တာချီလိတ်မြို့ပေါ်က ဝန်ထမ်းအယောင်ဆောင် ဓားပြဂိုဏ်းအဖွဲ့ဝင် နောက်ထပ် လေးယောက် ထပ်မံ ဖမ်းဆီးရမိ

မတ် ၊ ၄ ၊ ၂၀၂၄
SP ( VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့ပေါ်မှာ ဝန်ထမ်း အယောင်ဆောင် ဓားပြဂိုဏ်အဖွဲ့ဝင် နောက်ထပ် လေးယောက်ကို မနေ့ မတ် ၃ ရက် ၊ညနေပိုင်းက ထပ်မံဖမ်းဆီးရမိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က ညနေပိုင်းမှာ ရန်အောင်မြေရပ်ကွက် နဲ့ ပါလျှံရပ်ကွက်ထဲက ဝန်ထမ်းအယောင်ဆောင် ဓားပြဂိုဏ်းအဖွဲ့ဝင် နောက်ထပ် လူလေးယောက်ကို လက်နက်ခဲယမ်း (သက်သေခံ ပစ္စည်းတွေ) နဲ့အတူ ဖမ်းဆီ ရမိတယ် ၊ ဖမ်းဆီးရမိတဲ့သူတွေကတော့ အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး၊ စိုင်းစွမ်းမိန်း (ခ)အိုက်တီ၊ စိုင်းခေး နဲ့ စိုင်းကွမ်းခေး တို့ဖြစ်တယ် ၊ အဲ့ဒီ လေးယောက်နဲ့အတူ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကတော့ မော်တော်ယာဉ် (၂)စီး၊ ပစ္စတို သေနတ် (၁)လက်၊ ဓါးပြတိုက်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများဖြစ်သည့် ကျည်ကာအင်္ကျီ (၁)ထည်၊ အနက်ရောင် ဘောင်ဘီရှည် (၁)ထည်၊ အနက်ရောင် အင်္ကျီ (၂)ထည်၊ စစ်စိမ်းရောင် ဘောင်းဘီ (၂)ထည်၊ လက်ထိပ် (၁)ကွင်း၊ ရဲအနွေးထည်အင်္ကျီ (၁)ထည်၊ Anoffng စာတမ်းပါ စကားပြောစက် (၄)လုံး၊ YGN-7/8L-8080, Toyota Crown &olo: (1) SHN-12/8L-8080, Toyota Crown &ulo (1) SHN-12/3K -3899 နံပါတ်ပြား (၂)ခု၊ အနက်ရောင် တောစီး လည်တို ဖိနပ်(၁)ရံ စတဲ့ ပစ္စည်းတွေ ဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က တာချီလိတ်မြို့ပေါ်မှာ ဝန်ထမ်းအယောင်ဆောင် ဓားပြဂိုဏ်း အဖွဲ့ဝင် ခုနှစ်ယောက်ကို ပထမအကြိမ် ဖမ်းဆီးမိပြီးနောက် အဲ့ဒီအမှုရဲ့ နောက်ဆက်တွဲ ဓားပြဂိုဏ်းအဖွဲ့ဝင် လေးယောက်ကို ထပ်မံဖမ်းဆီးမိတာဖြစ်တယ်လို့ သိရပါတယ်။
” ပထမအကြိမ် ဖမ်းဆီးရမိတာက ခရိုင်ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှုး ဦးအေးကိုကိုဦး အပါအဝင် လူ ခုနှစ်ဦးနဲ့ ဒုတိယအကြိမ် ထပ်မံဖမ်းမိတာက လူလေးယောက်ဆိုတော့ လတ်တလော ဖမ်းမိထားတာက ၁၁ ယောက်ရှိသွားပြီးဖြစ်တယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ပထမအကြိမ် ဖမ်းဆီးရမိတဲ့ အေးကိုကိုဦး အပါအဝင် ခုနှစ်ယောက်ကို တာချီလိတ်မြို့မရဲစခန်း (ပ) ၂၅/၂၀၂၄ ၊ အရ ၂၀၂၃ ခုနှစ် ၊လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ အပြင် စိုင်းစံမိန်းခေါ် (စံမိန်း)ကိုတော့ (ပ) ၂၆/၂၀၂၄ ၊ ၊၂၀၂၃ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၂၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့ဝင်တဦး

Related posts

Leave a Comment

VOM News

FREE
VIEW