ရန်ကုန်၊ အောက်တိုဘာ ၈ – ၂၀၂၃
GG(VOM)
ခုတပတ်မှာ တော့ ဆန်စျေးက အနည်းငယ်ပြန်ကျလာပြီး စပါးစျေးကွက်ကတော့ ရည်ညွှန်းစျေး သတ်မှတ်ပြီးကတည်းက စျေးပြုတ်ကျနေပါတယ်။ အလားတူ ပြောင်းဆံ စျေးကလည်းဆက်တိုက်ကျဆင်းလာနေပြီး ၊ပဲ နှမ်း စျေးကွက်ကလည် စျေးထပ်ကျလာတာတွေ့ရပါတယ်။
ဆန် ၊ စပါး
ဆန်စျေးနူန်းက ဆက်တိုက်မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလနောက်ဆုံးပတ်လောက်ကစပြီး စျေးအနည်းငယ်ပြန်ကျ လာတယ်လို့ ဆန်ကုန်သည်တွေဆီကသိရပါတယ်။
ရွှေဘိုပေါ်ဆန်း ၂၄ပြည်တအိတ်ကို ကျပ် ၁၀၀၀၀ လောက်ကျသွားပြီး ကျန်တဲ့ ဆန်ကြမ်းက တအိတ်ကို ၁၀၀၀ ကနေ ၅၀၀၀ လောက်ထိပြန်ကျသွားကာ စလင်းဒေသထွက်ဧရာပဒေသာဆန်လည်း ၁၀၀၀၀ လောက်ပြန်ကျသွားပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ကျားပျံရှယ်၊ ဖျာပုံ၊ဒေးဒရဲ၊မြောင်းမြပေါ် ဆန်း၊ပေါ်ဆန်းနယ်စုံ က အရင်ကစျေးအတိုင်း တအိတ်ကို ၁၀၀၀၀၀ ကျပ်နဲ့ ရွှေဘိုပေါ်ဆန်းကလည်း အရင်စျေး ၁၂၅၀၀၀ ကျပ်ရှိပြီး ပြင်ပစျေးကွက်မှာ ၁၅၀၀၀၀ ကျပ် ရှိနေပါတယ်။
စပါးစျေးကွက်ကတော့ ရည်ညွှန်းစျေး မသတ်မှတ်ခင်က စပါးစျေးက ၁၅ သိန်းကျော်ကနေ ၁၆ သိန်းအထိစျေးဖွင့်ဝယ်ယူခဲ့ကြပေမယ့် လက်ရှိမှာတော့ ပေါင် ၅၀ နဲ့ တင်း ၁၀၀ကို ၁၂ သိန်းခွဲကနေ ၁၄ သိန်းအထိ စျေးရှိတော့တယ်လို့သိရပါတယ်။
မတ်ပဲ
မတ်ပဲစျေးကွက်က ခုတပတ်မှာလည်း စျေးထပ်ကျသွားပေမယ့် ပြည်တွင်းမတ်ပဲလက်ကျန်နည်းပြီး မတ်ပဲအသစ်လည်း မပေါ်သေးတာကြောင့် စျေးတန်းက တအားကြီးကျဆင်းမယ့်အခြေအနေမရှိနိုင်ဘူးလို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) တတန်ကို ၂၅၀၄၅၀၀ ဈေးရှိပြီး အရင်တပတ်နဲ့ ယှဉ်ရင် တတန်ကို ၁၃၀၀၀ စျေးပြန်ကျသွားတာဖြစ် ပါ တယ်။
နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ၈၁၆၀၀ ကနေ ၈၁၀၀၀ ကျပ်အထိ စျေးကျသွားပါတယ်။
ပြောင်းအစေ့ထုတ်ပြောင်းစျေးကွက်ကတော့ ထိုင်းနိုင်ငံရဲ့အခွန်ကင်းခွင့်ကာလနဲ့တင်ပို့ခွင့်သက်တမ်းကုန်တဲ့ စက်တင်ဘာလ ပထမပတ်လောက် ကတည်းက ခုထိ စျေး ဆက်တိုက်ကျဆင်းလာနေပါတယ်။
ဩဂုတ်လကုန်တုန်းက ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ တပိဿာကို ၁၂၁၀ အထိရှိခဲ့ပြီး လက်ရှိမှာ ပြောင်းဆံတပိဿာကို ၁၀၆၀ ကနေ ၁၀၈၀ ကျပ်သာရှိတယ်လို့သိရပါတယ်။
မန္တလေးစျေးကွက်မှာလည်း စက်တင်ဘာလပထမပတ်တုန်းက ပြောင်းဆံတပိဿာကို ၁၀၉၃ ကျပ် ရှိပြီး ၄၅ ပိဿာတအိတ်ကိုတော့ ၆၀၀၀၀ မှ ၆၂၀၀၀ ကျပ်အထိရှိခဲ့ပေမယ့်လက်ရှိမှာ ပြောင်းဆံတပိဿာကို ၉၈၁ ကျပ်သာရှိ ပြီး ၄၅ ပိဿာတအိတ်ကိုတော့ အမြင့်ဆုံး ၅၃၀၀၀ ကျပ်သာရှိပါတယ်။
စျေးကွက်ကို ရှမ်းပြည်နယ်နဲ့အညာဒေသဘက်က ပြောင်းအသစ်တွေဝင်ရောက်နေပြီး ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ စျေးဆက်တိုက်ကျဆင်းလာတယ်လို့သိရပါတယ်။
မြေပဲ
မြေပဲစျေးကွက်ကတော့ လက်ရှိမှာ စျေးကွက်ထဲကို မြေပဲအသစ်တွေဝင်ရောက်နေပေမယ့် တရုတ်ဘက်က အဝယ်အေးနေပေမယ့် ပြည်တွင်းစျေးကွက်ကအရောင်းအဝယ်ကောင်းနေတယ်လို့သိရပါတယ်။
ခုတပတ်မှာ မြေပဲလုံးဆန်နီက တပိဿာကို ၆၇၀၀ ကနေ ၇၅၀၀ ကျပ် ၊ S1 ဆီဆံက ၆၁၀၀ ကျပ် ၊ မြေပဲလုံးဆန်ဖြူက ၆၆၀၀ ကျပ် စျေးရှိနေ ပါတယ်။
ကုလားပဲ
ကုလားပဲစျေးကွက်က အရင်တပတ်က အနည်းငယ် စျေးတက်လာပေမယ့် ခုတပတ်မှာ စျေးပြန် ကျသွားပါတယ်။ ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိကဖြစ်ပြီး လက်ကျန်နည်းနေပေမယ့် စက်ပိုင်တွေက အဝယ်အေးနေလို့ စျေးကျတာဖြစ်တယ်လို့ သိရပါတယ်။
ခုတပတ်ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၀၀ မှ ၄၅၈၅ သာရှိပြီး တပိဿာ ကို ၈၀ ကျသွားသလို ကုလားပဲဖြူလုံးကြီးက လည်း ၄၅၃၀ ကနေ ၄၆၃၅ သာရှိလို့ တပိဿာ ကို ၉၀ လောက်ကျသွားပါတယ်။
မန္တလေးဈေးကွက်မှာလည်း ကုလားပဲ(V2)က ၂၆၃၀၀၀ ကျပ်စျေးရှိပြီး အရင်တပတ်ကထက် ၅၀၀၀ကျပ်ပြန်ကျသွားသလို ကုလားပဲ V7 ကလည်း ၂၇၃၀၀၀ ကျပ်စျေးရှိလို့ ၄၀၀၀ ကျပ်ကျသွားပါတယ်။
ပဲစဥျးငုံနီ
ပဲစဥ်းငုံနီစျေးကွက်ကတော့ ရန်ကုန်စျေးကွက် မှာ အတက်အကျမရှိဘဲ အရင်တပတ်က စျေးတန်းအတိုင်း တတန်ကို ငွေကျပ်သိန်း ၄၀၇၅၀၀၀ စျေး ဆက်ရှိနေပါတယ်။
မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ ပိဿာ ၆၀ တအိတ်ကို ၃၈၀၀၀၀ စျေးဖွင့်ထားပါတယ်။
ပဲစဥ်းငုံနီကိုတော့ အိန္ဒိယကိုသာ အဓိကတင်ပို့နေရတာဖြစ်ပြီးလက်ရှိမှာ အဝယ်အေးနေတာကြောင့် စျေးတန်းအေးနေတယ်လို့ သိရပါတယ် ။
ပဲတီစိမ်း
ပဲတီစိမ်းစျေးကွက်ကလည်း ရန်ကုန်ဈေးကွက်မှာ အတက်အကျမရှိဘဲ အရင်တပတ်ကအတိုင်းဆက်ရှိနေပါတယ်။
ပဲတီစိမ်း(ခရမ်းရွှေဝါ)က တပိဿာကို ၃၆၃၀ ကျပ် ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၄၆၅ ကျပ် ၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တပိဿာကို ၂၇၁၅ မှ ၃၂၅၀ ကျပ်စျေးရှိပြီး အရင်တပတ်ကထက် ၈၀ ကျပ်တက်လာ ပါ တယ်။
မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)ကပိဿာ ၅၆.၂၅ တအိတ်ကို ၁၅၅၀၀၀ မှ ၁၇၃၀၀၀ စျေးရှိပြီး စျေးတန်းငြိမ်နေ ပါတယ်။
မန္တလေးစျေးကွက်ကို ပဲတီစိမ်းတွေ ဝင်ရောက်နေပြီး တရုတ်ဘက်က အရည်အသွေးအပေါ်လိုက်ပြီး စျေးပေးဝယ်ယူနေတာကြောင့် စျေးတန်းက တည်ငြိမ်မှုမရှိဘူးလို့သိရပါတယ်။
နှမ်း
စျေးကျနေတဲ့ နှမ်းမျိုးစုံစျေးကွက်ကတော့ ခုတစ်ပတ်မှာ ၄၅ ပိဿာတအိတ်ကို ၃၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ စျေးပြန်တက်လာတာတွေ့ရပါတယ်။
မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၄၅၀၀၀ မှ ၃၆၅၀၀၀ ကျပ်နဲ့ နှမ်းဖြူ ဂျပန်က ၃၅၅၀၀၀ မှ ၃၇၀၀၀၀ ကျပ် ၊နှမ်းနက် စမုံက ၂၈၅၀၀၀ မှ ၃၅၀၀၀၀ ကျပ်စျေးပေါက်နေပါတယ်။
မန္တလေးစျေးကွက်ကိုမိုးနှမ်းအသစ်တွေ ပုံမှန်အတိုင်း ဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်က နှမ်းအဝယ်အေးနေတာကြောင့် နှမ်းစျေးအေးနိုင်တယ်လို့သိရပါတယ်။
နှမ်းနက် စမုံကိုတော့ အရည်အသွေးပေါ်လိုက်ပြီးစျေးပေးဝယ်ယူ မှုရှိတယ်လို့သိရပါတယ်။
Telegram Link: https://t.me/VOMNEWS2023/2838?single