လှုံ့ဆော်မှုကြောင့် အခြေခံ စားသောက်ကုန် ဈေးနူန်းတွေ မြင့်တက်နေရခြင်းလို့ စီး/ကူး အတွင်းဝန်ပြော

ဩဂုတ် ၂၃ – ၂၀၂၃
GG + KT

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်နေတဲ့ အဓိကအချက်က ဝိသမလောဘသားတွေ ရဲ့ လှုံ့ဆော်မှု ကြောင့်ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဉီးမင်းမင်းက ပြောဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဈေးကစားသူတွေ ကို ထိထိရောက်ရောက် အရေးယူဖို့အတွက် ဆောင်ရွက်နေတယ်လို့ မနေ့က ဩဂုတ်လ ၂၃ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကုန်ဈေး နှုန်းကြီးမြင့်တဲ့အခြေခံကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့က ကုန်စည်ထုတ်လုပ်မှုနဲ့ စားသုံးမှုနဲ့ မမျှတတာတွေ ရှိတယ် ။ နောက် သွင်းအားစုတွေ မှာ ဈေးကြီးမြင့်မှုကြောင့် ကုန်ထုတ်လုပ်မှုတွေဈေး ကြီးမြင့်တာတွေ ရှိနိုင်တယ်၊နောက်ဆုံးတချက်ကတော့ ဝိသမလောဘသားတွေက မမှန်မကန် ကောလဟလသတင်းလွှင့်ပြီးတော့ဈေးကစားခြင်းတို့ကြောင့်လည်း ကုန်ဈေးနှုန်းအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်တယ် ” လို့ ၎င်းက ပြောပါတယ် ။

အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုတွေ မဖြစ်စေဖို့အတွက် ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေဖို့နဲ့ ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကိုဖွဲ့စည်းထားကြောင်း ၊တိုင်းဒေသကြီးတွေ မှာလည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီတွေ ဖွဲ့စည်းပြီးတော့ လိုအပ်တဲ့စားရေရိက္ခာတွေ ပြည့်ပြည့်ဝဝ နဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ထိထိရောက်ရောက်နဲ့ ကူညီပံ့ပိုးနိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့်အခြေခံ စားသောက် ကုန်ဈေးနူန်းတွေက ကျဆင်းသွားခြင်းမရှိဘဲ တနေ့ထက်တနေ့ မြင့်တက်လာနေလို့ အခြေခံလူတန်းစားတွေ နဲ့လူလတ်တန်းစားတွေ အားလုံး စားဝန်နေရေးအတွက် ခက်ခက်ခဲခဲရုန်ကန်နေရတယ်လို့သိရပါတယ်။

” ကုန်ဈေးနူန်းကျဆင်းရေးဆိုပြီးကော်မတီသာဖွဲ့ထားတာ ၊ဘယ်မှာကုန်ဈေးနူန်းကျသွားလို့လဲ၊အခုဆို အကုန်လုံးကိုတက်နေတယ်။ကြက်သွန်နီကလည်းတစ်ပိဿကို ၄၀၀၀ ကျော်အထိပြန်တက်လာတယ်၊ပစ္စည်းတစ်ခုစီတိုင်းအကုန်တက်ပါတယ်။ တစ်နေ့စာနပ်မှန်ဖို့ကိုမနည်းရုန်းကန်နေရပါတယ်။ မငတ်ရုံတမယ်ပါပဲ ” လို့ စားသုံးသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ဆန်ဈေးက တစ်ပြည်ကိုအနိမ့်ဆုံး ၃၅၀၀ ကျပ်ရှိပြီး အမြင့်ဆုံး ၇၅၀၀ ဝန်းကျင်အထိရှိကြောင်း သိရပါတယ် ။

ဆန်ဈေးတက်မှုနဲ့ပတ်သက်ပြီး ဦးမင်းမင်းကပြည်တွင်းမှာကြီးမြင့်နေတဲ့ဆန်ဈေးနှုန်းကိုထိန်းကျော င်းနိုင်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ပူးပေါင်းပြီး ဆန် တိုက်ရိုက် ရောင်းချတာတွေ နဲ့ နောက်တစ်ခုက နိုင်ငံတော်အနေနဲ့ အရန်ဆန်စုဆောင်းတဲ့အစီအမံတွေ ကိုလည်း ကျွန်တော်တို့ဆောင်ရွက်နေတယ် ” လို့ထပ်မံပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆန်လက်ကျန်အနေနဲ့ မြေပြင်လက်ကျန်တွက်ချက်မှုအရဆိုရင် တန်ချိန် ၃ ဒသမ ၅သန်းကျော် လောက်ရှိတာကြောင့် လာမယ့်မိုးစပါး ထွက်ရှိမယ့်ကာလအထိဆိုရင် ပြည်တွင်းစားသုံးမှုအတွက် ဆန်လုံလောက်မှုရှိတယ်လို့ဆိုပါတယ်။

#voiceofmyanmar #VOM #အခြေခံစားသောက်ကုန် #ဈေးနူန်း #စီး/ကူး အတွင်းဝန်

Related posts

Leave a Comment

VOM News

FREE
VIEW