Voice of Myanmar အာရပ်ခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ် မတ်လ ၂၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အဆိုပြုခဲ့သော အာရပ်ငြိမ်းချမ်းရေး ပဏာမအစီအစဉ်ကို အစ္စရေးက လက်ခံရန် တိုက်တွန်းခဲ့ကြသည်။
Read MoreMonth: March 2024
သိန္နီမြို့နယ်မှာ MNDAA နဲ့ SSPP/SSA တိုက်ပွဲ ဖြစ်
မတ် ၂၈၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ် အနီးက ကွန်ကောက်ရွာဘက်မှာ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSPP/SSA) တို့အကြား မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ခန့်ကစ တိုက်ပွဲ ဖြစ်ပွား နေကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။ “မနေ့ညနေပိုင်းက နမ့်စလပ်နဲ့ သိန္နီကြားမှာ တိုက်ပွဲ ဖြစ်တာ။ တိုက်ပွဲ ဖြစ်လို့ လမ်းတွေ ပိတ်သွားသေးတယ်။ ကျနော့် ရှေ့မှာတင်ပဲ လဲတဲ့သူက လဲ၊ ပြေးတဲ့သူက ပြေး။ MNDAA စစ်သား တယောက်က ခြေထောက် ထော့နဲ့ ထော့နဲ့နဲ့ ဆိုင်ကယ် ကားလမ်းလယ်မှာ ပစ်ထားပြီး ပြေးသွားတယ်။ ဝဝတုတ်တုတ်နဲ့ တယောက်ကတော့…
Read Moreချင်းပြည်နယ်တောင်ပိုင်းမှာ လေဘေးဒဏ်ကြောင့် လူနေအိမ် တထောင်ကျော်ပျက်စီးပြီး အရေးပေါ်အကူညီတွေလိုအပ်နေ
မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေ ၆ နာရီကျော်က တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပလက်မြို့နယ်တွေမှာ လူနေအဆောက်ဦး တထောင်ကျော်ပျက်စီးခဲ့ရပါတယ်။ အဲ့ဒီ ပျက်စီးမှုတွေကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော်ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမားတယောက်က ” မတ် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ၂ ရက်ဆက်တိုက် ၊ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် မင်းတပ်မြို့နဲ့ မင်းတပ်နယ်မှာဆိုရင် လူနေအဆောက်ဦး ၅၀၃ လုံးပျက်စီးတယ် ၊ နောက်ပြီး ယာယီတိုက်ပွဲရှောင်နေရတဲ့ ကျေးရွာပေါင်း ၇၀ ကျော်က စုပေါင်း တိုက်ပွဲရှောင် စခန်းတွေလည်း ထိခိုက်ပျက်စီးတယ် ၊…
Read Moreကိုငြိမ်း(မန္တလေး) နှင့် ဆီသည်ချောင်က ကောင်ကလေး
ဆူးငှက် တစ်ခါတစ်ရံ စာအုပ်စင်ရှိ ရှုမဝမဂ္ဂဇင်းဟောင်းတွေ၊ မိုးဝေမဂ္ဂဇင်းဟောင်းတွေ ပြန်လှန်ကြည့်မိတိုင်း ‘သုံးရောင်ခြယ်စာပေ’ ဟူသော ‘ဒေါင်းအိုးဝေ စာဟောင်း စာကောင်း’ ဟူသော မင်ရိုက်တံဆိပ်တုံး စာတန်းလေးတွေမြင်တော့ လွမ်းဆွတ်နေမိသေး၏။ တစ်နေ့ ၃ကျပ်မျှသာရသော အမေ့မုန့်ဖိုးလေးက လက်ဖက်ရည်ဆိုင် နှစ်ကြိမ်လောက်ထိုင် တစ်ခါတရံ ဝင်းလိုက်ရုံမှာ စတောလ်က ရုပ်ရှင်ကြည့် အပြီးမှာပင် လစဉ်ထုတ် မဂ္ဂဇင်းတွေ ပုံမှန် ဝယ်ဖြစ်သည်။ ညနေ ဓာတ်မီးထွန်းချိန် ရောက်တာနဲ့ ညဈေးတန်းသို့ လမ်းလျှောက် ထွက်ဖြစ်သည်။ ၂၈လမ်းသစ်သီးဆိုင်က မမကြီးကိုကြည့်၊ ထိုးမုန့်ဆိုင်က ညီအစ်မ တစ်တွေကိုကြည့်၊အောက်လိုင်း တောင်မလွယ်နား ဖိနပ်ဆိုင်က မမလေးကို ကြည့်ပြီး သကာလ နာရီစင် အရှေ့ဘက်ချိုးတက်ကာ အာဇာနည်လမ်းပေါ်က စာအုပ်ဆိုင်တွေ ဆီ ရောက်ဖြစ်တော့သည်။ အင်းဝစာအုပ်တိုက် နှင့် မျက်နှာချင်းဆိုင်…
Read Moreရန်ကုန်မြို့လယ်ခေါင်မှာ ဗုံးပေါက်ကွဲလို့ လူ ငါးယောက် ဒဏ်ရာရ
မတ် ၂၇ – ၂၀၂၄ SN (VOM) ဒီနေ့ မတ်လ ၂၇ ရက်၊ ညဦးပိုင်းက ရန်ကုန်မြို့လယ်ခေါင် အချက်အခြာကျတဲ့ နေရာတခုဖြစ်တဲ့ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ Sule Square အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ အဲဒီ့ဗုံးပေါက်ကွဲမှုဟာ ည ၇ နာရီ၊ မိနစ် ၄၀ အချိန်က ကျောက်တံတားမြို့နယ်၊ ဆူးလေကုန်းကျော်တံတားအတက်၊ ဘားလမ်းမှတ်တိုင်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးသတင်းတွေအရ သန့်ရှင်းရေးဝန်ထမ်း နှစ်ယောက်၊ ကလေး နှစ်ယောက်၊ အမျိုးသမီးတယောက်၊ စုစုပေါင်း ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ မီးပါပွင့်တယ်။ တယောက်ကတော့ ခြေထောက်ပြတ်သွားတယ်။ ငါးယောက်မှာ နှစ်ယောက်က ဒဏ်ရာ တော်တော်ပြင်းပုံရတယ်။ ဆေးရုံကား စုစုပေါင်း…
Read Moreကျိုက်မရော ဓမ္မသရွာမီးလောင်၊ လက်ရှိအချိန်ထိ အိမ်တရာကျော်မီးထဲပါနေ ငြှိမ်းမရသေး
ရန်ကုန် – မတ် – ၂၇ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာကနေ မီးလောင်မှု ဖြစ်ပွားေနပြီး လက်ရှိအချိန်ထိ အိမ်ခြေ တရာကျော်လောက်မီးလောင်ပျက်စီးသွားပြီ လို့သိရပါတယ်။ ညနေ့ ၃ နာရီခွဲလောက်ကတည်းက စတင်လောင်တဲ့မီးက ခုချိန် ည ၉ နာရီေကျာ်အထိ မီးကဆက်လက်ကူးစက်လောင်နေကြောင်း ၊ နယ်မြေလုံခြုံရေးအခြေအနေတွေအရ မီးသတ်ကား များများ လာရောက်ငြိမ်းသတ်နိုင်ခြင်းမရှိတာကြောင့် မီးလောင်ကျွမ်းမှုက ခုချိန်ထိ မငြိမ်းသတ်နိုင်သေးဘူးလို့ ဒေသခံက ဆိုပါတယ်။ ” ခုထိမီးလောင်တုန်းပဲ ရေပုံးနဲ့လောင်းသူလောင်းပဲရှိတော့တယ်။ ပရဟိတအသင်းကားတွေလည်း မနိုင်တော့လို့ လက်လျှော့လိုက်ပြီ၊ထိုင်ကြည့်နေရတဲ့အခြေအနေဖြစ်သွားပြီ၊ ညနေထဲကလောင်တာအခုထိ လောင်တုန်းပဲ၊ ရွာရဲ့အိမ်တဝက်ကျော်လောက်ပါသွားပြီ၊လေကလည်းတအားကိုတိုက်နေတော့ မီးလောင်အားကပိုကောင်းနေတဲ့သဘောရှိတယ်၊ လက်နက်ကြီးကျလို့ လောင်တာ ” လို့ ဓမ္မသရွာမီးလောင်မှုကို ကူညီငြိမ်းသတ်ခဲ့တဲ့ ဒေသခံတဦးကပြောပြပါတယ်။…
Read Moreမိုးတိမ်တောင်တွေကြောင့် လေဆင်နှာမောင်းနဲ့ အရွယ်အစားကြီးတဲ့ မိုးသီးကြွေကျတာမျိုး ဖြစ်လာနိုင် ၊ ဖားကန့်မှာ မိုးသီးကျလို့ ပျက်စီးမှုများ
မတ် ၂၇ – ၂၀၂၄ SN (VOM) အရွယ်အစားထုထည် ကြီးမားလွန်းတဲ့ မိုးတိမ်တောင်တွေကြောင့် လေဆင်နှာမောင်းတိုက်ခတ်တာ၊အရွယ်အစားကြီးတဲ့ မိုးသီးကြွေကျတာမျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။ မနေ့ မတ်လ ၂၆ ရက်၊ ည ၉ နာရီခွဲကနေ ည ၁၂ နာရီခွဲအချိန်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး အရှေ့ဘက်ကို ရွေ့လျားနေခဲ့တာကို ဂြိုဟ်တုမိုးလေဝသတိမ်ပုံမှာ တွေ့ရတယ်လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။ “မတ်လဆန်း နေ့အပူချိန်တွေမြင့်လာချိန် အောက်ခံမြေပြင်အပူချိန် မြင့်တက်ချိန်မှာ လေထုမတည်ငြိမ်မှုတွေ ပိုပြီး ဖြစ်ပေါ်တတ်တာ မုတ်သုံလေဝင်ရောက်ခါနီး အထိပါပဲ။ မိုး/ဇလအနေနဲ့ မိုးတိမ်တောင်အန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေးနှိုးဆော်ချက်တွေ ပုံမှန် ထုတ်ပြန်ပေးနေပါတယ်။ မနေ့ကလည်း မိုးထစ်ချုန်းရွာမယ့် ခန့်မှန်းချက်တွေ ထုတ်ပြန်ထားပါတယ်”…
Read Moreမုံရွာမှာ ဆယ်ကျော်သက် မိန်းကလေး လေးယောက် တပြိုင်တည်း ပျောက်ဆုံးနေ
မတ် ၊ ၂၇ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၂၄ ရက် (တပေါင်းလပြည့်နေ့) မနက်ပိုင်း ၉ နာရီအချိန်ကစလို့ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေး လေးယောက်ဟာ တပေါင်းလပြည့်နေ့က တပြိုင်တည်း ပျောက်ဆုံးနေတာ အခုထိ ဆက်သွယ်မရသေးဘူးလို့ ကာယကံရှင် မိသားစုတွေဆီက သိရပါတယ်။ ကလေးပျောက် မိသားစုဝင်တယောက်က ” ပျောက်ဆုံးနေတဲ့ ကောင်မလေး လေးယောက်က မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်မှာနေတဲ့ ခေါင်းနီမ ၁၅ နှစ် ၊ မုံရွာမြို့ ၊ ရွှေဇလုတ်ရပ်ကွက်မှာနေတဲ့ မအေးမြတ်မွန် ၁၆ နှစ် ၊ မအိသက်နိုင် ၁၆ နှစ်နဲ့ မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်မှာနေတဲ့ မနှင်းဝေအောင် ၁၆ နှစ်ဆိုသူတွေဖြစ်တယ် ၊ သူတို့လေးယောက်က…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၇ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၁၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပါကစ္စတန်မှာ တရုတ်အင်ဂျင်နီယာတွေပါတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှု ခြောက်ယောက်သေဆုံး
အစ္စလာမ္မာဘတ်၊ မတ်-၂၇-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတင်ဆောင်ထားတဲ့ မော်တော်ကားတစီးက ယာဉ်တန်းတခုကို ဝင်တိုက်ပြီးပေါက်ကွဲမှုကြောင့် တရုတ်အင်ဂျင်နီယာ ငါးယောက်နဲ့ ပါကစ္စတန်ယာဉ်မောင်းတယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုအဖြစ် သံသယဖြစ်ဖွယ် တိုက်ခိုက်မှုဟာ ခိုင်ဘာပက်ခ်ထရွန်ခါဝါပြည်နယ် တောင်ထူထပ်တဲ့ လမ်းပေါ်မှာ မတ် ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းဟာ ရေကာတာတည်ဆောက်ရေးနေရာကို ဦးတည်သွားရောက်နေတာဖြစ်ပါတယ်။ အဲဒီယာဉ်တန်းဟာ ရေကာတာစီမံကိန်းမှာ ပါဝင်တဲ့ အင်ဂျင်နီယာတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို တင်ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယာဉ်တစင်း ချောက်ထဲကျသွားပြီးနောက် လူခြောက်ယောက် သေဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ တရုတ်ဆောက်လုပ်ရေး ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုလို့ ု ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။ တိုက်ခိုက်ရေးသမားလို့ ယူဆရတဲ့တယောက်လည်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ နိုင်ငံတွင်းမှာ တရုတ်မကျေနပ်မှုတွေ ကြီးထွားလာမှုနဲ့ အတူ တရုတ်နဲ့…
Read More