ဟာဝိုင်အီမှာ အကြီးအကျယ်လောင်နေတဲ့ တောမီးကြောင့် သေဆုံးသူ (၈၀) ကျော်ထိရှိလာ၊ လူ (၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဝါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်မှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့တောမီးကြောင့် သေဆုံးသူ ၈၀ ကျော်ထိ ရှိလာပြီး ၁၀၀၀ ကျော်ပျောက်ဆုံးနေပါတယ်။

ဒါဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ကယ်လီဖိုးနီးယားတောမီးပြီးရင် အဆိုးဆုံးဖြစ်ကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တောမီးဟာ ကာနာပါလီမြို့နဲ့ နီးကပ်လာတာနဲ့အမျှ မာအီကျွန်းမှာ နောက်ထပ် ဘေးလွတ်ရာရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်နေရပါတယ်။ မာအီအနောက်ဘက်ရှိ လဟိုင်းနားမြို့ကို ဝင်ရောက်ခွင့်ကန့်သတ်ထားပေမယ့် ဒေသခံတွေကို ခေတ္တလာရောက်ခွင့်ပြုပြီးနောက် အခုလိုက် ရွှေ့ပြောင်းဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

လဟိုင်းနားနဲ့ကာနာပါလီတည်ရှိတဲ့ မာအီအနောက်ပိုင်းမှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပြတ်တောက်နေပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

မာအီကျွန်းရှိ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ်ကြောင်း အာဏာပိုင်တွေက သတိပေးထားပြီး လဟိုင်းနားမြို့တမြို့မှာပင် အဆောက်အအုံ ၁၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။

Ref: BBC
#voiceofmyanmar#VOM #ဟာဝိုင်အီတောမီး #သေဆုံးသူ ၈၀ #၁၀၀၀ကျော်ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW