လောင်စာဆီသုံးကားတွေ ဦးစားပေးတင်သွင်းမှုထဲမပါလို့ EV နဲ့ SKD ကားသာ ဈေးကွက်ထဲ ပိုမိုဝင်ရောက်လာနိုင်

  ရန်ကုန်၊ ဒီဇင်ဘာ ၂၉ – ၂၀၂၃ GG (VOM) မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး လက်ရှိချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒကို ပြောင်းလဲတာမရှိဘဲ ဆက်လက်ကျင့်သုံးနေတာကြောင့် ၂၀၂၄ ခုနှစ်မှာ လောင်စာဆီသုံး ( ICE) ကားအစင်းလိုက်တင်သွင်းခွင့် ဦးစားပေးထဲမပါတဲ့အတွက် EV လျှပ်စစ်ကားနဲ့ SKD ကားတွေသာ အသစ်ရောင်းကုန်ဖြစ်လာနိုင်တယ်လို့ ကားလောက အသိုင်းအဝန်းက သုံးသပ်ပါတယ်။ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားက တရားဝင်ရောင်းဈေးနူန်းတွေထက် ရာနှုန်း အလိုက်မြင့်မားလာဖွယ်ရှိသလို EV လျှပ်စစ်ကားဈေးနူန်းတွေလည်း လက်ရှိနူန်းထားထက် ပိုပြီမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ “လောင်စာဆီသုံးကား( ICE car )အစင်းလုံးလိုက်တင်သွင်းခွင့် ၂၀၂၄-ခုနှစ်အတွက် ရရှိနိုင်ရန် အခွင့်အလမ်းအင်မတန် နည်းပါးပြီး မရှိသလောက် ဖြစ်လာနိုင်ပါတယ်။လက်ကျန်လုပ်ကိုင်နေတဲ့ CKD+SKD ရရှိထားတဲ့ တစ်ခုတည်းသော ဂျပန်အခြေပြုထုတ်လုပ်နေတဲ့ company ကြီးတစ်ခုက လက်ကျန် SKD ကား…

Read More

ယူကရိန်း အဓိကမြို့ကြီးတွေကို ရုရှားက လေကြောင်းအကြီးအကျယ် တိုက်ခိုက်ပြန်

  ကိယက်ဗ်၊ ဒီဇင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းနိုင်ငံတဝန်းရှိ မြို့အများအပြားကို ဒီဇင်ဘာ ၂၈ ရက်ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ သောကြာနေ့နံနက်အစောပိုင်းထိ ကိယက်ဗ်၊ အိုဒီဆာ၊ ဒီနီပရိုပက်ထရော့၊ ခါကိဗ်နဲ့ လာဗစ်မြို့တွေကို မောင်းသူမဲ့လေယာဉ်တွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင်း ယူကရိန်းနိုင်ငံတဝန်းမှာ လေကြောင်းသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသရှိ ဖီအိုဒိုဆီယာဆိပ်ကမ်းမှာ ရုရှားစစ်သင်္ဘောတစင်းကို ယူကရိန်းက တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ယူကရိန်းမြို့ကြီးတွေကို ရုရှားက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူကတော့ ရုရှားဟာ ဟန့်တားဖို့အလွန်ခက်တဲ့ X-22 အမျိုးအစား သံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံတဝန်းရှိ မြို့ကြီးတွေမှာ ကျယ်ကျယ်ပြန့်ပြန် ထိခိုက်ခဲ့ပါတယ်။ မြို့တော်ကိယက်ဗ်မှာတော့ လူခုနှစ်ယောက် ဒဏ်ရာရပြီး သုံးယောက်ကတော့ အပျက်အစီးတွေအောက်မှာ သေဆုံးခဲ့ကာ လေကြောင်းတိုက်ခိုက်မှု…

