စစ်တွေလေဆိပ်မှာ ပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရသူတွေရှိ

 

ဇန်နဝါရီ ၊ ၁၆ ၊ ၂၀၂၄

SP (VOM)

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ စစ်တွေလေဆိပ်မှာ မနေ့ ဇန်နဝါရီ ၁၅ ရက်ည ၈ နာရီဝန်းကျင်က လေဆိပ်အတွင်း ပေါက်ကွဲမှုတရပ်ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ညက ၈ နာရီလောက်မှာ လေယာဥ်တစီး ကွင်းဆင်းတယ် ၊ အဲ့ဒီအချိန် ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပြီးနောက် လေယာဥ်လည်း ပျံတက်သွားတယ် ၊ ထိခိုက်ဒဏ်ရာရသူတွေရှိတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညက လေဆိပ်ထဲမှာ ပေါက်ကွဲမှုဖြစ်စဥ် ဖြစ်တယ် ၊ ဒရုန်းဗုံးတလုံးကျပြီးပေါက်ကွဲတယ် ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တယောက် ထိခိုက်တာတော့ ရှိတယ် ၊ တခြား ပျက်စီးမှုတော့ မရှိဘူး ” လို့ ပြောပါတယ်။

စစ်တွေလေဆိပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်တပ်လေယာဉ်ကွင်းအဖြစ် အသုံးပြုခဲ့ပြီး ၁၉၄၇ မှာ အပြည်ပြည်ဆိုင်ရာ လေကြောင်း ကုမ္ပဏီ လီမိတက်၊ လေကြောင်း ဌာနသို့ လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ၁၉၆၀ မှာ လေယာဉ်ပြေးလမ်းကို အရှည် ၆၀၀၀ နဲ့ အကျယ် ၁၄၀ ပေအထိ တိုးချဲ့ခဲ့ပြီး လေဆိပ်အဆောက်အဦးကို အကျယ် ပေ ၁၂၀ ကနေ အကျယ် ၂၂၀ အထိ တိုးချဲ့ခဲ့တယ်လို့ သိရပြီး ၂၀၀၂ မတ်လ ၂၂ ရက်နေ့မှာ လေဆိပ် စတင်ဖွင့်ခဲ့တယ်လို့ သိရပါတယ် ။

ဒါ့အပြင် အက်ဖ်-၂၈ လေယာဉ်တွေ ဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းကို ၄ လက်မထု ကွန်ကရစ် လေခြင်း၊ လေယာဉ်သွားရာလမ်း ၅၂၅ x ၇၅ ပေ ကို ၂၀၀၉ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ ညအခါ လေယာဉ်အဆင်းအတက် ပြုလုပ်နိုင်ရန်အတွက် ညအချိန် လေကြောင်းအချက်ပြစနစ်တွေကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဂင်ဘာ ၂၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ကလေးလေဆိပ်မှာ ဒရုန်းတလုံးကျရောက်ပေါက်ကွဲတာကြောင့် လေယာဥ်ခရီးစဥ်တွေ ယာယီ ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် ပြီးခဲ့တဲ့ နှစ်စပိုင်းတုန်းက ကယားပြည်နယ် လွိုင်ကော် လေဆိပ်မှာ ဆင်းလာတဲ့ ခရီးသည်တင် လေယာဥ်တစီး သေနတ်နဲ့ချောင်းမြှောင်း ပစ်ခံရလို့ လေယာဥ်ခရီးသည် နှစ်ယောက် ကျည်ဆံထိမှန် ဒဏ်ရာရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW