ကလေမြို့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်နေလို့ ကလေး – ဂန့်ဂေါ ကားလမ်းပိတ်ထား

သြဂုတ် ၊ ၁၆ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ်အကြား ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် ဂန့်ဂေါ – ကလေးကားလမ်း ပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ဂန့်ဂေါ ၊ ကန် ၊ မွှေ့လယ် ၊ တောင်ခရန်း ၊ မြောက် ခရန်း ၊ ဟံသာဝတီ ၊ တင်သား ၊ မြောက်စီး စတဲ့နယ်ဘက်က လိုင်းကားတွေ ပိတ်ထားတယ် ကြာပြီ ၊ အခုထိလည်း ဆက်ပိတ်ထားတယ် “လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။

ကလေး – ဂန့်ဂေါ ကားလမ်းတွေ ပိတ်ထားတာနဲ့ ပတ်သက်လို့ ကလေးမြို့ခံ ကားသမားတယောက်က ” လမ်းတွေပိတ်ထားတယ် ၊ ဘယ်ကားမှ မသွားရဘူး ၊ ပရဟိတကားရော ဘုန်းကြီးကားပါ ပိတ်ထားတယ် ၊ အရင်နေ့က ဒိုးနွယ်ရွာက ဆရာတော် သုနန္ဒ အပါအဝင် သံဃာ ၃ ပါး စီးလာတဲ့ ဘုန်းကြီးကားကို ဖမ်းဆီးထားတယ် ၊ ဘုန်းကြီးတွေ အခုထိ ပြန်လွတ်မလာသေးဘူး ” လို့ ပြောပါတယ် ။

အဲ့ဒီ ဂန့်ဂေါ – ကလေး ကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်လို့ မိုင်းစထိမှန်တာ ၊ သေနတ်မှန်တာတွေကြောင့် ကားကြီး ကားသေး ၃၀ ကျော် မီးလောင်းပျက်စီးခဲ့ပြီး ကားသမားနဲ့ ခရီးသည် ၂၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး-ဂန့်ဂေါကားလမ်း #တိုက်ပွဲဖြစ် #လမ်းပိတ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW