ရုရှားသမ္မတ ရွေးကောက်ပွဲ လာမယ့်နှစ် မတ်လမှာ ကျင်းပတော့မယ်

 

မော်စကို၊ ဒီဇင်ဘာ-၈-၂၀၂၃

မျိုးဆက်(VOM)

ရုရှားသမ္မတရွေးကောက်ပွဲကို လာမယ့်နှစ်မတ်လ ၁၇ ရက်မှာကျင်းပသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကို ကြေညာပြီးနောက်မှာ လက်ရှိသမ္မတပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက်သက်တမ်းအတွက် သမ္မတလောင်းအဖြစ် မကြာခင်ကြေညာမယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ရွေးကောက်ပွဲမှာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပခြင်းပြုမပြုကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

သမ္မတပူတင် ရွေးကောက်ပွဲဝင်မဝင် ရှင်းလင်းစွာမသိရသေးပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အချိန်သိရှိပြီးရင် သူ့ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကြေညာသွားမယ်လို့ ပူတင်က ပြောဆိုထားပါတယ်။

သူ့ရဲ့ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၄ ရက်မှာ ကျင်းပဖို့ ပူတင်က စီစဉ်ထားပြီး ပူတင်အစိုးရကို ထောက်ခံတဲ့ အာဏာရ ယူနိုက်တက်ရုရှားပါတီရဲ့အစည်းအဝေးကိုတော့ ဒီဇင်ဘာ ၁၇ ရက် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Ref: NHK

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW