥပဒေသစ် ပါလီမန်အတည်ပြု

ဘာလင်၊ ဇွန်-၂၄-၂၀၂၃ မျိုးဆက်(VOM) ဥရောပနိုင်ငံ အများအပြားဟာ ရွှေ့ပြောင်းအခြေချမှုကို ကန့်သတ်ဖို့ ကြိုးစားနေချိန်မှာ ဂျာမနီနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေကို ဆွဲဆောင်ဖို့ ဥပဒေသစ်တရပ်ကို အတည်ပြုလိုက်ပါတယ်။ အဲဒီဥပဒေအရ ဥရောပသမဂ္ဂပြင်ပက ရွှေ့ပြောင်းလုပ်သားတွေအတွက် အဟန့်အတားနည်းပါးစွာနဲ့ ဂျာမနီမှာ အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေရှိလာမှာဖြစ်ပါတယ်။ ကနေဒါစတိုင် အမှတ်အခြေခံစနစ်အရ အသက်၊ ကျွမ်းကျင်မှု၊ အရည်အချင်း နဲ့ ဂျာမနီနိုင်ငံနဲ့ ကိုက်ညီမှုရှိမရှိတို့အပေါ် ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး လစာ၊ ပညာအရည်အချင်းနဲ့ ဂျာမန်ဘာသာကျွမ်းကျင်မှုအတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ အလုပ်ခေါ်စာမရှိဘဲ ရွှေ့ပြောင်းလုပ်သားတွေ ဂျာမနီကို သွားရောက်ဖို့ ပိုမိုလွယ်ကူစေပြီး နောက်ပိုင်းမှာတော့ အိမ်ထောင်ဘက်၊ သားသမီးနဲ့ မိဘတွေကိုပါ ဂျာမနီကို ခေါ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါဟာ ဂျာမနီအစိုးရအတွက် ကြီးမားတဲ့ အပြောင်းအလဲတရပ်ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အလုပ်သမားနည်းပါးမှုနဲ့ ရင်ဆိုင်နေရပြီး သန်းနဲ့ချီတဲ့ အလုပ်လစ်လပ်နေရာတွေကို ဖြည့်တင်းဖို့လိုအပ်ကြောင်း အစိုးရအဖွဲ့၀န်ကြီးတွေက သတိပေးထားပြီး လုပ်သားရှားပါးမှုဟာ ဂျာမနီစီးပွားရေး…

Read More

၀ဂ္ဂနာ ကြေးစားစစ်သားအဖွဲ့က ယူကရိန်းကနေ ရုရှားထဲပြန်၀င်၊ ရုရှားစစ်တပ်ခေါင်းဆောင်တွေကို ဖြုတ်ချမယ်လို့ ကတိပြု

မော်စကို၊ ဇွန်-၂၄-၂၀၂၃ မျိုးဆက်(VOM) ရုရှားစစ်တပ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ နည်းပေါင်းစုံနဲ့လုပ်သွားမယ်လို့ ရုရှားကြေးစားစစ်သားအဖွဲ့ဖြစ်တဲ့ ၀ဂ္ဂနာအဖွဲ့အကြီးအကဲ ပရီဂိုဇင်က ကတိပြုပြောဆိုလိုက်ပါတယ်။ ရုရှားအတွက် တိုက်ပွဲ၀င်နေတဲ့ ၀ဂ္ဂနာအဖွဲ့စစ်သားတွေကို ရုရှားကတိုက်ခိုက်မှုပြုခဲ့ကြောင်း ပရီဂိုဇင်က စွပ်စွဲထားပြီး ရုရှားကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ သူ့ရဲ့ အခုလိုပြောဆိုအပြီးမှာတော့ နာရီပိုင်းအကြာမှာတော့ သူဟာလက်နက်ကိုင် ပုန်ကန်သူအဖြစ် ရုရှားဘက်က စွပ်စွဲလိုက်ပါတယ်။ လက်ရှိမှာတော့ ၀ဂ္ဂနာကြေးစားစစ်သားတွေဟာ ယူကရိန်းနယ်စပ်ကနေ ရုရှားနိုင်ငံထဲကို ဖြတ်ကျော်၀င်ရောက်လာပြီး ရော့စ်တော့ဗ်အွန်ဒွန်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့လူတွေကို တားဆီးသူမှန်သမျှကို ခြေမှုန်းပစ်မယ်လို့ ၀ဂ္ဂနာအကြီးအကဲ ပရီဂိုဇင်ကပြောပါတယ်။ ၀ဂ္ဂနာကြေးစားအဖွဲ့ဟာ ယူကရိန်းစစ်မြေပြင်မှာ ရုရှားစစ်သားတွေနဲ့အတူ စစ်တိုက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ယူကရိန်းနယ်စပ်အနီးက ၀ဂ္ဂနာအဖွဲ့က ထိန်းချုပ်ထားပြီး ဒေသခံတွေကို နေအိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားပါတယ်။ ရုရှားကလည်း လုံခြုံရေးတင်းကြပ်ထားပြီး အင်တာနက်ကိုလည်း ကန့်သတ်ထားကာ မော်စကိုလမ်းတွေပေါ်မှာ စစ်ကားတွေ လှည့်လည်နေကြပါတယ်။ အရပ်ဘက်ယာဉ်တန်းကို ပစ်ခတ်ခဲ့တဲ့ ရုရှားရဟတ်ယာဉ်တစင်းကို ၀ဂ္ဂနာအဖွဲ့က…

Read More

တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေ အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ဇွန်၊ ၂၄-၂၀၂၃ MM(VOM) တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့က စစ်ရှောင်တွေဟာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေအရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ အဲ့ဒီက စစ်ဘေးရှောင်တွေဟာ ဇွန်လ အတွင်းလက်နက်ကိုင်အဖွဲ့ ၂ ခုက တိုက်ပွဲဖြစ်ပွားလာတာကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာရတဲ့သူတွေဖြစ်ပြီး လက်ရှိ ယာယီတဲအိမ်ဆောက်ဖို့ အတွက် အမိုးအကာတွေ နဲ့ စားနပ်ရိက္ခာတွေလိုအပ်နေတာလို့သိရပါတယ်။ ”စစ်ဘေးရှောင်က အယောက် ၂၀၀၀ ကျော်ကျော် လောက်ရှိမယ် ၊နောက်ဆို အခုထက်စစ်ရှောင်အယောက်ရေပိုများလာမယ် ၊အခုက စစ်ရှောင်ကလေးတွေဆို အဝတ်အထည်တွေပါ လိုအပ်နေတာ ၊ နောက်လ နောက်ရက် အတွက် မပြောနဲ့ အခုလည်း စားဖို့ကို မရှိတာ၊ ခြင်တွေကလည်း အကိုက်ခံနေရတယ်၊ နောက်ပြီး တောစပ်ကျတဲ့ နေရာတွေမှာဆို မြွေအန္တရာယ်လည်း စိုးရိမ်နေရတာ ၊ အခုက မိုးကာနဲ့ စားဖို့ကတော့ အရေးပေါ်လိုအပ်နေတာ၊ ပိုက်ဆံရှိလည်း ဝယ်ယူလို့ မရတဲ့…

Read More

စားဝတ်နေရေးကျပ်တည်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မုံရွာမြို့က အခြေခံလူတန်းစားများ

ဇွန် ၂၄-၂၀၂၃ HT(VOM) ၂၀၂၁ ၊ ဖေဖော်ဝါရီ (၁) ရက်နေ့ နိုင်ငံရေးအပြောင်အလဲဖြစ်ပြီးနောက်ပိုင်းမှာ လူမှုစီးပွားကျပ်တည်းမှုတွေများစွာကြုံနေရတဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းမုံရွာမြို့က အခြေခံလူတန်းစားအများအပြားလည်းပါဝင်နေပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကာလရှည်ကြာလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုတွေ၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုတွေက တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေအနာဂတ်ဘဝရပ်တည်ဖို့အတွက် စိန်ခေါ်မှုတခုဖြစ်လာခဲ့ပါတယ်။ ဒီစိန်ခေါ်မှုတွေကို အခြေခံလူတန်းစားတချို့ ဘယ်လိုကြုံတွေ့ရင်ဆိုင်ဖြတ်သန်းနေကြရလဲဆိုတာ တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #မုံရွာ Youtube Link – https://youtu.be/NFaF5E6A15Y

Read More

မူဆယ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့

ဇွန် ၂၄၊ ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မြို့၊ စက်မှုလမ်းဆုံးမှာ မနေ့ ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ၇ နာရီကျော်လောက်ပဲ။ စက်မှု လမ်းဆုံနား ဟုတ်တယ်၊ တပ်နဲ့ ပြည်သူ့စစ်အဖွဲ့က စက်မှုလမ်းဆုံမှာ စစ်ဆေးချိန် ကားပေါ်က အော်ဆဲတာကြောင့် PDF ထင်ပြီး ပစ်ထည့်လိုက်တာ၊ ပစ်ခံရတဲ့ကားက ဆိုင်ကယ် နှစ်စီးကို တိုက်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မျက်မြင်တွေ့သူ ၁ ဦးက” ကားပေါ်မှာ ၁ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ၂ ဦးက ဆေးရုံရောက်မှ သေဆုံးသွားတယ်၊ အခု လောလောဆယ်တော့ သေတာသုံးယောက်။ မြောင်းထဲမှာ…

Read More

ဒဂုံမြို့ဆိပ်ကမ်းမြို့နယ် YMBAဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံး

ဇွန် ၂၄ – ၂၀၂၃ SN (VOM) ရန်ကုန်​တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် (၂) ၊ (၉၃) ရပ်ကွက် ဥက္ကဋ္ဌဟောင်း ဦးလှကြည်ဟာ မနေ့ ဇွန် ၂၃ ရက်၊ ည ၇ နာရီ မိနစ် ၃၀ ဝန်းကျင်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသက် (၇၇) နှစ်အရွယ်ရှိ ဦးလှကြည်ဟာ ယာဉ်အမှတ် YGN -11 4H-2351 Toyota Surf အဖြူရောင်ကားနဲ့ အပြင်ကနေ အိမ်ကိုပြန်လာချိန် ဒဂုံဆိပ်ကမ်း၊ ယုဇနဥယျာဥ်မြို့တော် စီ-ဘလောက် (၁) လမ်း အရောက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “သူ့ကားနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်လိုက်လာပြီး သေနတ်နဲ့ပစ်သွားတာ။ ဖြစ်ခါစကတော့ လှုပ်နေသေးတယ်။ ချက်ချင်းတော့…

Read More

နိုင်ငံတောင်ပိုင်းမှာ ရုရှားတပ်တွေအပေါ် တန်ပြန်ထိုးစစ် အသာစီးရနေကြောင်း ယူကရိန်းပြော

ကိယက်ဗ်၊ ဇွန်-၂၃-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်တပ်ဟာ နိုင်ငံအရှေ့ပိုင်း ကူပီယာနက်ခ်နဲ့လိုင်မန်မြို့တွေဆီကိုဦးတည်နေတဲ့ ရုရှားရဲ့ထိုးစစ်ကို ရပ်တန့်နိုင်ခဲ့ပြီး တောင်ပိုင်း၌ အသာ၌အသာစီးရယူနိုင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတဦးကပြောပါတယ်။ ကူပီယာနက်ခ်နဲ့ လိုင်မန်မြို့ လမ်းကြောင်းတွေမှာ မိမိတို့အတွက် အလွန်ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် ယူကရိန်းတပ်တွေဟာ ရုရှားတွေရဲ့ထိုးစစ်ကို ရပ်တန့်ထားနိုင်ခဲ့ကြောင်း ယူကရိန်း လက်ထောက်ကာကွယ်ရေး၀န်ကြီး ဟန်နာမီလာက ပြောပါတယ်။ နိုင်ငံတောင်ပိုင်းမှာ စစ်ဆင်ရေးဟာ အစီအစဉ်အတိုင်းလုပ်ဆောင်နေပြီး ထိုးစစ်အရမ်းမြန်မြန်ဖြစ်နေဖို့ မလိုအပ်ကြောင်းနှင့် ယူကရိန်းတပ်တွေအားလုံး အချက်ကျကျလှုပ်ရှားနေကြောင်း သူကပြောပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေက နာမည်ကျော်တင့်ကားတွေ လက်နက်ခဲယမ်းထောက်ပံ့မှုတွေနဲ့အတူ ယူကရိန်းတပ်တွေဟာ ပထမဆုံးသော တန်ပြန်ထိုးစစ်ပထမအဆင့်ကို စတင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ နယ်မြေအများအပြားကို သိမ်းပိုက်ထားဆဲဖြစ်ပြီး လပေါင်းများစွာပြင်ဆင်ထားတဲ့ ရုရှားရဲ့အဓိကခံစစ်နေရာတွေကို ယူကရိန်းက တိုက်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ Ref: Reuters Photo: Reuters #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW