ဝါရှင်တန်၊ ဧပြီ-၂၄-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေအပါအဝင် အမေရိကန်အစိုးရရဲ့ ဒေါ်လာ၉၅ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားအကူအညီအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ဟာ ဒီဥပဒေကြမ်းကို ဥပဒေအဖြစ် ဧပြီ ၂၅ ရက်မှာလက်မှတ်ထိုးဖို့ မျှော်လင့်ရပြီး ပြီးခဲ့တဲ့ စနေနေ့က အတည်ပြုခဲ့တဲ့ ဥပဒေကို မနေ့ကညပိုင်းမှာ ထောက်ခံခဲ့တာဖြစ်ပါတယ်။
အထက်လွှတ်တော်ဟာ ဒီဥပဒေကို ၇၉ မဲ ၁၈ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၆၁ ဘီလီယံပါဝင်ပြီး အကူအညီတွေကို ရက်အနည်းငယ်အတွင်း စတင်ပေးပို့မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။
အလားတူအကူအညီပေးရေး ဥပဒေကြမ်းတရပ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အထက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် ယူကရိန်းအတွက် စစ်ရေးအကူညီအသစ်ထပ်ပေးမှာကိုတော့ အထက်လွှတ်တော်မှာ ကန့်ကွက်တားဆီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
လက်ရှိအတည်ပြုလိုက်တဲ့ ဥပဒေမှာတော့ ရုရှား၊ အီရန်နဲ့ တရုတ်နိုင်ငံတို့အပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်တာအပါအဝင် တရုတ်ကုမ္ပဏီ ဘိုက်ဒန့်အနေနဲ့ လူကြိုက်များတဲ့ ဆိုရှယ်ပလက်ဖောင်းဖြစ်တဲ့ TikTok ကို ရောင်းချဖို့ တွန်းအားပေးမှုလည်းပါဝင်ပြီး မလိုက်နာပါက အမေရိကန်မှာ ပိတ်ပင်သွားဖွယ်ရှိပါတယ်။
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေပါဝင်တဲ့ နိုင်ငံခြားအကူအညီဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြုပြီ
