မဏိပူရ်ပြည်နယ်မှာ အကျဥ်းကျခံရတဲ့ မြန်မာနိုင်ငံသားတချို့ကို အိန္ဒိယအစိုးရက နစကထံ လွဲပြောင်းပေး

မေ ၊ ၃ ၊ ၂၀၂၄ SP (VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား တချို့ကို မနေ့ မေ ၂ ရက်က မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မိုးရေး – တမူး အင်ဒို – မြန်မာ နယ်စပ်ဂိတ်မှာ အိန္ဒိယအစိုးရအဖွဲ့က နစက အစိုးရအဖွဲ့ဆီကို လွဲပြောင်းပေးအပ်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက ” အင်ဖာ ထိန်းသိမ်းရေး စခန်းမှာ အကျဥ်းခံနေရတဲ့ မြန်မာ နှစ်ရာကျော်ရှိတယ်လို့ကြားရတယ် ၊ အဲ့ဒီထဲက လွတ်ရက်စေ့ပြီးတဲ့ မြန်မာတချို့ကို အိန္ဒိယ အစိုးရအဖွဲ့က အင်ဒို – မြန်မာ (မိုးရေး –…

Read More

This Day in History

Voice of Myanmarဗြိတိန်ကွန်ဆာဗေးတစ်ပါတီမှ မာဂရက်သက်ချာသည် ဗြိတိန်၀န်ကြီးချုပ်အဖြစ် ၁၉၇၉ခုနှစ် မေ၃ရက်တွင် ရွေးကောက်တင်မြောက်ခံခဲ့ရပြီး ၎င်းသည်ဥရောပနိုင်ငံများတွင် ၀န်ကြီးချုပ်ရာထူးကိုထမ်းဆောင်သည့် ပထမဆုံးအမျိုးသမီးဖြစ်လာသည်။

Read More

ပခုက္ကူ – ရေစကြို ကားလမ်း ပန်းတိုင်းခြုံရွာနားမှာ နစကတပ်ဖွဲ့ဝင် ၈ ယောက် တိုက်ခံရလို့သေဆုံး

မေ ၊ ၃ ၊ ၂၀၂၄SP(VOM)မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး ၊ ပခုက္ကူ – ရေစကြို ကားလမ်းမှာ မနေ့ မေ ၂ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က PDF အဖွဲ့တွေက တိုက်ခိုက်လို့ နစကရဲ့ ရဲတပ်ဖွဲဝင် ရှစ်ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေပါ ၊ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” ပခုက္ကူ – ရေစကြို လမ်းပိုင်းအတွက် ၊ လမ်းလုံခြုံရေး တာဝန်ထမ်းဆောင်ဖို့ လာတဲ့ အဖွဲ့တွေကို PDF တွေက စောင့်ကြိုတိုက်ခိုက်ခံရလို့ သေတယ် ” လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက် ပြောပြတာက” ဖြစ်စဥ်ကတော့ ကြားရတယ် ၊ နေပြည်တော်…

Read More

ယနေ့ ရွှေဈေး (မေ – ၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြည်ပအလုပ်ခေါ်စာအသစ်မှာ အမျိုးသားတွေဆို ဒီနေ့ကစ ခွင့်မပြု ယာယီရပ်

ရန်ကုန် ၊ မေ ၂ – ၂၀၂၄GG (VOM)ဒီနေ့ မေလ ၁ ရက်ကစပြီး ပြည်အလုပ်အကိုင် အလုပ်ခေါ်စာအသစ်ခေါ်ယူမှုမှာ ယောင်္ကျာလေးတွေဆိုရင် ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။အရင် အလုပ်ခေါ်စာ Demand ကျပြီးသားတွေကိုသာ ပြည်ပအလုပ်လုပ်ကိုင်ခွင့်ပြုပြီး ယောင်္ကျားလေး အလုပ်ခေါ်စာအသစ်ကို ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။“အလုပ်လုပ်ခွင့်ပိတ်တာမဟုတ်ဘူး၊ ယောင်္ကျားလေးအလုပ်ခေါ်စာအသစ်ကို ယာယီရပ်ဆိုင်းထားတယ်လို့ကြားတယ် ၊ အရင်အေဂျင်စီတွေကတင်လို့ရှိရင် demand ကအွန်လိုင်းကတင်ရတယ်။ အဲ့လိုတင်တဲ့အေဂျင်စီတွေကို ယောကျ်ားလေး demand အလုပ်ခေါ်စာအသစ်ကို ယာယီရပ်ဆိုင်းတယ်လို့အကြောင်းပြန်တယ်သိရတယ်။ တရားဝင်စာတော့မထုတ်ပြန်ဘူး။တရားဝင်စာမှ မထွက်သေးတော့ အရင်အလုပ်ခေါ်စာကျပြီးသားတွေသွားလို့ရတာပေါ့။အသစ်တွေကိုပဲယာယီရပ်နားတယ်လို့သက်ရောက်တယ် ” လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ၂ ဖြစ်သူ ဦးကျော်ထင်ကျော်က ပြောပါတယ်။ယခုလ မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့လိုက်ကြောင်းအလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းကလည်း ယောကျ်ားလေးတွေကို ဒီနေ့ကစပြီး အလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်ပြီးအလုပ်လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး မီဒီယာအချို့ကို အတည်ပြုပြောဆိုထားတာ…

Read More

မန္တလေး ကုန်စည်ဒိုင် ၂ – ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၂ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 145000/150000/ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 145000/ 150000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ –…

Read More

မူဆယ်မှာ စမတ်ကဒ် မှောင်ခိုဈေး ၅ သိန်းခွဲ ကနေ ၇ သိန်း ဝန်းကျင်ရှိနေ

မေ ၂၊ ၂၀၂၄Shy V (VOM)တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မှာ စမတ်ကဒ် လို့ခေါ်တဲ့ UID (Unique Identity Number) ဟာ မှောင်ခိုဈေး ၇ သိန်း ဝန်းကျင်ရှိနေတယ်လို့ နယ်စပ် ပြည်သူတွေ ဆီက သိရပါတယ်။“စမတ်ကတ်နဲ့ မူဆယ် ခရိုင်အတွင်းက စာအုပ် အနီ အတူတူ လုပ်ရင် တရုတ် ယွမ် ၂၂၀၀ လို့ ပြောနေတယ်။ စမတ်ကဒ် ပဲ ယူရင် တရုတ်ငွေ ၁၁၀၀ ယွမ် (ကျပ် ၅၈၀,၀၀၀ ကျော်) လို့ ပြောတယ်။ တဝက် တဝက် စီတဲ့။ စာအုပ်နဲ့ စမတ်ကတ်က ယွမ် ၂၂၀၀ (ကျပ် ၁၁ သိန်းခွဲကျော် ကျော်) လို့ပြောတယ်။” လို့ စာအုပ် သက်တမ်းတို့…

Read More

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဗုံးခြိမ်းခြောက်မှုများကြောင့် စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရ

ဒေလီ၊ မေ-၂-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဗုံးခြိမ်းခြောက်မှုအတုတွေကို အီးမေးလ်နဲ့ ပေးပို့ခဲ့မှုတွေကြောင့် ဒေလီအနီးရှိ ကျောင်းပေါင်း ၁၀၀ နီးပါးမှ ထောင်နဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူတွေက မေ ၂ ရက်မှာ ပြောပါတယ်။ ဗုံးခြိမ်းခြောက်မှုခံရတဲ့ ဒေလီအနီး ဆင်ခြေဖုံးရှိ စာသင်ကျောင်းတွေကို ရှာဖွေရေးတွေ ပြုလုပ်နေတာကြောင့် ပိတ်ထားပြီး ပြည်သူတွေအနေနဲ့ စိတ်မပူကြဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနဲ့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ ခြိမ်းခြောက်တဲ့ အီးမေးလ်တွေရဲ့ မူလဇစ်မြစ်ကို ခြေရာခံရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ခွေးတွေ၊ ဗုံးရှင်းလင်းရေးအဖွဲ့တွေနဲ့ ရှာဖွေနေပြီး ဆိုးရွားတဲ့ ဖြစ်ရပ်မျိုးမကြုံတွေ့စေဖို့ အပြည့်အဝပြင်ဆင်ထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ မြို့တော်ဒေလီရှိ ဆေးရုံအချို့မှာလည်း အလားတူခြိမ်းခြောက်စာတွေ ရရှိခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့ ထိန်းတန်းတာဝန်ရှိသူက သတင်းထောက်တွေ ကိုပြောပါတယ်။ လက်ရှိချိန်ထိ ဗုံးခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်း ဒေလီပညာရေးဝန်ကြီးကပြောပါတယ်။…

Read More

ဗီယက်နမ်တောင်ပိုင်းမှာ အပူလှိုင်းကြောင့် ငါးကောင်ရေထောင်သောင်းချီ သေဆုံး

ဟနွိုင်း၊ မေ-၂-၂၀၂၄ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင်ံ နိုင်ငံတောင်ပိုင်း ဒေါင်နိုင်ပြည်နယ်ရှိ ရေကန်တခုမှာ ရှိတဲ့ ငါးတွေထောင်သောင်းချီသေဆုံးခဲ့ပါတယ်။ ဟိုချီမင်းမြို့အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ဒေါင်နိုင်ပြည်နယ်မှာ ဧပြီလအတွင်း အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်ကိုကျော်လွန်နေပြီး ၁၉၉၈ ခုနှစ်မှာ မှတ်တမ်းတွေ ထားရှိပြီးနောက်ပိုင်း စံချိန်တင်ဖြစ်ပါတယ်။ အပူလှိုင်းကြောင့် စာသင်ကျောင်းတွေကိုပိတ်ထားရတဲ့ နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အပူချိန်မှာ အလွန်အမင်းမြင့်တက်လျှက်ရှိပြီး ဆောင်မေရေကန်ထဲက ငါးတွေ အပူချိန်ကြောင့် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ငါးတွေသေနေပြီး အနံ့တွေထွက်နေတယ် လို့ ဒေသခံ တယောက်က ပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မှတ်တမ်းတွေမှာတော့ ကန်ထဲမှာ လှေစီးနေကြတဲ့ ဒေသခံတွေကို တွေ့နေရပြီး ငါးသေတွေကြောင့် အောက်ကကန်ရေပြင်ကို မမြင်ရပါဘူး။ သတင်းဌာနတွေအဆိုအရ ဒီဒေသမှာ ရက်သတ္တပတ်များစွာ မိုးရွာသွန်းမှုမရှိခြင်းကြောင့်…

Read More

ယနေ့ ရွှေဈေး (မေ – ၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၁၉ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၇၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၃၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၇၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၃၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW