ကင်ညာမှာ ဓါတ်ငွေ့တင်ကား ပေါက်ကွဲမှုကြောင့် လူ ၃၀၀ နီးပါး ဒဏ်ရာရ

နိုင်ရိုဘီ၊ ဖေဖော်ဝါရီ-၂-၂၀၂၄
မျိုးဆက်(VOM)

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီမှာ ဖြစ်ပွားခဲ့တဲ့ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူသုံးယောက်ထက်မနည်း သေဆုံးပြီး ၃၀၀ နီးပါဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။

ပေါက်ကွဲမှုဟာ အမ်ဘာစကီခရိုင်မှာ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဓါတ်ငွေ့တင်ကား တစီးပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကြက်ခြေနီအဖွဲ့ဟာ ဒဏ်ရာရသူ ၂၇၁ ယောက်ကို ဆေးရုံပို့ပေးထားပြီး အခြား ၂၇ ယောက်ကိုသီးခြားကုသမှုပေးနေပါတယ်။ ဒါဏ်ရာရသူတွေထဲမှာ ကလေးငယ် ၂၅ ယောက်ပါတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် နေအိမ်တွေ၊ လုပ်ငန်းတွေနဲ့ ကားတွေ ပျက်စီးခဲ့ပြီး လက်ရှိမှာတော့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သူကဆိုပါတယ်။မီးလောင်ပေါက်ကွဲမှုဟာ အနီးနားရှိ တိုက်ခန်းတွေကိုလည်း ကူးစက်ခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုအပြီး ချက်ချင်းဆိုသလို တုန်လှုပ်သွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ နောက်ထပ်ပေါက်ကွဲမှာကို စိုးရိမ်မှုတွေကြောင့် လူများအပြေးအလွှား တိမ်းရှောင်ခဲ့ရကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW