ရန်ကုန် ၊ မေ ၁ – ၂၀၂၄ GG (VOM) ရန်ကုန် – မန္တလေးလမ်းဟောင်း ကားလမ်းပေါ်၊ ကညွှတ်ကွင်းမြို့နယ်ထဲက တံတားတစင်းမိုင်းဖောက်ခွဲဖျက်ဆီးခံရသလို ရထားလမ်းလည်း မိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ မေလ၁ ရက်နေ့ မနက်အစော ၁ နာရီလောက်မှာ ရထားလမ်းရော ၊ ကားလမ်းရော မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားကလည်း အလုံးစုံပျက်စီးကာ ရထားလမ်းလည်း ပျက်စီးခဲ့သလို ရထားတွဲ ၄ တွဲလမ်းချော်ခဲ့ရ တယ်လို့ သိရပါတယ်။ ” ည ၁၂ နာရီကျော် တနာရီလောက်မှာ ပေါက်ကွဲသံနှစ်ချက်ကြားရတယ်၊မနက်ကျသိရတာ ငါးနုသန်းချောင်းကိုထိုးထားတဲ့တံတား ဖျက်ဆီးခံရတယ်။ သူနဲ့ အပြိုင် ရထားလမ်းလည်းဖျက်ဆီးခံရတယ်။ကားတွေက လမ်းကြောခဏပိတ်ပြီး ပြန်ပွင့်သွားတယ် ” လို့ ကညွှတ်ကွင်းဒေသခံကပြောပါတယ်။ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်က တံတားဖျက်ဆီးခံရတာကြောင့် မနက်အစောပိုင်းမှာကားတွေအများအပြား ပိတ်မိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမြန်လမ်းကနေ…
Read MoreDay: May 1, 2024
ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာသူဦးရေ တသိန်းခြောက်သောင်းကျော်အထိ မြင့်တက်လာ
မေ ၁ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေ တသိန်းခြောက်သောင်းကျော်အထိ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က ဒီကနေ့ မေ ၁ ရက်နေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ခန့်မှန်းခြေ တသိန်းခြောက်သောင်း ခြောက်ထောင်အထိ မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ UNOCHA ရဲ့ အသိပေးချက်မှာ “ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေး တင်းမာမှုအပေါ် စိုးရိမ်စရာတွေ မြင့်တက်လာတာတွေနဲ့အတူ အခြေအနေတွေက ရုတ်ချည်း ဆိုးရွားလာနေပါတယ်။ ကူညီထောက်ပံတာတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုရဲ့ ရုံးနဲ့ ဆေးပေးခန်းတခု ဧပြီလ ၁၅…
Read Moreယနေ့ ရွှေဈေး (မေ – ၁ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၈၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအီကွေဒေါမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် ပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာ
ကီတို၊ မေ-၁-၂၀၂၄မျိုးဆက်(VOM)အီကွေဒေါနိုင်ငံမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ကမ်းရိုးတန်းပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ဒါဟာ နိုင်ငံတွင်းမှာ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေယိုယွင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှ ရာထူးတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ နိုဘိုအာရဲ့ ဒုတိယမြောက်အရေးပေါ်အခြေအနေ ကြေညာချက်လည်းဖြစ်ပါတယ်။အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ပြည်နယ်တွေကတော့ El Oro ၊Guayas ၊Los Rios ၊ Manabi နဲ့ Santa Elenaတို့ဖြစ်ပြီး လက်ရှိမှာ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။လက်နက်ကိုင်အကြမ်းဖက်မှုတွေအပေါ် နည်းဗျူဟာမြာက် စစ်ဆင်ရေးတွေလုပ်ဖို့ လိုအပ်လာတာကြောင့် ပြည်နယ်တွေအတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုဖြန့်ကြက်ချထားသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ဇန်နဝါရီလအတွင်းက ရုပ်မြင်သံကြားဌာနတခုကို ဒရာမာဆန်ဆန် တိုက်ခိုက်မှုနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခံခဲ့ရတာတွေနဲ့ပတ်သက်ပြီး အီကွေဒေါအစိုးရက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေကို အပြစ်တင်ထားပါတယ်။Ref:ReutersPhoto:Reuters
Read Moreတရုတ်စစ်တပ်ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ပထမဆုံး ရေချစမ်းသပ်မှု ပြုလုပ်
ပေကျင်း၊ မေ-၁-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်မှ ပထမဆုံးစမ်းသပ်မှုကို ဒီနေ မေ ၁ ရက်မှာ စတင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ လေယာဉ်တင်သင်္ဘောသစ် ဖူကျန်ဟာ ဒီနေ့မနက်ပိုင်းမှာ ရှန်ဟိုင်းရှိ သင်္ဘောကျင်းကနေ ထွက်ခွာသွားပြီလို့ို စီစီတီဗီသတင်းဌာနက ဆိုပါတယ်။ ဒါဟာ အမေရိကန်ရဲ့ သတိထားစောင့်ကြည့်မှုတိုးမြင့်စေပြီး ထိုင်ဝမ်အစိုးရအနေနဲ့ ဖိအားဖြစ်စေမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ လေယာဉ်တင်သင်္ဘော ဖူကျန်ကို ၂၀၂၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အခြားလေယာဉ်တင်သင်္ဘောနှစ်စင်းထက် အရွယ်အစားကြီးမားပြီး လေယာဉ်ပိုမိုတင်ဆောင်နိုင်ဖွယ်ရှိပါတယ်။ လေယာဉ်တင်သင်္ဘောမှာ လျှပ်စစ်သံလိုက်စွမ်းအင်သုံး ကိရိယာတွေတပ်ဆင်ထားပြီး ဒါတွေဟာသင်္ဘောပေါ်ကနေ လေယာဉ်တွေပျံတက်မှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ သင်္ဘောကို အရှေ့တရုတ်ပင်လယ်ကို တာဝန်ယူတဲ့ တရုတ်ရေတပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်မှာ ချထားမယ်လို့ ယူဆရပြီး စမ်းသပ်မှုဟာ သင်္ဘောကို တပ်တော်ဝင် တာဝန်ထမ်းဆောင်ဖို့ နောက်ဆုံးစမ်းသပ်မှုလည်းဖြစ်ပါတယ်။ သမ္မတ ရှီကျင်းပင်လက်ထက်မှာ တရုတ်နိုင်ငံဟာ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၇၀ ကျပ်ဝယ်ဈေး – ၃၉၁၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၈၇ ကျပ်ဝယ်ဈေး – ၄၁၈၈ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၆.၉၅ ကျပ်ဝယ်ဈေး – ၁၀၄.၇၁ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၃ ကျပ်ဝယ်ဈေး – ၈၇၃ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၃၈ ကျပ်ဝယ်ဈေး – ၅၂၈ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၂၂ ကျပ်ဝယ်ဈေး – ၂၄.၇၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၀၅ ကျပ်ဝယ်ဈေး – ၄၇.၀၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၇ ကျပ်ဝယ်ဈေး – ၂.၈၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၆၁ ကျပ်ဝယ်ဈေး…
Read Moreယနေ့ ရွှေဈေး (မေ – ၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၈၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမြန်မာဘက်ကို တင်ပို့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲကဖမ်း
မေ ၊ ၁ ၊၂၀၂၄SP (VOM)အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ကနေ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ဆာငါအိုရွာ (Sangau khua) ဘက်ကို သယ်ဆောင်လာတဲ့ ဖောက်ခွဲရေးသုံး ခဲယမ်းပစ္စည်းတွေကို မနေ့ ဧပြီ ၃၀ က ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ Geletin အချောင်း ရှစ်ထောင်နဲ့ ၊ Detonator အချောင်း တထောင့်ငါးရာ ဖြစ်ပြီး မြန်မာဘက်ကို တရားမဝင် တင်ပို့တာကြောင့် အခုလို ကားသမားဖြစ်သူကို Hnahthial ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ဖောက်ခွဲရေး ပစ္စည်းတွေကို ကားနဲ့ သယ်ဆောင်လာသူဟာ ဘယ်နိုင်ငံသားဆိုတာ အဲ့ဒီထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။” ပြီးခဲ့တဲ့ မတ် ၂၄ ရက်က အိန္ဒိယ –…
Read Moreအစ္စရေးရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်စ်တို့ ပယ်ချဖွယ်ရှိ
ဂါဇာစီးတီး၊ မေ-၁-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဟားမတ်စ်တို့က လက်မခံဘဲ ပယ်ချဖွယ်ရှိနေပါတယ်။အစ္စရေးနဲ့ဟားမတ်စ်တို့အကြား ဆက်လက်ဖြစ်ပွားနေတိုက် တိုက်ပွဲတွေအဆုံးသတ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးတို့အတွက် ဆွေးနွေးပွဲတွေကို အီဂျစ်နဲ့ ကာတာ ဗြိတိန် အပါအဝင် အမေရိကန်တို့က ကြားဝင်ဖျန်ဖြေလျက်ရှိပါတယ်။အစ္စရေးအဆိုပြုချက်မှာ ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းအကျဉ်းသားထောင်ပေါင်းများစွာ လွှတ်ပေးရေးတို့ပါဝင်ကြောင်း ဗြိတိန်နို်ငငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ဒါက ထူးခြားရက်ရောတဲ့ အစ္စရေးရဲ့ ကမ်းလှမ်းမှုဖြစ်ပြီး သဘောတူညီချက်ရယူဖို့ ဟားမတ်စ်အဖွဲ့ကို ဗြိတိန်နဲ့ အမေရိကန်တို့က တိုက်တွန်းနေပါတယ်။ ဒါက ဓါးစာခံတွေလွတ်မြောက်ရေးနဲ့အတူ တိုက်ပွဲတွေအဆုံးသတ်ရေး အစ္စရေးဘက်က ပထမဆုံးအကြိမ်ကမ်းလှမ်းမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။“ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုရပ်လိုက်တာက စေတနာ မပါဘူး။ တိုက်ခိုက်တယ်ဆိုကတည်းက ရာဇဝတ်မှုပါ။ တိုက်ခိုက်တာရပ်လိုက်တာက ရာဇဝတ်မှုကို အဆုံးသတ်လိုက်တာမုတ်ဘူး။ အစ္စရေးက ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို မလိုချင်သေးဘူး” လို့…
Read MoreThis Day in History
Voice of Myanamarဥရောပသမဂ္ဂသည် ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မော်လ်တာ၊ ပိုလန်၊ စလိုဗက်ကီးယားနှင့် စလိုဗေးနီးယားတို့ကို အဖွဲ့ဝင်နိုင်ငံသစ်များအဖြစ် ဝင်ခွင့်ပြုရန် ၂၀၀၄ ခုနှစ် မေ ၁ ရက်တွင် သဘောတူခဲ့သည်။
Read More