မီဇိုရမ်ပြည်နယ်မှာ ဆောက်လုပ်ဆဲတံတားတစင်းပြိုကျမှုကြောင့် လူ ၂၆ ယောက်သေဆုံး

ဒေလီ၊ သြဂုတ်-၂၄-၂၀၂၃
မျိုဆက်(VOM)

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ တည်ဆောက်ဆဲတံတား ပြိုကျမှုကြောင့် လူ ၂၆ ယောက် သေဆုံးပြီး အများအပြားပျောက်ဆုံးနေပါတယ်။

အဲဒီမတော်တဆမှုဟာ မီဇိုရမ်ပြည်နယ် ဆိုင်ရန်မြို့အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တံတားပြိုကျချိန်မှာ အခင်းဖြစ်ပွားရာနေရာမှာ အလုပ်သမား ၄၀ နီးပါးရှိကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရတဲ့အကြောင်း ရှင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး လက်ရှိချိန်ထိ လူသုံးဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူအားလုံးဟာ အနောက်ဘန်ဂေါပြည်နယ်မှဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မတော်တဆမှုအတွင်း ထိခိုက်သေဆုံးသူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တစ်ဦးစီအတွက် ဒေါ်လာ ၂၄၀၀ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မတော်တဆမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကလည်း ဂူဂျာရက်ပြည်နယ်မှာ လူကူးကြိုးတံတားပြိုကျမှုကြောင့် လူ ၁၄၀ ကျော်သေဆုံးခဲ့ပါသေးတယ်။

Ref: BBC

#voiceofmyanmar #VOM #မီဇိုရမ်ပြည်နယ် #ဆောက်လုပ်ဆဲတံတားပြိုကျ #၂၆ ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW