မလေးရှား လဝက ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂-၂၀၂၄
မျိုးဆက်(VOM)

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတခုမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နှောင်းပိုင်းက အဓိကရုဏ်းတခုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာဒုက္ခသည် ထွက်ပြေးလွတ်မြောက်သွားပြီး အဝေးပြေးလမ်းပေါ်မှာ ကားတိုက်မိပြီး တယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံအနောက်ပိုင်း ပီရက်ခ်ပြည်နယ် ဘိုင်ဒေါလူဝင်မှုကြီးကြပ်ရေးမှ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ မနေ့ကညမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဒီနေ့ပြောပါတယ်။

လွတ်မြောက်သွားသူတွေကို ရှာဖွေရေးတွေဆက်လက်လုပ်ဖို့ အေဂျင်စီအသီးသီးက ၂၇၅ ယောက်ကို ဖြန့်ကြက်ထားပါတယ်။ လွတ်မြောက်သွားသူတွေဟာ ရိုဟင်ဂျာ ၁၁၅ ယောက်နဲ့ အခြားသော မြန်မာနိုင်ငံသား ၁၆ ယောက်တို့ဖြစ်တယ်လို့ သူက အတည်ပြုပြောဆိုပါတယ်။

ဒါဟာ မကြာသေးမီနှစ်တွေအတွင်း မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးမှု ဒုတိယအကြိမ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း ရိုဟင်ဂျာဒုက္ခသည် ၅၈၂ ယောက်ဟာ ကီဒါ့ချ်ပြည်နယ်မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးစခန်းကနေ ထွက်ပြေးခဲ့ပြီး ခြောက်ယောက်ဟာ အဝေးပြေးလမ်းပေါ်မှာ ကားတိုက်ပြီး သေဆုံးခဲ့ဖူးပါတယ်။

Ref:CNA
Photo:AFP

Related posts

✕
VOM News

FREE
VIEW