ပုသိမ်ကြီးမြို့နယ်ထဲက လယ်ယာမြေ အကွက်ရိုက်ရောင်းသူတွေကို စတင်တရားစွဲနေ

မန္တလေး -သြဂုတ်၂၃-၂၀၂၃
Voice Of Myanmar

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက
နန်းဦးလွင်၊ ကန်​ကောက်၊ မဲကင်းကုန်း၊ ကျွဲရေကုန်း၊ ဘူးကုန်း၊ ဂွေ့ကြီးကုန်း၊ သမ္မတောကျေးရွာတွေမှာ လယ်ယာမြေကို အကွက်ရိုက်ရောင်းသူ ၁၀၀ နီးပါးကို ပုသိမ်ကြီးတရားရုံးမှာ စတင်တရားစွဲလိုက်တယ်လို့သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ တယောက်ပြောပြတာက ”
အိမ်ခြံမြေနဲ့ အဆောက်အဦးဆောက်သူတွေမဟုတ်ဘူး မူလက အကွက်ရိုက်ရောင်းသူ ၈၀ ကျော်ကို ထွေအုပ်က တရားလိုလုပ်ပြီး ပုဒ်မ ၄၄၇ နဲ့ တရားစွဲတာပါ တရားစွဲခံရသူ အာမခံနဲ့ တရားရင်ဆိုင်ရမှာပါ” လို့ ဆိုပါတယ်။

ရာဇသတ်ကြီးဥပဒေ ၄၄၇ အရတော့ ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှုကျူးလွန်ရင် ထောင်ဒဏ် ၃လ ဖြစ်စေ ငွေဒဏ် ဖြစ်စေ ၊ နှစ်မျိုးစလုံးလည်း ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက နန်းဦးလွင်နဲ့ ကန်ကောက်စတဲ့ ရွာဝန်းကျင်က လူနေထိုင်ခွင့်မကျသေးတဲနေရာတွေမှာ အဆောက်အဦး ဆောက်လုပ်နေထိုင်သူတွေကို ဖျက်ပေးရမယ်ဆိုပြီး နေအိမ်တွေကို အကြောင်းကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဆောက်အဦးပိုင်ရှင်တွေက မန္တလေးတိုင်းအစိုးရအပါအဝင် နိုင်ငံတော်အဆင့်ထိ အသနားခံစာတင်ခဲ့ပြီးနောက် အဖျက်မခံရဘဲ ဆိုင်းငံ့ကာလအဖြစ်ရှိနေတာပါ။ လက်ရှိ အခြေအနေအရတော့ မြေအကျယ်အဝန်းအလိုက် နိုင်ငံတော်ကို အခွန်ဆောင်ရမယ်ဆိုတဲ့ တရားဝင်မဟုတ်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ခုလို အကွက်ရိုက်ရောင်းသူတွေကို တရားစွဲတာဟာ ကောင်းကွက်ဖြစ်လာနိုင်ပြီး ဒီလူတွေကို ငွေဒဏ်ဆောင်ခိုင်းပြီးရင် လက်ရှိနေထိုင်သူတွေကို မြေအလိုက် အခွန်ဆောင်ခိုင်းပြီး တရားဝင်နေထိုင်ခွင်ပေးလာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။

#voiceofmyanmar #VOM #ပုသိမ်ကြီး #လယ်ယာမြေ

Related posts

Leave a Comment

VOM News

FREE
VIEW