ဂျပန်မှာ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်လေယာဉ်နဲ့ လိုက်ပါသွားသူတွေရဲ့ အလောင်းတွေ တွေ့ရှိ

 

တိုကျို၊ ဒီဇင်ဘာ-၅-၂၀၂၃

မျိုးဆက်(VOM)

ဂျပန်နိုင်ငံ ယာကူရှီးမားကျွန်းအနီးမှာ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ အပျက်အစီးတွေနဲ့ အတူ ကျန်ရှိနေတဲ့ အလောင်းငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

စီဗွီ-၂၂ အော်စပရေး အမျိုးအစားလေယာဉ်ဟာ လွန်ခဲ့တဲ့သီတင်းပတ်က ပျက်ကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူရှစ်ဦးအနက် နှစ်ဦးကို ဒီဇင်ဘာ ၄ ရက်ကတည်းက ရှာဖွေေတွေ့ရှိခဲ့ကာ သေဆုံးသူတယောက်ရဲ့ အလောင်းကိုတော့ ပျက်ကျပြီး နာရီအနည်းငယ်အတွင်း တွေ့ရှိခဲ့ပါတယ်။

အော်စပရေးအမျိုးအစားလေယာဉ်ဟာ လေယာဉ်ပျက်ကျချိန်မှာ ယာမာဂူရှီစီရင်စုရှိ အမေရိကန်လေတပ်စခန်းကနေ အိုကီနာဝါရှိ ကာဒီနာလေတပ်စခန်းကို လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ဟာ အရေးပေါ်ဆင်းသက်ခြင်းမပြုမီ မီးလောင်ကျွမ်းပြီးနောက် ပျက်ကျခဲ့ကြောင်း မျက်မြင်သက်သေတွေကပြောပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။

အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွေဟာ လေယာဉ်ရဲ့ပင်မကိုယ်ထည်နဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW