တိုရွန်တို၊ ဇွန်-၆-၂၀၂၃ မျိုးဆက်(VOM) ကနေဒါနိုင်ငံမှာ ယခုနှစ်အတွင်း အဆိုးရွားဆုံး တောမီးရာသီနဲ့ရင်ဆိုင်ရဖွယ်ရှိကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက ဇွန် ၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုပေါင်း ၂၂၁၄ ခှုဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ တောမီးလောင်ကျွမ်းမှုအန္တရာယ်ဟာ ဇွန်လမှာ တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွင်း ဆိုးရွားတဲ့ တောမီးအန္တရာယ် ပိုမိုဆိုးရွားလာနိုင်တဲ့ အရိပ်လက္ခဏာတွေရှိကြောင်း ကနေဒါသဘာ၀ပတ်၀န်းကျင်၀န်ကြီး ဂျိုနသန်ဝီလ်ကင်ဆန်က ဇွန် ၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် နိုင်ငံတ၀န်းရှိ မြေဟတ်တာ ၃ ဒသမ ၃ သန်းကျော်လောင်ကျွမ်းခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က တောမီးလောင်ကျွမ်းမှုပမာဏထက် ၁၂ ပမာဏခန့် ပိုမိုများပြားနေပါတယ်။ အခုလို တောမီးလောင်ကျွမ်းမှုတွေဆက်လက်ဖြစ်ပွားနေပါက ကနေဒါနိုင်ငံမှာ တောမီးလောင်ကျွမ်းမှု စံချိန်တင်ပမာဏနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ Ref: BBC…
Read MoreMonth: June 2023
အဆိုတော် လီလီနိုင်ကျော် အသတ်ခံရတဲ့ကိစ္စ လူ (၆)ဦးထက်မနည်း ဖမ်းဆီးခံရ
ဇွန် ၆ – ၂၀၁၃ SN (VOM) ပြီးခဲ့တဲ့ ၂၀၂၃ မေ ၃၀ ရက် ညပိုင်းက အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တေးရေးဆရာ အောင်နိုင်စန်းနဲ့ ပြည်သူ ၄ ဦးတို့အပြင် ဧရာဝတီတိုင်းက ရဲအုပ်အငြိမ်းစားတစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ လူမှုကွန်ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေရန်လှုံ့ဆော်၊ ရေးသား၊ ဝါဒဖြန့်မှုတွေကြောင့် တေးရေးဆရာ အောင်နိုင်စန်းအပါအဝင် ၅ ဦးတို့ကို ဖမ်းဆီးထားတယ်လို့ မနေ့ ဇွန်လ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားသလို ဧရာဝတီတိုင်းက ရဲအုပ် အငြိမ်းစားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ နိုင်ငံပိုင်သတင်းစာတွေရဲ့ဖော်ပြမှုအရ ဇွန် ၄ ရက်မှာ တေးရေးအောင်နိုင်စန်းကို ဖမ်းဆီးခဲ့ပြီး စမ်းချောင်းရဲစခန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ တေးရေး…
Read Moreနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား
ဇွန် ၆ -၂၀၂၃ Voice Of Myanmar(VOM) မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါရ ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ပြီးခဲ့တဲ့ မေလ ၂၅ရက် ည၁၁နာရီ ၁၁မီနစ်အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ဥရုဇ ရုပ်ကလာပ်တော်ကို မေလ(၂၆)ရက်ကနေ ဇွန်လ(၆)ရက်နေ့ နေ့လယ်ပိုင်းအထိ ဗန်းမော်ကျောင်းတိုက် ယာယီစံကျောင်းတော်မှာ ထားရှိခဲ့ပြီး ဒီကနေ့ ဇွန်လ(၆)ရက် ညနေပိုင်းမှာ ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်ကနေ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် မီးပူဇော် အခမ်းအနား ကျင်းပနေတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဗန်းမော်ဆရာတော် #အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား
Read Moreယူကရိန်းတောင်ပိုင်းရှိ ရေကာတာတခုကို ရုရှားတပ်တွေ ဖောက်ခွဲဖျက်စီး၊ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း
ကိယက်ဗ်၊ ဇွန်-၆-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာ တခုကို ရုရှားက ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ယူကရိန်းစစ်တပ်က ဇွန် ၆ ရက်မှာပြောပါတယ်။ ခါခေါ့ဗ် ရေကာတာဟာ ခါဆွန်တောင်ပိုင်း ဒီနီပရိုမြစ်ပေါ်မှာ တည်ရှိပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရေအမြောက်အများ ပေါက်ထွက်စီးဆင်းမှုတွေကြောင့် ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းနေရကြောင်း ဒေသခံအုပ်ချုပ်ရေးမှုးကပြောပါတယ်။ လက်ရှိမှာတော့ ရေကာတာအနီးက ရေစီးကြောင်းတွေအနားမှာရှိတဲ့ နေအိမ်ထောင်ပေါင်းများစွာ ရေနစ်မြုပ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေမှာရှိတဲ့ အဲဒီရေကာတာဟာ ဇာပိုရစ်ဇီးယားနျူကလီးယား ဓါတ်အားပေးစက်ရုံအတွက် အအေးခံဖို့ ရေထောက်ပံ့နေတဲ့ ဆည်တခုလည်းဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအစည်းအဝေးခေါ်ပြီး ယူကရိန်းတာ၀န်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ညကလည်း ယူကရိန်းနိုင်ငံ ကိယက်ဗ်နဲ့ အခြားနေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရုရှားရဲ့ ခရုဇ်ဒုံးကျည်အစင်း ၂၀ ကျော်ကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ယူကရိန်းဘက်က အခိုင်အမာပြောဆိုထားပါတယ်။ Ref:…
Read Moreပခုက္ကူမြို့နယ်မှာ ၊ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
ဇွန် ၆ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာမှာ ဇွန် ၅ ရက် မနက် အစောပိုင်းက ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဇွန် ၄ ရက်ည ဖြစ်တယ် ၊ မနေ့က မနက်ပိုင်းမှာ အလောင်းတွေကောက်ရတယ် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အမျိုးတွေ သတ်ခံရတာ” လို့ ဒေသခံ ပရဟတိသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ည ၁၁ နာရီဝန်ကျင်လောက်မှာ အသတ်ခံရတာဖြစ်တယ် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို သတ်ဖို့ ရှာတဲ့အခါ မတွေ့ရဘူး ၊ အဲ့ဒါနဲ့…
Read Moreလက်ဖက်ရည်ခွက်များ နှင့် မန္တလေး ရသ
ဆူးငှက် ဒီကနေ့ လက်ဖက်ရည် တစ်ခွက်ကို ဆိုင်သောက် ၁၀၀၀ကျပ်၊ ပါဆယ် ၁၃၀၀ အနည်းဆုံးဖြစ်နေတော့ာကိုယ့် ပါးစပ်ကို မသထာချင်တော့ပေ။ သည်အချိန်မှာ ကျွန်တော်တို့ ငယ်ငယ်က ဦးလေးခ ၏ လက်ဖက်ရည်ကိုသာ သတိရနေသည်။ တကယ်တော့ ထိုစဉ်ကာလက လက်ဖက်ရည် တစ်ခွက် တစ်ကျပ်တော့ဖြစ်နေပါပြီ။ ဒါပေမယ့် ဦးလေးခ ဆီကို အစိုးရခွဲတမ်းပါမစ်ရသည်။ တစ်နေ့ ၂ပိဿာတဲ့။ ထိုပါမစ်ကို လက်လွှဲရောင်းလိုက်လို့ ရသည်။ ဦးလေးခ က လက်လွှဲမရောင်း။ ရပ်ကွက်ထဲက လူတွေ လက်ဖက်ရည်ကို ဈေးသက်သက်သာသာနှင့် သောက်နိုင်ဖို့ ပါမစ်ရ သူ့အိမ်မှာပဲ လက်ဖက်ရည် ရောင်းသည်။ သူ့အိမ်က အနောက်ဘက် မိကျောင်းတံတား၏ အရှေ့ဘက်က ဝင်းထဲမှာရှိသည်။ ထိုဝင်းထဲမှာက ကိုယ်ပိုင် အိမ်ဝင်းတွေရှိသလို တန်းလျားကြီးပမာ အခန်းတွေ တစ်ဆက်တည်းနှင့် လူနေအိမ်ခန်းတွေလည်းရှိသည်။သေချာတာကတော့ ကိုယ်ပိုင်အိမ်ဝင်း ၃၀င်း…
Read Moreပန်းဆိုးတန်း အခွန်ရုံး လုံခြုံရေးထူထပ်တဲ့ကြားက ဗုံးပေါက်၊ ဒုဦးစီးမှူးအပါအဝင် ၅ ဦးဒဏ်ရာရ
ဇွန် ၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းရှိ အခွန်ဦးစီးမှူးရုံးမှာ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က လုံခြုံရေးထူထပ်စွာ ချထားတဲ့ကြားက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒုဦးစီးမှူးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ဆက်သွယ်ရေးနဲ့ ကြေးနန်းဝန်ကြီးရုံးရှေ့၊ ကုန်သည်လမ်းထောင့်က အခွန်ရုံးမှာဖြစ်တာ။ လူ ငါးယောက်တော့ထိတယ်။ သေတော့မသေပါဘူး” လို့ သက်ဆိုင်ရာ လုံခြုံရေးပိုင်းအရာရှိတစ်ဦးက ပြောပါတယ်။ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး (၃)၊ (၃) လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှာ အသံဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အများပြည်သူထိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ သံထိုင်ခုံဘေးမှ ပေါက်ကွဲခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဗုံးပေါက်လို့ ထိတဲ့အထဲမှာ ဝန်ထမ်းတွေလည်းပါတယ်၊ အရပ်သားတွေလည်း ပါတယ်။ ဗုံးစမှန်ပြီး ဒဏ်ရာရကုန်ကြတာ။ အသေအပျောက်တော့ မရှိဘူး။ ဒီဖြစ်စဉ်ကြောင့် ပန်းဆိုးတန်းလမ်းကို…
Read Moreအိုပက်အဖွဲ့ရဲ့ ရေနံလျှော့ထုတ်မယ့်ဆုံးဖြတ်ချက်ကြောင့် လောင်စာဆီစျေး တက်လာဖွယ်ရှိ
ရီယတ်၊ ဇွန်-၅-၂၀၂၃ မျိုးဆက်(VOM) ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများ(အိုပက်)အဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေဟာ ရေနံထုတ်လုပ်မှုကိုလျှော့ချဖို့ ဇွန် ၄ ရက်မှာ သဘောတူလိုက်တာကြောင့် လောင်စာဆီစျေးတက်လာဖွယ်ရှိနေပါတယ်။ ဆော်ဒီအာရေဗျဟာ ရေနံထုတ်လုပ်မှုကို သူ့သဘောဆန္ဒအလျောက် ဇူလိုင်လကစပြီး နေ့စဉ်စည်တသန်း လျှော့ချထုတ်လုပ်သွားမှာဖြစ်ပြီး အိုပက်နှင့်မဟာမိတ်တွေအနေနဲ့ လက်ရှိရေနံလျှော့ချထုတ်လုပ်ရေး သဘောတူညီချက်ကို ၂၀၂၄ ခုနှစ်ထိ သက်တမ်းတိုးသွားမှာဖြစ်ပါတယ်။ အိုပက်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ထုတ်လုပ်မှုဟာ ကမ္ဘာ့ရေနံစိမ်းရဲ့ ၄၀ ရာခိုင်နှုန်း၀န်းကျင်ရှိနေပြီး အဖွဲ့ရဲ့ရေနံလျှော့ချထုတ်လုပ်မယ့် ဆုံးဖြတ်ချက်ကြောင့် ရေနံစျေးနှုန်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံတွေဟာ ရေနံစျေးနှုန်းကျဆင်းခြင်းနဲ့ စျေးကွက်မတည်မငြိမ်ဖြစ်ပွားခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အနောက်အုပ်စုနိုင်ငံတွေကမူ အိုပက်အဖွဲ့ဟာ ရေနံစျေးနှုန်းတွေကို ကြိုးကိုင်ပြီး စွမ်းအင်ကုန်ကျစရိတ်ကြီးမြင့်စေပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေကြောင်း စွပ်စွဲပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #ရီယတ်
Read Moreချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနားမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ
ဇွန် ၅-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ မုံရွာ – မန္တလေး ကားလမ်းဘေးရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံခြံအနီးနားမှာ ဒီကနေ့ မနက် ၃ နာရီဝန်းကျင်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးမြို့နယ် လုံခြုံရေး အဖွဲ့ဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၃ နာရီဝန်းကျင်က ပစ်ခတ်တာတွေဖြစ်တယ် ၊ စီစစ်ဆဲအဖွဲ့က စျေးသည်ဟန်ဆောင်ကာ ဆိုင်ကယ်တွေနဲ့လာပြီး ပစ်တာဖြစ်တယ် ၊ အဲ့ဒီပစ်ခတ်မှုကြောင့် လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ ၁ ဦး ထိခိုက်သေဆုံးတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနက်အစောပိုင်း စျေးသည်တွေလို ပုံမှားရိုက်ပြီး အလစ်အငိုက် ဆိုင်ကယ်တွေနဲ့ တိုက်သွားတာဖြစ်တယ် ” လို့…
Read Moreတရုတ်-အမေရိကန် စစ်ဖြစ်ရင် ကမ္ဘာ့ကပ်ဘေးကြီးဖြစ်လာလိမ့်မယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီး သတိပေး
စင်ကာပူ၊ ဇွန်-၅-၂၀၂၃ မျိုးဆက်(VOM) တရုတ်နဲ့အမေရိကန်စစ်ပွဲဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးအတွက် သည်းမခံနိုင်ဖွယ်ရာ ကပ်ဘေးကြီးတခုဖြစ် လာလိမ့်မယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီး လီရှန်ဖူက ဇွန် ၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ လက်ရှိကမ္ဘာကြီးဟာ အမေရိကန်နဲ့တရုတ်နိုင်ငံတို့အတွက် လုံလောက်ပြီး နှစ်နိုင်ငံအကြား ဘုံသဘောတူညီချက်ကို ရှာသင့်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးက စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရီလာထိပ်သီးဆွေးနွေးပွဲမှာ ပြောပါတယ်။ အမေရိကန်ဟာ စစ်အေးစိတ်ဓါတ်ရှိနေပြီး ဒီအတွက်ကြောင့် လုံခြုံရေးအန္တရာယ် အလွန်တိုးလာကြောင်း မတ်လအတွင်းက ကာကွယ်ရေး၀န်ကြီးဖြစ်လာသူ လီရှန်ဖူကပြောပါတယ်။ ထိုင်၀မ်ရေလက်ကြားမှာ ဖြတ်သန်းသွားနေတဲ့ အမေရိကန်နဲ့ ကနေဒါစစ်သင်္ဘောတွေအနီးမှာ တရုတ်ဖျက်သင်္ဘောတစင်းက အန္တရာယ်မကင်းတဲ့ စစ်ရေးလေ့ကျင့်မှုပြုခဲ့ကြောင်း အမေရိကန်က ဇွန် ၃ ရက်မှာ စွပ်စွဲပြောဆိုထားပါတယ်။ တရုတ်နဲ့ အမေရိကန်တို့အကြား စစ်ရေးဆိုင်ရာဆွေးနွေးဖို့အတွက် အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ်ကာကွယ်ရေး၀န်ကြီးက ငြင်းဆိုလိုက်တဲ့ အပေါ် အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ပြစ်တင်ဝေဖန်ထားပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM…
Read More