Read More

ရိုဟင်ဂျာဒုက္ခသည် စက်လှေတစင်းကို အင်ဒိုနီးရှားရေတပ်က ပင်လယ်ထဲ ပြန်မောင်းထုတ်

  ဂျကာတာ၊ ဒီဇင်ဘာ-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာရှိတဲ့ ရေတပ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့ စင်လှေတစင်းကို ပင်လယ်ထဲပြန်မောင်းထုတ်ခဲ့တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒုက္ခသည်တွေတင်ဆောင်လာတဲ့ ဒုက္ခသည်လှေကို ဆူမားတြားကမ်လွန် Weh ကျွန်းအနီးရေပြင်မှာ တွေ့ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှာဒ ရေပိုင်နက်ပြင်ပရောက်တဲ့ထိ စစ်သင်္ဘောက စောင့်ကြည့်မောင်းထုတ်ခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ နူဂရာဟာဂုူမီလာက ပြောပါတယ်။ စက်လှေပေါ်မှာ ဒုက္ခသည်ဘယ်လောက်ပါတယ်ဆိုတာ အကဲဖြတ်မကြည့်ခဲ့ဘူးလို့ဆိုပါတယ်။ ဒုက္ခသည်စက်လှေကို မောင်းထုတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရတော့ မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အဆိုအရ နိုဝင်ဘာလနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ၁၅၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီး ဒီလိုရောက်ရှိလာတဲ့အပေါ် ဒေသခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေလည်း တိုးပွားလာနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း အာချေးပြည်နယ်ရှိ ဒုက္ခသည်တွေခှိုလှုံနေတဲ့နေရာကို အင်ဒိုနီးရှားကျောင်းသားတွေ သွားရောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ မွတ်ဆလင်အများစုနေထိုင်ရာ…

Read More

ဂျပန်နိုင်ငံတဝန်းမှာ အိုမီခရွန်မျိုးကွဲ JN.1 ဗိုင်းရပ်စ်သစ် ကူးစက်မှုနှုန်း မြင့်တက်နေ

  တိုကျို၊ ဒီဇင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို ပိုမိုခံနိုင်ရည်ရှိတယ်လို့ ယူဆရတဲ့ ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲ JN.1 ဗိုင်းရပ်စ်သစ်ဟာ ဂျပန်နိုင်ငံတဝန်းမှာ ပိုမိုပြန့်နှံ့လာကြောင်း ဂျပန်သုတေသီတွေက ပြောပါတယ်။ JN.1 ဗိုင်းရပ်စ်မျိုးကွဲဟာ ယခုသီတင်းပတ်အတွင်းမှာ တွေ့ရှိခဲ့တဲ့ ရောဂါကူးစက်မှုတွေအားလုံးရဲ့ ၃၁ ရာခိုင်နှုန်းရှိနေပြီး ယခင်ကထက် ၃၁ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အိုမီခရွန်မျိုးကွဲတခုဖြစ်တဲ့ JN.1 ဟာ မကြာသေးမီက ကမ္ဘာ့တဝန်း ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီဗိုင်းရပ်စ်မျိုးကွဲဟာ သတိထား စောင့်ကြည့်ရမယ့် ဗိုင်းရပ်စ်တခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ခုခံအားစနစ်ကို ရှောင်လွှဲနိုင်တဲ့ စွမ်းရည် အခြားဗိုင်းရပ်စ်တွေထက် မြင့်မားပေမယ့် ပြင်းထန်ရောဂါလက္ခဏာပြတာမျိုး နည်းပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အမေရိကန်မှာတော့ ဒီဇင်ဘာ ၂၃ ရက်ထိ နှစ်ပတ်အတွင်း ကူးစက်မှုသစ်တွေရဲ့…

Read More

နမ္မတူ – သီပေါ ကြားက မိုးတေ ချောင်းတံတား မိုင်းခွဲခံရ

  ဒီဇင်ဘာ ၂၉၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ နမ္မတူ – သီပေါ ကြားက မိုးတေ ချောင်းတံတား ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိာင်းကမိုင်းခွဲခံရ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ္မတူ နဲ့ သီပေါ ကြားက မိုးတေချောင်းတံတား မိုင်းခွဲ ခံရတယ် မနေ့ညနေပိုင်းက။ ပေးမဖြတ်ဘူး။ ကားတွေလည်း ဖြတ်လို့ မရ‌လောက်ဘူး။ ပြိုကျနိုင်တယ်။” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။ ယမနနေ့ နေ့ခင်းပိုင်းကစ ညနေပိုင်းအထိ ပစ်ခတ်သံကြားနေရပြီး လေယာဉ်သံတွေလည်း ကြားရတယ်လို့ သူကပြောပါတယ်။ “လက်နက်ကိုင် အဖွဲ့ အစည်းတွေက လုပ်တယ် ပြောတယ်။ အတိအကျတော့ မသိဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ မိုးတေ…

Read More

ဝန်းသိုမြို့နယ်မှာ ကားနဲ့ ဆိုင်ကယ်တွေကို ပစ်ခတ်ဖမ်းဆီးခံရလို့ လူ ၁၄ ယောက် သေဆုံး

  ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝင်းကြီးကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ကားနဲ့ ဆိုင်ကယ်တွေကို နစက တပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုက ဝင်းကြီးရွာနားမှာ ဖြစ်တာပါ ၊ နစက လုံခြုံရေး အဖွဲ့တွေက ကင်းပုန်ချပြီး ပစ်ခတ်ဖမ်းဆီးတာ ဖြစ်တယ် ၊ ကား တစီးနဲ့ ဆိုင်ကယ် ငါးစီးကို ပစ်ခတ်ဖမ်းဆီးတာ ၁၄ ယောက် သေဆုံးသွားတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ ဒီမနက်အထိ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၉ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၈၀ ကျပ် ဝယ်ဈေး – ၃၄၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၅ ကျပ် ဝယ်ဈေး – ၂၅၆၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၈ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၁ ကျပ် ဝယ်ဈေး – ၄၇၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

လာမယ့်နှစ်အစောပိုင်းမှာ မြောက်ကိုရီးယားက ရန်စမှုတွေလုပ်နိုင်ခြေမြင့်မားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး သတိပေး

  ဆိုးလ်၊ ဒီဇင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ စစ်ရေးရန်စမှုတွေ လုပ်ဆောင်နိုင်ခြေမြင့်မားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက သတိပေးပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ လာမယ့်နှစ်အစောပိုင်းမှာ တောင်ကိုရီးယားကို တုန်လှုပ်ခြောက်ခြားသွားစေမယ့် အစီအမံတွေ ပြင်ဆင်ထားဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီအမိန့်ကို ကင်ဂျုံအန်က ဘယ်အချိန်က ပေးခဲ့တယ်ဆိုတာ အသေးစိတ် ပြောဆိုမထားပါဘူး။ တောင်ကိုရီးယားထောက်လှမ်းရေးအဖွ့ဲရဲ့ အကဲဖြတ်ချက်အရ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေဟာ ဧပြီလမှာ ကျင်းပမယ့် တောင်ကိုရီးယားအထွေထွေရွေးကောက်ပွဲနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမတိုင်ခင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် တောင်ကိုရီးယားရွေးကောက်ပွဲမတိုင်ခင် လအနည်းငယ်အလိုကလည်း မြောက်ကိုရီးယားဟာ စတုတ္ထမြောက် နျုကလီးယားစမ်းသပ်မှုနဲ့ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှုတွေ အပါအဝင် ရန်စတဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ထောက်ပြထားပါတယ်။…

Read More

This Day in History

Voice of Myanmar ကမ္ဘောဒီယားနိုင်ငံကို ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်ထိ ထိန်းချုပ်ခဲ့သော အစွန်းရောက်ကွန်မြူနစ် လှုပ်ရှားမှုဖြစ်သည့် ခမာနီခေါင်းဆောင်များသည် ၎င်းတို့အုပ်ချုပ်စဉ် ကာလအတွင်း လူ ၁ ဒသမ ၅ သန်းဝန်းကျင် သတ်ဖြတ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် လူသိရှင်ကြား တောင်းပန်လိုက်သည်။

Read More
VOM News

FREE
VIEW