ကွမ်ကျိုးမှာ တံတားကို ကုန်တင်သင်္ဘောဝင်တိုက်မိလို့ ကားငါးစီး မြစ်ထဲကျ၊နှစ်ယောက်သေပြီး သုံးယောက် ပျောက်နေ

 

ပေကျင်း၊ ဖေဖော်ဝါရီ-၂၂-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာ တံတားတစင်းကို ကုန်တင်သင်္ဘောက ဝင်တိုက်ပြီး ကျိုးကျသွားတာကြောင့် ဘတ်စ်ကားတွေအပါအဝင် ကားငါးစီး မြစ်ထဲကို ထိုးကျသွားခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုကြောင့် လူနှစ်ယောက်သေဆုံးပြီး တယောက် ဒဏ်ရာရကာ သုံးယောက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရုတ်နိုင်ပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သင်္ဘောကပ္ပတိန်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး တံတားပျက်စီးမှုကြောင့် အနီးတဝိုက်ရှိ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။

ဒီတံတားကို အဆင့်မြှင့်တင်ဖို့ စီစဉ်ထားပေမယ့် သုံးကြိမ်တိုင်း ရွှေ့ဆိုင်းခဲ့ကြောင်း စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ တံတားရဲ့ ဘေးကင်းလုံခြုံမှုအတွက် တိုက်မိတာတွေက ရှောင်ရှားအတွက် အဆင့်မြှင့်တင်ဖို့ လိုအပ်ကြောင်း ပြည်နယ်အာဏာပိုင်တွေက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ တင်ပြခဲ့ပါတယ်။

အဆင့်မြှင့်တင်မှုတွေကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်ဖို့ ကနဦးစီစဉ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ် သြဂုတ်လထိ ရွှေ့ဆိုင်းခဲ့ကာ လက်ရှိမှာတော့ ယခုနှစ်သြဂုတ်လထိ ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း သိရပါတယ်။

Ref:BBC

Photo:CCTV

 

Related posts

Leave a Comment

VOM News

FREE
VIEW