သြဂုတ် ၊ ၇ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ တပတ်အတွင်း ဒေသခံ လူ ၁၁ ယောက် အသတ်ခံရတာကြောင့် ကျန်ဒေသခံတွေဟာ ရွာမှာမနေရဲတော့ဘဲ ဘေးလွတ်ရာကို ရှောင်းတိမ်းနေရတယ်လို့ စုန်းချောင်းရွာခံတွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က စုန်းချောင်းရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေရှင်းလင်းခံရတယ် ၊ မနက်အစောကြီး စစ်ကြောင်းဝင်လာတာဆိုတော့ ၊ ရွာကလူတွေ ထွက်ပြေးချိန်မရလိုက်ဘူး ၊ အဲ့ဒီမှာ စစ်ကြောင်းအဖွဲ့က ရှင်းလင်းလိုက်လို့ ရွာက လူ ၁၄ ယောက်သေတယ် ၊ အဲ့ဒီ သေတဲ့ လူတွေနဲ့ ပတ်သက်လို့ ရွာခံ သတင်းပေး (ဒလန်)၊ အတွင်းလူရှိတယ်ဆိုပြီး ရွာသားအချင်းချင်း စစ်ဆေးနေကြတာဖြစ်တယ် ၊ အဲ့ဒီအထဲက ပြီးခဲ့တဲ့ တပတ်အတွင်း ရွာခံလူအချင်းချင်း သတ်ခံရတယ် ၊ အဲ့ဒါကြောင့် ရွာမှာ မနေရဲတော့ဘဲ နီးစပ်သူတွေဆီ ပြောင်းရွေ့ကုန်တယ် “လို့ စုန်းချောင်ရွာခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ဝန်းကျင်က အဲ့ဒီ စုန်းချောင်းရွာဘက်ကို နယ်မြေရှင်းလင်းတာတော့ရှိတယ် ၊ အကြမ်းဖက်နဲ့ပတ်သက်တဲ့ အလောင်း လက်နက်တွေ သိမ်းဆီးရမိတယ် ၊ အဲ့ဒီနောက် ရွာသားတွေ အချင်းချင်း ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်ကြတယ်လို့ နောက်ဆက်တွဲ ကနဦး ကြားရတယ် ၊ အသတ်ခံရသူ ဘယ်လောက်ရှိတယ်ဆိုတာတော့ သေခြာမသိရဘူး “လို့ ပြောပါတယ်။
ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းကျေးရွာခံ တယောက်ကလည်း ” ရွာမှာက တပ်အနွယ် မိသားစုဝင်တွေရှိကြသလို ဝန်ထမ်းမိသားစုတွေလည် ရှိကြတယ် ၊ အခုလိုဖြစ်နေတဲ့အခါ ရွာကို စွန့်ခွာပြီး နီးစပ်ရာကို ထွက်ပြေတိမ်းရှောင်နေကြတယ် ၊ အဲ့ဒီလို နေရပ် စွန့်ခွာတဲ့ အိမ်ထောင်စု လတ်တလော တစ်ရာကျော်မယ်”လို့ ပြောပါတယ်။
အဲ့ဒီ စုန်းချောင်းကျေးရွာဆိုတာ ယင်းမာပင်မြို့နယ်ရဲ့ ချင်းတွင်းမြစ်ဘေးမှာရှိပြီး သစ်ဝါးလုပ်ငန်းတွေရှိသလို ၊ ရေလုပ်ငန်းဖြစ်တဲ့ မော်တော်ပိုင်းတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ယင်းမာပင် #စုန်းချောင်းရွာ #ဒေသခံထွက်ပြေးတိမ်းရှောင်မှု