ယီမင်ရှိ ဟူသီပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန် လေးကြိမ်မြောက် လေကြောင်းတိုက်ခိုက်

 

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၅-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နဲ့ ဗြိတိန်လေတပ်ဟာ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ရဲ့ ပစ်မှတ် ၁၈ နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒါဟာ ဟူသီတို့အပေါ် လေးကြိမ်မြောက် ပူးတွဲလေကြောင်း တိုက်ခိုက်တာဖြစ်ပါတယ်။

မဟာမိတ် တိုက်လေယာဉ်တွေဟာ ဟူသီတို့ရဲ့ စွမ်းဆောင်ရည် ကျဆင်းအောင်လို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဗြိတိန်စစ်တပ်က ပြောပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေဟာ ပင်လယ်နီမှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ်။

မြို့တော်ဆာနားအပါအဝင် ယီမင်ရဲ့ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေဟာ အစ္စရေးအပြင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။

ယီမင်ရှိ ဟူသီပစ်မှတ်ရှစ်နေရာက ပစ်မှတ် ၁၈ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဟူသီတို့ရဲ့ မြေအောက်လက်နက် သိုလှောင်ရုံ၊ အလိုအလျောက်ပစ်ခတ်မှုစနစ်၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ ရေဒါပစ်မှတ်တွေကို ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေဟာလည်း ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် အနှောက်အယှက်နဲ့ စရိတ်စက ကြီးမြင့်မှုတွေ ကြုံတွေ့နေရပြီး သင်္ဘောကုမ္ပဏီကြီးအချို့ဟာ လမ်းကြောင်း ပြောင်းလဲပြေးဆွဲတာတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW