ဖေဖော်ဝါရီ-၈-၂၀၂၄ SN (VOM) “ဒီဆေးတွေမရဘူး ပစ္စည်းပြတ်နေတယ်” ဆိုတဲ့ ဆေးဆိုင်ပိုင်ရှင်ဆီက စကားကြောင့် ဒေါ်လှခင်တယောက် အလွန်စိတ်ညစ်သွားပါတယ်။ နှစ်ရှည်လများ ဆီးချိုရောဂါ ခံစားနေရတဲ့ ဒေါ်လှခင်အနေနဲ့ ပုံမှန်သောက်နေကျ ဆေးတွေ ပစ္စည်းပြတ်တာကြောင့် ဝယ်လို့မရတဲ့ အခြေအနေအပြင် ဝယ်လို့ရတဲ့ ဆေးတွေကျပြန်တော့လည်း ဈေးသုံးဆနီးပါး တက်သွားတဲ့အတွက် အခက်ကြုံနေရတာ ဖြစ်ပါတယ်။ သူမဟာ အားဆေးအပါအဝင် သွေးညှိဆေး၊ ဆီးချိုထိန်းဆေး စတဲ့ ဆေးဝါးငါးမျိုးကို မနက်၊ နေ့လယ်၊ ည သုံးကြိမ် နေ့စဉ် သောက်သုံးနေရသူတဦး ဖြစ်ပါတယ်။ သူမ သောက်နေကျဆေးတွေဟာ လက်ရှိမှာ ဈေးတက်တဲ့ဆေးက ဈေးတက်၊ ဝယ်မရတဲ့ဆေးက မရ ဖြစ်နေတယ်လို့ ပြောပါတယ်။ အရင်က လက်လီဈေးကွက်အတွင်း ဆီးချို၊ သွေးတိုး ရောဂါဆေးတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့တာမှာ လက်ရှိမှာတော့…
Read MoreMonth: February 2024
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပဲခူး ဇရပ်ကြီးတိုက်ပွဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ် နှစ်ဖက်လုံးအကျဆုံးရှိသလို အရပ်သားပြည်သူသေဆုံးမှုလည်းရှိခဲ့
ရန်ကုန်၊ဖေဖော်ဝါရီ ၈-၂၀၂၄ GG (VOM) ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ်၊ဇရပ်ကြီးမြို့မှာရှိ နစကလုံခြုံရေးတပ်တွေနဲ့ KNLA ၊ PDF တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ နှစ်ဖက်အကျဆုံးရှိခဲ့သလို အရပ်သားပြည်သူသေဆုံးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဇရပ်ကြီးမြို့မှာ ဖေဖော်ဝါရီ ၇ရက်နေ့ မနက် ၃ နာရီလောက်မှာ KNLA ၊PDF ပူးပေါင်းတပ်တွေက ဇရပ်ကြီးမှာရှိတဲ့ နစကရဲ့နယ်မြေခံတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း တပ်မတော်ဘက်က လေကြောင်းပစ်ကူမှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း နေအိမ်စွန့်ခွာထွက်ပြေးခဲ့တဲ့ ဒေသခံပြည်သူတွေ အများအပြားရှိခဲ့သလို နေအိမ်အပျက်အစီး တွေ၊ နေအိမ်မီးလောင်တာတွေရှိခဲ့တယ်လို့ ဒေသခံကပြောပြပါတယ်။ ” မနေ့က မနက်အစောကြီးထဲကစဖြစ်နေတာတနေကုန်ပဲ။ ပြေးသူကပြေးကြတယ်။ မြို့ထဲ စျေးနားမီးလောင်တဲ့အိမ်တွေရှိတယ်။လက်နက်ကြီးကျလို့ သေဆုံးသူတွေလည်းရှိတယ်။အိမ်တွေ ထိခိုက်တာလည်းရှိတယ်။တချို့အများအပြားထွက်ရသူတွေကတော့ တောင်ငူကိုပြေးကြတယ်။ပရဟိတကားတွေလည်းလာခေါ်ကြတယ်။မနေ့ကညကတည်းကတော့အခြေအနေကငြိမ်သွားတယ်၊ ခုမနက်လည်းငြိမ်နေဆဲပဲ ” လို့ ပြောပါတယ် ။ ကနဦးသိရှိရတဲ့အချက်အလက်တွေအရတော့ ဇရပ်ကြီးမြို့တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ…
Read Moreအမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှု အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ် ထိပ်တန်းတပ်မှူး သေဆုံး
ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်ထိပ်တန်းတပ်မှူး သေဆုံးသွားပါတယ်။ ခါတိုက်ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးနဲ့ အခြားနှစ်ယောက်ဟာ အီရန်မြို့တော်အရှေ့ဘက်မှာ ပစ်မှတ်ထားတိုက်ခိုက်ခံရချိန်မှာ ယာဉ်တစီးပေါ်မှာ အတူရှိနေခဲ့ပြီး သုံးယောက်စလုံးသေဆုံးခဲ့ပါတယ်။ ဒါဟာ လူရှုပ်ထွေးတဲ့လမ်းပေါ်မှာ ရွေ့လျားနေတဲ့ ကားတစင်းကို အမေရိကန်ရဲ့ တိကျတဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသွားတဲ့တပ်မှူးဟာ အဘူဘာကာအယ်လ်ဆာဒီဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ဂျော်ဒန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်သုံးယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေကို အမေရိကန်က အပြစ်တင်ထားပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ ဆီးရီးယားနဲ့ အီရတ်ရှိ စစ်သွေးကြွပစ်မှတ် ၈၅ ခုကို လက်တုံ့ပြန်တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ စစ်သွေးကြွထိပ်တန်း တပ်မှူးကို မောင်းသူမဲ့လေယာဉ်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…
Read MoreThis Day in History
Voice of Myanmar အရှေ့အလယ်ပိုင်းဒေသတွင် လေးနှစ်ကြာဖြစ်ပွားနေသော အကြမ်းဖက်ပဋိပက္ခများအဆုံးသတ်ရန်အတွက် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်နှင့် အစ္စရေး၀န်ကြီးချုပ် အေရီရယ်ရှာရွန်တို့သည် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သည်။
Read Moreလားရှိုး ညဈေးထိပ်က စန်းရွှင်ဟိုတယ်အနီး ဗုံးပေါက်ကွဲလို့ နှစ်ယောက်ထက်မနည်း ဒဏ်ရာရ
ဖေဖော်ဝါရီ-၇-၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ညဈေးထိပ်၊ သုခလမ်းပေါ်က စန်းရွှင်ဟိုတယ် အနီး ကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၆ မိနစ်မှာ ဗုံး ပေါက်ကွဲလို့ အနီးနားက ပြည်သူ နှစ်ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နှစ်ယောက် လောက်တော့ ထိတယ်။ ဒါပေမယ့် သေဝောာ့ မသေဘူး။ မိန်းကလေးက နှစ် ယောက်ထိတယ်။ တယောက်က သတိလစ်သွားတယ်။ တယောက်ကလက်မောင်း ထိသွားတယ်။ ယောက်ျားလေးက ဒီ စန်းရွှင်ဟိုတယ်က ။လုံခြုံရေး တယောက်က ချော်လဲတာလား ဘာလား မသိဘူး။ သူလည်း လန့်ပြီးတော့ ချော်လဲတာလားတော့ မသိဘူး လဲသွားတယ်။” ဒေသခံ တယာက်က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရသွားတဲ့ မိန်းကလေး…
Read Moreမန္တလေး – မြစ်ကြီးနား လမ်းပိုင်းက နေရာတချို့ကို မသွားဖို့ PDF အဖွဲ့ တွေက သတိပေး
ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွားတဲ့ မန္တလေး – ဗန်းမော်ကားလမ်းပိုင်းနဲ့ စစ်ကိုင်းတိုင်း ထီးချိုုင့်မြို့နယ်နဲ့ အင်းတော်မြို့နယ် လမ်းပိုင်းကို ဒီကနေ့ ၊ နေ့လယ်ပိုင်းစလို့ လမ်းပိုင်းနေရာတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားလိုက်တယ်လို့ ထုတ်ပြန်ထားသလို ကားသမားတွေဆီကလည်း သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး ကားသမားတယောက်က ” မန္တလေး – ဗန်းမော် ကားလမ်းပိုင်းမှာ နေရာ နှစ်ခု ဖြတ်တောက်ပိတ်ဆို့ထားတယ် ၊ အဲ့ဒီနေရာတွေကတော့ ကြားညှပ်နဲ့ ထီးချိုင့်ကြား တနေရာ ၊ နောက်ပြီး မောင်းကုန်း ၊ ငါးအိုး ၊ ရွှေကူ ကြား တနေရာ ပိတ်ထားတယ် ၊ နောက်ပြီး ထီးချိုင့်နဲ့ အင်းတော်ကြားလည်း ပိတ်ထားတယ်…
Read Moreလားရှိုး ညဈေးထိပ်က စန်းရွှင်ဟိုတယ်အနီး ဗုံးပေါက်ကွဲလို့ နှစ်ယောက်ထက်မနည်း ဒဏ်ရာရ
ဖေဖော်ဝါရီ-၇-၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ညဈေးထိပ်၊ သုခလမ်းပေါ်က စန်းရွှင်ဟိုတယ် အနီး ကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၆ မိနစ်မှာ ဗုံး ပေါက်ကွဲလို့ အနီးနားက ပြည်သူ နှစ်ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နှစ်ယောက် လောက်တော့ ထိတယ်။ ဒါပေမယ့် သေဝောာ့ မသေဘူး။ မိန်းကလေးက နှစ် ယောက်ထိတယ်။ တယောက်က သတိလစ်သွားတယ်။ တယောက်ကလက်မောင်း ထိသွားတယ်။ ယောက်ျားလေးက ဒီ စန်းရွှင်ဟိုတယ်က ။လုံခြုံရေး တယောက်က ချော်လဲတာလား ဘာလား မသိဘူး။ သူလည်း လန့်ပြီးတော့ ချော်လဲတာလားတော့ မသိဘူး လဲသွားတယ်။” ဒေသခံ တယာက်က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရသွားတဲ့ မိန်းကလေး နှစ်ယောက်က…
Read Moreအကောင်း လွန်နေတာ
ဆူးငှက် ဂန္ထဝင် အဆိုတော်ကြီး မာမာအေး ဟာ ဒီနှစ် နှစ်ဦး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ အစ်မကြီး ကွယ်လွန်တဲ့ အချိန်မှာ အစ်မကြီး မာမာအေးနဲ့ ပတ်သက်လို့ သတိရတာလေး တစ်ခု ပြောပါရစေ။ လွန်ခဲ့တဲ့ ၁၁နှစ်၊ ၂၀၁၃ခုနှစ်ဇွန်လ ၈ ရက်နေ့က မန္တလေးမြို့တော်ခန်းမ ၁ မှာအစ်မကြီးရဲ့ ဂီတပွဲ အစီအစဉ်တစ်ရပ်ကို မြို့မနဲ့တွဲဖက် ကျင်းပတယ်။ ဒီပွဲမှာ မြို့မကကနဦး အဖွင့် အောင်မင်္ဂလာ ယိုးဒယားသီချင်းကြီးကို တီးမှုတ်ပြီး ဖွင့်ပါတယ်။ ဒါဟာ မြို့မ မူပါ။…
Read More