မော်လမြိုင် အ.ထ.က ၉ ကျောင်းမီးလောင်မှုနဲ့ပတ်သက်လို့ အမျိုးသမီး တဦး ဖမ်းဆီးခံရ

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ၊၂၀၂၃ GG (VOM)   မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်က အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှု နဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦး ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်မှုအရသိရပါတယ်။   အဆိုပါ ကျောင်းအတွင်း မီးလောင်မှုမဖြစ်ခင်မှာ စက်ဘီးနဲ့ အမျိုးသမီးတစ်ယောက်က ရောက်လာပြီး ကျောင်းကို မီးစတင်ရှို့တဲ့အကြောင်း cctv မှတ်တမ်းအရ တွေ့ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ် အပြီး အဖမ်းခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။   ” တမြို့လုံးက cctv တွေကို ထိန်းချုပ်စင်တာကနေ အကုန်ပြန်ကြည့်လို့ရနေတာလေ၊ အဲ့တော့ အမှတ် ၉ ကျောင်းလမ်းမှာ ဘာတွေဖြစ်ခဲ့လဲပြန်ကြည့်ရတယ်၊ ရှို့မီးလို့တော့ သိရတာပဲ၊ ဘယ်သူကို ဖမ်းသွားတယ်၊ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရသေးပါဘူး ” လို့ မော်လမြိုင် ဒေသခံတစ်ဦးက ပြောပါတယ် ။   ကျောင်းမီးလောင်မှုနဲ့ပတ်သက်ပြီး…

Read More

ရှမ်းပြည်နယ် မြောက်ပိုင်း နေရာအနှံ့ အပြား တိုက်ပွဲ ဖြစ်ပွား

  အောက်တိုဘာ ၂၇၊ ၂၀၂၃ ShyV(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ အစောပိုင်းကစ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။   “အေတီဂိတ် ပိတ်ထားပြီ။ အေးရှားဝေါလ်ဂိတ် ကြေမွနေပြီ။ လူတွေထိထားတယ်။ ထိခိုက် သေဆုံးမှု ဘယ်နှယောက်ဆိုတာ အသေးစိတ် မသိရသေးဘူး ” လို့ ဒေသခံ တဦးက ပြောပါတယ်။   ချင်းရွှေဟော် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်လည်း ဒီမနက်ကစ နှစ်နိုင်ငံ ကုန်သွယ်မှု ပိတ်ထား လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   “ချင်းရွှေဟော်နားက စခန်း ကျပြီကြားတယ်။ လောက်ကိုင်လည်း အခြေအနေ မကောင်းဘူး။ ရေပူလည်း တိုက်နေတယ် လားရှိုးမှာတော့၆၈ တပ် လာပစ်ခံရတာ ” လို့ ဒေသခံ…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အကြီးစား နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်ခဲ့ကြောင်း ရုရှားစစ်တပ် ထုတ်ပြန်

  မော်စကို၊ အောက်တိုဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားစစ်တပ်ဟာ အကြီးစားနျူကလီးယားတိုက်ခိုက်မှုကို အစမ်းလေ့ကျင့်ခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလေ့ကျင့်မှုမှာ ရန်သူရဲ့ နျူကလီးယားတိုက်ခိုက်မှုတွေကို တုံ့ပြန်တာတွေလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူကပြောပါတယ်။ နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်တာနဲ့ ပတ်သက်ပြီး သမ္မတပူတင်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။ နျူကလီးယားထိပ်ဖူးစမ်းသပ်မှုတွေအားလုံးကို တားမြစ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်ကနေ ရုရှားနှုတ်ထွက်ဖို့ကို ရုရှားပါလီမန်က ထောက်ခံခဲ့ပြီးနောက် အခုလို နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားဆိုင်အရာ အသင့်အနေအထားရှိနေရေးကို ပုံမှန်အတိုင်းလုပ်ဆောင်နေကြပြီး ရုရှားဟာ အောက်တိုဘာလကုန်ပိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ယခုနှစ်လေ့ကျင့်မှုမှာတော့ ရန်သူတွေရဲ့ နျူကလီးယားတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် မဟာဗျူဟာထိုးစစ်အဖွဲ့က အကြီးစားနျူကလီးယားတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ အခြားသောလက်နက်တွေကို လက်တွေ့စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ Ref:BBC…

Read More

အမေရိကန် လူဝစ်စတန်မြို့မှာ ပစ်ခတ်မှုကြောင့် ၂၂ ယောက်သေဆုံး၊ လွတ်မြောက်နေတဲ့ သေနတ်သမားကို အပူတပြင်းရှာဖွေနေ

  ဝါရှင်တန်၊ အောက်တိုဘာ-၂၆ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မိန်းပြည်နယ် အောက်တိုဘာ ၂၅ ရက်ညပိုင်းကဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၂ ယောက်ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုဟာ မိန်းပြည်နယ်ရှိ လူဝစ်စတန်မြိုမှာ ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ လမ်းကြားတခုအတွင်းရှိ လူတွေကို ပစ်ခတ်ပြီးနောက် အနီးအနားရှိ ဘားနဲ့ အခြားနေရာတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ လက်ရှိမှာ သေနတ်သမားလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့ဝင်ရာနဲ့ချီပြီး အပူတပြင်းရှာဖွေနေကြပါတယ်။ မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ သံသယရှိသူရဲ့ ဓါတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဒေသခံတွေအနေနဲ့ နေအိမ်အတွင်းမှာ တံခါးတွေပိတ်ပြီး နေထိုင်ကြဖို့ သတိပေးထားပါတယ်။ သေနတ်သမားဟာ အသက် ၄၀ နှစ်အရွယ် ရောဘတ်ကတ်ဆိုသူဖြစ်ပြီး အန္တရာယ်ရှိသူအဖြစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။…

Read More

ဂါဇာမြောက်ပိုင်းကို အစ္စရေးက တင့်ကားတွေနဲ့ဝင်ပြီး တိုက်ခိုက်

  တဲလ်အဗစ်၊ အောက်တိုဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းကို တင့်ကားတွေနဲ့ဝင်ရောက်ပြီး ဟားမတ်စ်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ နောက်ထပ်တိုက်ပွဲအဆင့်တွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ဂါဇာကို များမကြာခင် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း ဂါဇာမှာ လောင်စာဆီ ပြတ်လပ်မှုကြောင့် ဆေးရုံအချို့ကလွဲပြီး ကျန်တဲ့ အရေးပေါ်ဝန်ဆောင်မှုတွေ ရပ်တန့်လို့နေပါတယ်။ အစ္စရေးဟာ ဂါဇာကိုပို့မယ့် လောင်စာဆီလမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ဟားမတ်စ်တွေဟာ လောင်စာဆီတွေကို သိုလှောင်နေကြတယ်လို့ စွပ်စွဲထားပါတယ်။ ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေမှာလည်း အလားတူလောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး လာမယ့်နာရီပိုင်းအတွင်း လုပ်ငန်းတွေရပ်ဆိုင်းရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဂါဇာဒေသမှာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၆၅၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ရဲ့ ကနဦးတိုက်ခိုက်မှုအတွင်း…

Read More

မကွေးတိုင်းမှာ ဒီရက်ပိုင်းအတွင်း နေအိမ်တရာကျော် မီးရှို့ခံရလို့ မီးဘေးဒုက္ခသည်တွေ အခက်ခဲဖြစ်

  အောက်တိုဘာ ၊ ၂၆ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲ ရေစကြိုနဲ့ ပေါက်မြို့တွေမှာ ဒီရက်ပိုင်းအတွင်း လူနေအိမ် တရာကျော် မီးရှို့ခံရပြီး အဝတ်အထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ရေစကြိုမြို့နယ်မှာ နေတဲ့ နေအိမ် မီးရှို့ခံရသူ တယောက်က ” အခုလ ၁၇ ရက်က ရေလယ်ကျွန်း ဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ငါးရက်ကြားတယ်၊ အဲ့ဒီ အချိန်မှာ ရေလယ်ကျွန်း ဒေသတခုလုံး ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ကူနီရွာမှာ နေအိမ် ခုနှစ်လုံး ၊ ကျွန်းကလေးရွာမှာ နှစ်လုံး ၊ လှေခုတ်ရွာမှာ လေးလုံး ၊ ကျွန်းညိုရွာမှာ သုံးလုံး ၊ နွယ်နီရွာမှာ နှစ်လုံး ၊…

Read More

This Day in History

Voice of Myanamr တောင်ကိုရီးယားသမ္မတ ပတ်ချောင်ဟီနှင့် သက်တော်စောင့်များအပါအဝင် ငါးဦးကို ၎င်း၏မိတ်ဆွေရင်းဖြစ်သူ ထောက်လှမ်းရေးအကြီးအကဲ ကင်ဂျေးကျူက ၁၉၇၉ ခုနှစ် အောက်တိုဘာ ၂၆ တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #October26th #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/3183

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၆ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၅၀ ကျပ် ဝယ်ဈေး – ၃၂၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၇၀ ကျပ် ဝယ်ဈေး – ၂၃၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၆ ကျပ် ဝယ်ဈေး – ၄၃၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More
VOM News

FREE
VIEW