အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ တောင်တက်သမား ၁၁ ယောက်သေဆုံး၊ လူတဒါဇင် ပျောက်ဆုံးနေ

 

ဂျကာတာ၊ ဒီဇင်ဘာ-၄-၂၀၂၃

မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံရှိ မာရာပီမီးတောင် ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၁ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ လူသုံးဦးကို ကယ်တင်နိုင်ခဲ့ပြီး မီးတောင်အသေးစားပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ပျောက်ဆုံးနေသူ ၁၂ ယောက်ကို ရှာဖွယ်ကယ်ဆယ်ရေးတွေ ရပ်ဆိုင်းထားရပါတယ်။

မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အဲဒီဒေသမှာ တောင်တက်သမား ၇၅ ဦးရှိနေခဲ့ပေမယ့် အများစုကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားရှိ လှုပ်ရှားနေတဲ့မီးတောင် ၁၂၇ လုံးမှာ မာရာပီမီးတောင်လည်းပါဝင်နေပြီး င်္ဒီဇင်ဘာ ၃ ရက်ကပေါက်ကွဲမှုကြောင့် မီးခိုးနဲ့မီးတောင်ပြာတွေ ပေ ၉၈၀၀ ထိမှုတ်ထုတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ဒုတိယအမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားပြီး မီးတောင်ဝကနေ သုံးကီလိုမီတာအတွင်း နေထိုင်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW