အမေရိကန် အီလီနွိုက်ပြည်နယ်မှာ ပစ်ခတ်မှုကြောင့် မိသားစုဝင်ခုနှစ်ယောက် သေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် မိသားစုဝင် ခုနှစ်ယောက်သေဆုံးခဲ့ပြီးနောက် သံသယရှိသူကို အပူတပြင်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။ ချီကာဂိုအနီး ဂျိုလီယက်မြို့ရှိ အိမ်နှစ်အိမ်မှာ လူခုနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့တွေ့ရှိခဲ့ပြီး သေဆုံးသူတွေဟာ တူညီတဲ့ မိသားစုကဖြစ်တယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ အသက် ၂၃ နှစ်အရွယ် ရိုမီယိုနန်ဆိုသူကို ရှာဖွေနေပြီး သူဟာ လက်နက်ကိုင်ဆောင်ထားတာကြောင့် အန္တရာယ်များသူအဖြစ် ဒေသခံများကို ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ သူဟာ အနီရောင် တိုယိုတာကားကို မောင်းနှင်လာတယ်လို့ ယုံကြည်ရပြီး ချီကာဂိုမြို့ အနောက်တောင်ဘက် မိုင် ၄၀ အကွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေပေးဖို့ ဒေသခံတွေကို ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ အခင်းဖြစ်ပွားရာ နေရာက…

Read More

မိုဘိုင်းငွေပေးချေမှုမှ ငွေကြေးလိမ်လည်မှုတွေကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ စီမံ/ဘဏ္ဍာဝန်ကြီး ပြော

ဇန်နဝါရီ ၂၃ – ၂၀၂၄ KT + SN (VOM) မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းတွေကနေ ငွေကြေးလိမ်လည်မှု မှုခင်းတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ Anti- Scam Center (လိမ်လည်မှုတိုက်ဖျက်ရေး(စင်တာ) တွေ ဖွင့်လှစ်နိုင်မှု မရှိသေးတဲ့အတွက် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်ရှိ ဟေလ်တန်ဟိုတယ်မှာ ပြုလုပ်တဲ့ “မိုဘိုင်းပေးချေမှု လမ်းကြောင်းများမှတဆင့် ငွေကြေးလိမ်လည်မှု တားဆီးရေး” အသိပညာပေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆိုက်ဘာမှုခင်းတွေနဲ့ ပတ်သက်လို့ လက်ရှိမှာ ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂ဝဝ၄) နဲ့ ဆက်သွယ်ရေးဥပဒေ (၂၀၁၃) တို့နဲ့သာ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ “မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းတွေက…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မန္တလေးမှာ သိန်း ၅၀၀ နဲ့ ကလေးပြန်ပေးဆွဲလာတဲ့ လူသုံးယောက်ကို အရပ်က ဝိုင်းဖမ်း

  ဇန်နဝါရီ ၊ ၂၃ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ အမရပူရမြို့နယ်က ဆောက်လုပ်ဆဲ ကျောက်စိမ်း ဥယျာဥ်တိုက်တန်းမှာ မနေ့ ဇန်နဝါရီ ၂၂ ရက်က ကလေးတယောက်ကို ပြန်ပေးဆွဲဖို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြန်ပေးသမားသုံးယောက်ကို အရပ်က ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ပြန်ပေးဆွဲခံရတဲ့ ကလေးမိဘတွေက အကြောင်းကြားလို့ ဆောက်လုပ်ရေးလုပ်သားတွေက ပြန်ပေးဆွဲသမား ၊ အမျိုးသားတယောက်နဲ့ အမျိုးသမီး နှစ်ယောက် ပေါင်း သုံးယောက်ကို ဝိုင်းဖမ်းပြီး မြစ်ငယ်ရဲစခန်းကို ပို့ပေးလိုက်တယ် ” လို့ ပြောပါတယ်။ ဒါ့အပြင် မြစ်ငယ်ရဲစခန်းနဲ့ နီးစပ်သူ တယောက်က ” ပြန်ပေးဆွဲခံရတဲ့ ကလေးက လေးနှစ်အရွယ် ကလေးဖြစ်တယ် ၊ အဲ့ဒီကလေးက…

Read More

ယီမင်ရှိ ဟူသီသူပုန်တွေကို အမေရိကန်နဲ့ဗြိတိန် ပူးတွဲလေကြောင်းတိုက်ခိုက်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့က ပူးတွဲလေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာတော့ ဟူသီတို့ရဲ့ မြေအောက်စခန်းတခု ၊ ဒုံးကျည်ပစ်လွှတ်ရာနေရာနဲ့ ရေဒါစခန်းအပါအဝင် ပစ်မှတ်ရှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ အရေးပါတဲ့ ပင်လယ်နီဒေသမှာ အစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေအပြင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို တိုက်ခိုက်လျှက်ရှိပါတယ်။ ဒီဒေသမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ကို ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်တို့ကပြောပါတယ်။ အမေရိကန်ဟာ ဟူသီတို့ကို ရှစ်ကြိမ်မြောက် တိုက်ခိုက်ခဲ့ပြီး ယခုတိုက်ခိုက်မှုဟာ ဗြိတိန်နဲ့ ဒုတိယမြောက် ပူးတွဲစစ်ဆင်ရေးဖြစ်ပါတယ်။ တိုက်ခိုက်မှုကို သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ နယ်သာလန်တို့ရဲ့ အထောက်အကူနဲ့အတူ လုပ်ဆောင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟူသီတို့ဟာ ဂါဇာရှိ ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့…

Read More

This Day in History

Voice of Myanmar ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မက်ဒယ်လင်အောဘရိုက်သည် သမ္မတ ဘီလ်ကလင်တန်လက်ထက် ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ခံခဲ့ရပြီး အစိုးရအဖွဲ့၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပထမဆုံး အမျိုးသမီးဖြစ်လာသည်။

Read More

ဆီမီးခုံ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက် လမ်းမှာ ပစ်သတ်ခံရ

  ဇန္နဝါရီ ၊ ၂၃ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂၂ ရက် ၊ညနေပိုင်းက မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ၊ လာမယ့် မတ်လ ၂၇ ရက်မှာ ကျရောက်မယ့် ၊ တပ်မတော်နေ့ အခမ်းနားမှာ စစ်ရေးပြ ပါဝင်ဖို့…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မမချစ် ငန်းဆေးနှင့် ဆရာမြိုင့် ဆေးရည်

    ဆူးငှက်     မျက်လုံးအိမ်အတွင်း ပူနေသလို ခံစားနေသည်။ မျက်ရည်တွေကလည်း အလိုလို စီးကျလာသည်။ လက်ဖဝါးလေးတွေက စပ်ရှိန်းရှိန်း။ တစ်ကိုယ်လုံးလည်း ညောင်းညာနေသလို ခံစားရသည်။ အမေက ထမင်းအိုး တည်နေရာမှ “ဟိုကောင်လေး မထသေးဘူးလား။ နေမြင့်လှပြီ၊ ကျောင်းသွားရင် ကတိုက်ကရိုက် ဖြစ်ရော့မယ်။ နှိုးလိုက်ဦးတော့်” ဟု အဖေ့ကို လှမ်းပြောလိုက်သည်။ အဖေက ခြင်ထောင်အား လှပ်၍ လက်တစ်ဖက်ဖြင့် လက်မောင်းကို ဆုပ်ကိုင်ကာ လှုပ်ရမ်းလိုက်သည်။ အဖေ့လက်က အေးစက်သွား၏။ ကြက်သီးများပင် ဖြန်းကနဲ ထကာ စိမ့်ခနဲ တုန်ခိုက်သွားသည်။ “ဟ ကိုယ်တွေလည်း ပူလို့ပါလား။ ဒီကောင်တော့ ဖျားပြီထင်တယ်” ဟုပြောကာ ဆွဲထူးပွေ့လိုက်ပြီး ခြေတွေလက်တွေ နဖူးတွေ စမ်းကြည့်သည်။   “ဖျားရောပေါ့၊ မနေ့ညနေက မျောက်ရှုံးအောင် ဆော့၊ ပြန်လာတော့ ချွေးမတိတ်သေးဘဲ…

Read More
VOM News

FREE
VIEW