မြောက်ကိုးယားက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်အပြီး အမေရိကန်နဲ့ တောင်ကိုရီးယားလေတပ် ပူးတွဲစစ်ရေးလေ့ကျင့်

ဆိုးလ်၊ ဇူလိုင်-၁၄-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားနဲ့ အမေရိကန်လေတပ်တို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားက ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပြီး နောက်တရက်မှာ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ဘီ-၅၂ ဗုံးကြဲလေယာဉ်အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က တိုက်လေယာဥတွေ ပါ၀င်ခဲ့ပြီး ဇူလိုင် ၁၃ ရက်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လက်ရှိအခြေအနေတွေကို အတူတကွကိုင်တွယ်ပြီး ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားရဲ့ နောက်ထပ်ရန်စမှုတွေ မလုပ်ဆောင်ဖို့ တားဆီးမှုအဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။ Ref: NHK Photo:Getty Images #voiceofmyanmar #VOM #ဆိုးလ်

Read More

အိန္ဒိယက ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစား ဒေါ်လာတသန်းထိ ကြွယ်၀လာ

ဒေလီ၊ ဇူလိုင်-၁၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရဲ့လမ်းတွေပေါ်မှာ တောင်းရမ်းစားသောက်တဲ့ အမျိုးသားတဦးဟာ ချမ်းသာကြွယ်၀မှု ဒေါ်လာ တသန်းရှိပြီး ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစားလို့ အိန္ဒိယသတင်းဌာနတွေက ကင်ပွန်းတပ်ဖော်ပြနေပါတယ်။ အိန္ဒိယနိုင်ငံက အခြေခံလူတန်းစားတွေဟာ တနေ့ကိုလုပ်ခဟာ ရူပီးရာဂဏန်းရဖို့ အချိန်များစွာပေးလှုပ်ရှားရုန်းကန်နေရပေမယ့် ဘဟာရက်ဂျင်ဆိုသူကတော့ စေတနာရှင်တွေဆီကနေ နေ့စဉ်ရူပီး ၂၀၀၀ ကနေ ၂၅၀၀ ကြားရရှိတယ်လို့ ဆိုပါတယ်။ ဘဟာရက်ဂျင်ဟာ Chhatrapati Shivaji Maharaj Terminus သို့မဟုတ် Azad Maidan လိုမျိုး မွမ်ဘိုင်းက ခရီးသွားများပြားတဲ့ ဘူတာရုံတွေမှာ နှစ်ပေါင်းများစွာ တောင်းရမ်းပြီးနောက် အခုလိုကြွယ်၀ချမ်းသာလာတာဖြစ်ပါတယ်။ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ အိန္ဒိယရူပီး ၇ ဒသမ ၅ ကုဋေ သို့မဟုတ် ဒေါ်လာတသန်း၀န်းကျင်ရှိပြီး မွမ်ဘိုင်းဘာ ရူပီး ၁ ဒသမ ၂ ကုဋေတန်ဖိုးရှိ တိုက်ခန်းနဲ့ တလကို ရူပီး…

Read More

ယူကရိန်းစစ်ပွဲမှာ ၀ဂ္ဂနာကြေးစားအဖွဲ့ရဲ့ပါ၀င်မှု သိသိသာသာ လျော့ကျလာကြောင်း အမေရိကန်ပြော

ကိယက်ဗ်၊ ဇူလိုင်-၁၄-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းရှိ ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ၀ဂ္ဂနာကြေးစားအဖွဲ့က သိသိသာသာပါ၀င်ခြင်းမရှိတော့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားသမ္မတပူတင်ရဲ့ အုပ်ချုပ်မှုအာဏာကို စိန်ခေါ်မှုအဖြစ်ရှုမြင်ရတဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ရဲ့ ၂၄ နာရီကြာ ပုန်ကန်မှုပြီးနောက် ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ၀ဂ္ဂနာအဖွဲ့ရဲ့ပါ၀င်မှု လျော့ကျလာတာဖြစ်ပါတယ်။ ၀ဂ္ဂနာအဖွဲ့ဟာ ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ ရုရှားကသိမ်းယူချိန်က ကူညီပေးခဲ့ဖွယ်ရှိပြီး လက်ရှိယူကရိန်းစစ်ပွဲအတွက် ဘက်မွတ်ခ်မြို့ကို သိမ်းပိုက်ရာမှာလည်း ၀ဂ္ဂနာအဖွဲ့က အရေးပါတဲ့အခန်းကဏ္ဍက ပါ၀င်ခဲ့ပါတယ်။ ပုန်ကန်မှုအဆုံးသတ်ပြီးနောက် ၀ဂ္ဂနာတိုက်ခိုက်ရေးသမားတွေအနေနဲ့ ရုရှားစစ်တပ်မှာ တာ၀န်ထမ်းဆောင်တာ သို့မဟုတ် အဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ခိုလှုံမယ့် ဘီလာရုစ်ကိုသွားနိုင်တယ်လို့ ရုရှားဘက်က ဆိုထားပါတယ်။ ဘီလာရုစ်မှာခိုလှုံမယ်ဆိုတဲ့ ၀ဂ္ဂနာအဖွဲ့ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပါတယ်။ ရုရှားသမ္မတပူတင်အနေနဲ့ လက်ရှိတိုက်နေတဲ့ ယူကရိန်းစစ်ပွဲကို အနိုင်ရနိုင်ခြေမရှိကြောင်း နေတိုးအစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုပါတယ်။…

Read More

ပို့ကုန်တင်ပို့သူတွေအတွက် ဗဟိုဘဏ်ရဲ့ပြောင်းလဲကြေညာချက် ကြီးမားတဲ့အကျိုးသက်ရောက်မှုမရှိဘူးလို့ သိရ

ဇူလိုင် ၁၄ – ၂၀၂၃ GG (VOM) ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး ၆၅ % ၃၅ စနစ်ကို ဗဟိုဘဏ်ကပယ်ဖျက်ပြီး ၅၀ % ၅၀ စနစ်ကို သတ်မှတ်လိုက်ပေမယ့် နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တွေအတွက်တော့ ထူးခြားတဲ့အကျိုးသက်ရောက်မှုမရှိနိုင်သေးဘူးလို့ နယ်စပ်ကုန်သည်တွေကပြောပါတယ်။ ဗဟိုဘဏ်က ပို့ကုန်ရငွေဝင်ရောက်မှုရဲ့၆၅% ကို ဗဟိုဘဏ်သတ်မှတ်စျေး ၂၁၀၀ နဲ့ရောင်းချရမယ့်စနစ်အစား ၅၀%ကိုသာရောင်းချဖို့ မနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ပြင်ဆင်သတ်မှတ်ကြောင်း အသိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဖြေလျှော့မှုဟာ ovearsea ပို့ကုန်သမားတွေအတွက်သာ အဆင်ပြေနိုင်ပြီး နယ်စပ်ကုန်သည်တွေအတွက်တော့ ငွေလဲလှယ်ရတဲ့စနစ် လုံးဝမရှိမှသာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ” အရင်က ပို့ကုန်ရဲ့ ၆၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေး နဲ့လဲရမယ်၊၃၅ ရာခိုင်နူန်းကိုလုပ်ငန်းရှင်သုံးခွင့်ရှိတယ်ပေါ့၊အခုက မနေ့ကစပြီး ၅၀ ၅၀ တစ်ဝက်စီသတ်မှတ်လိုက်တယ်။ ၅၀ ကိုပဲ ဗဟိုဘဏ်မှာ လဲရမယ်၊၅၀…

Read More

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း တူးတူး (နဂါးမာန်) သေဆုံး‌ပြီလို့ သိရ

ဇူလိုင် ၁၄ – ၂၀၂၃ SN (VOM) ဖမ်းဆီးခံထားရတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း၊ မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူး (နဂါးမာန်)ဟာ စစ်ကြောရေးမှာ သေဆုံးသွားပြီဖြစ်ပြီး သေဆုံးခဲ့သည်မှာ လွန်ခဲ့တဲ့ သုံးလကတည်းကဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကိုတူးတူးဟာ အခု ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့တာဖြစ်ပေမယ့် ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းမှသာ မိသားစုဝင်တွေကို ရဲစခန်းခေါ်ယူပြီး အတည်ပြုလက်မှတ် ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။ “ရဲစခန်းက ကိုတူးတူးဆုံးတာကို ဇူလိုင် ၁၃ ရက်နေ့ကျမှ သူ့အဖေကိုခေါ်ပြီး အသိပေးတာ။ သေဆုံးကြောင်း သိရှိပါတယ်ပေါ့၊ အတည်ပြု လက်မှတ် ထိုးခိုင်းတယ်။ သူတကယ်တမ်း သေသွားခဲ့တာက ၄ လပိုင်းကတည်းကလို့ ရဲစခန်းက ပြောတယ်။ အဲ့ဒီတုန်းကလည်း သူသေကြောင်း ကောလဟလတွေထွက်လာလို့…

Read More

အမရပူရက မောင်ဒိန်းရွှေဆိုင် သိန်း၁၅၀၀နီးပါး ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရ

ဇူလိုင် ၁၄ – ၂၀၂၃ GG (VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊စာတိုးမြို့ပြင်ကြီးရွာအုပ်စု ၊ စက်ကွေ့ရပ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးမှာ ဖွင့်လှစ်ထားတဲ့ ” မောင်ဒိန်းရွှေဆိုင် ” ဓားပြတိုက်ခံရပြီး သိန်းထောင်ချီတန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ ဇူလိုင် ၁၃ ရက် မနက် ၁၂ နာရီခန့်မှာ အမည်မသိအမျိုးသား ၄ ယောက်ရောက်လာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဆိုင်ထဲကရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” မနက် ၁၁ နာရီ ၅၀ လောက်မှာ ဓားပြတိုက်တာလို့သိရတယ်။သေနတ်တွေ ပါတယ်။မှန်ဘောင်ရိုက်ခွဲပြီး ရွှေတွေယူသွားတယ် ။ လူတွေတော့ ထိခိုက်မိတာမရှိဘူးလို့သိရတယ်။ မက်စ်တွေတပ်ထားတော့ လူကိုသေချာမမြင်ရပေမယ့် လူငယ်ပုံစံလို့ပြောတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွှေဆိုင်ကနေ ဓားပြတိုက်ခံလိုက်ရတဲ့ ပစ္စည်းတွေအနေနဲ့ ကနဦးသိရတာက အလေးချိန်…

Read More

ထိုင်းဝန်ကြီးချုပ်အဖြစ် ပထမအကြိိမ် မဲပေးရွေးချယ်ပွဲမှာ ရေပန်းစားတဲ့ ပီတာလင်ဂျာရိုရတ် ရွေးချယ်မခံရသေး

ဘန်ကောက်၊ ဇူလိုင်-၁၃-၂၀၂၃ မျိုးဆက်(VOM) ထိုင်းရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ဟာ ဒီနေ့ကျင်းပတဲ့ ပါလီမန်မှာ ဝန်ကြီးချုပ်ခန့်အပ်ရေး မဲပေးမှုမှာ ထောက်ခံမဲ အလုံအလောက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ပီတာဟာဝ န်ကြီးချုပ်လောင်းအဖြစ် တဦးတည်းအမည်စာရင်းတင်သွင်းခံရပေမယ့် ရွေးကောက်ခံလွှတ်တော်အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အမတ် ၂၅၀ ရှိတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှု အလုံအလောက်မရရှိခဲ့ပါဘူး။ ပါလီမန်နှစ်ရပ်စလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံမှုကို ရယူနိုင်ခြင်းမရှိဘဲ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၃၇၆ လိုအပ်ပေမယ့် မရရှိခဲ့ဘဲ ကြားနေမဲတွေနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပါလီမန်ဟာ လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်ရွေးချယ်ဖို့ နောက်ထပ်ကျင်းပသွားဖွယ်ရှိပြီး ထပ်မံအမည်စာရင်းတင်သွင်းခံရပါက ပီတာအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှီဦးမှာဖြစ်ပါတယ်။ ပီတာရဲ့ ရှေ့သို့ပါတီအပါအဝင် ရှစ်ပါတီမဟာမိတ်အဖွဲ့ဟာ ဇူလိုင် ၁၉ ရက်ဝန်ကြီးချုပ်ရွေးပွဲမှာ ပီတာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထက်ပြီးအမည်စာရင်းတင်မလား နောက်တဦးကိုတင်မလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ Ref:…

Read More

တရုတ်နယ်စပ် ကူရုံးမြို့ရှိ ငှက်ပျောကွင်းမှာ မြန်မာကားသမား ၅ ဦး ဖမ်းဆီးခံရ

ဇူလိုင် ၁၃၊ ၂၀၂၃ Shy V(VOM) မြန်မာ – တရုတ် နယ်စပ်၊ ကချင်ပြည်နယ် ကံပိုင်တည်နဲ့ ထိစပ်နေတဲ့ တရုတ်ဘက် ဟေးရီးထန် နယ်စပ် အဝင်/အထွက်ဂိတ်ရှိရာ ကူရုံးမြို့ရှိ ငှက်ပျောကွင်းမှာ မနေ့ ဇူလိုင် ၁၂ ရက် ည ၁၀ နာရီခန့်က မြန်မာကားသမား ၅ ဦး ဖမ်းဆီးခံရကြောင်း ကုန်တင်ကားသမားတွေဆီက သိရပါတယ်။ “တခါတည်း လက်ထိပ်ခတ် ခေါ်သွားတာ၊ တရုတ်ရဲတွေက ငှက်ပျောကွင်းထဲအထိ လာပြီး ဆေးစစ်ကာ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားတာ”လို့ မျက်မြင် ကားသမား ၁ ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ကားသမားတွေက ကုမ္ပဏီကား မောင်းတဲ့ ကားသမားတွေ မဟုတ်ဘဲ အုံနာပိုင် ကားမောင်းသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ “စပယ်ယာ တစ်ယောက်ရော ဆိုရင်…

Read More

အမေရိကန်ထိရောက်နိုင်တဲ့ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ ဇူလိုင် -၁၃-၂၀၂၃ မျိုးဆက်(VOM) ဇူလိုင် ၁၂ ရက်က ပစ်ခတ်လိုက်စမ်းသပ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး စမ်းသပ်မှုမှာ စံချိန်များစွာကို ချိုးဖျက်အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီဒုံးကျည်ဟာ လောင်စာခဲနည်းပညာကို အသုံးပြုထားပြီး အသစ်တီထွင်ထားတဲ့ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ ဒုံးကျည်ဟာ အကွာအဝေး၊ အမြင့်နဲ့ ပျံသန်းချိန်တို့ စံချိန်ချိုးခဲ့ပြီး အမြင့်ပေ ၆၆၀၀ ကနေ ၇၅ မိနစ်အတွင်း ကီလိုမီတာ ၁၀၀၀ ခရီးနှင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်ကင်းထောက်လေယာဉ်တွေ လေပိုင်နက်ကိုကျူးကျော်၀င်ရောက်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက သတိပေးပြီးနောက် ဒုံးပျံစမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့တာဖြစ်ကာ ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ လောင်စာခဲသုံးဒုံးပျံတွေဟာ သမားရိုးကျဒုံးကျည်တွေထွက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပြီး အကွာအဝေး ကီလိုမီတာ တသောင်းငါးထောင်ထိ ပစ်ခတ်နိုင်ကာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာန…

Read More

ပုသိမ်ထောင်အတွင်း ဆူပူအောင်လုပ်လို့ဆိုကာ နိုင်/ကျဉ်း ၆၂ ဦး ထောင် ၃ နှစ်စီ ထပ်တိုးချခံရ

ဇူလိုင်၊၁၃-၂၀၂၃ MM(VOM) ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်ထဲမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ထောင်တွင်းဆူပူမှုဖြစ်အောင် ဦးဆောင်ဝင်ခဲ့တယ်လို့ဆိုကာ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ကို မနေ့ ဇူလိုင် ၁၂ ရက်က ထောင်ဒဏ် ၃ နှစ်စီ ထပ်ချလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီထောင်ဒဏ် ၃ နှစ် ထပ်တိုးအမိန့်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ဟာ ပုသိမ် အကျဉ်းထောင်ထဲမှာ ၂၀၂၃ ဇန်နဝါရီ ၆ ရက်က နိုင်ငံရေးအကျဉ်းသားတွေဆီမှာ လက်ကိုင်ဖုန်းတွေ့ရှိလို့ဆိုပြီး အကျဉ်းသား ၈ ယောက်ကို ထောင်အာဏာပိုင်တွေက အပြင်ခေါ်ထုတ်စစ်ဆေးရာကနေ ဆန္ဒပြထုတ်ဖော်တာတွဖြစ်ပေါ်ခဲ့ပြီး သီးသန့်ထိမ်းသိမ်းခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပွာခဲ့ပြီး အခု ၇လ နီးပါးအကြာ မနေ့ ဇူလိုင် ၁၂ ရက်က ဆန္ဒပြတဲ့ ဖြစ်စဉ်ပေါ်ပေါက်အောင် စတင်လုပ်ဆောင်ခဲ့သူတွေဆိုကာ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ကို ထောင်တွင်းတရားရုံးက ပုဒ်မ ၄၂…

Read More
VOM News

FREE
VIEW