တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ အဝေးပြေးလမ်းပြိုကျမှုကြောင့် လူ ၂၄ ယောက်သေဆုံး

ပေကျင်း၊ မေ-၂-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ ရက်အတန်ကြာမိုးရွာသွန်းပြီးနောက် တောင်စောင်းအနီးရှိ အဝေးပြေးလမ်း ပြိုကျမှုကြောင့် လူ ၂၄ ယောက်ထက်မနည်းသေဆုံးသွားပါတယ်။ ဒီမတော်တဆမဟာ မိုင်လောင်းအဝေးပြေးလမ်းရှိ ၅၈ ပေအရှည်ရှိတဲ့ ဖြစ်ပြီး ဒဏ်ရာရသူ ၃၀ ကျော်ကို ဆေးရုံပို့ထားရပါတယ်။ အာဏာပိုင်တွေကတော့ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဆေးရုံတက်နေရတဲ့ ဒဏ်ရာရသူ ၃၀ က အသက်အန္တရာယ်မရှိကြောင်း နဲ့ အခင်းဖြစ်ရာနေရာကို ကယ်ဆယ်ရေးလုပ်သား ၅၀၀ ကျော်စေလွှတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြိုကျပြီးများမကြာမီ အဝေးပြေးလမ်းအောက်မှ မီးတောက်နဲ့ မီးခိုးများထွက်ပေါ်လာခဲ့ပြီး မော်တော်ယာဉ် အစီး ၂၀ လမ်းပြိုကျမှုကြောင့် ပြုတ်ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာပြီးခဲ့တဲ့ သီတင်းပတ်က ရုတ်တရက်ရေကြီးရေလျှံမှုတွေကြောင့် လူလေးယောက်သေဆုံးပြီး လူပေါင်း တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရပါတယ်။ ရေကြီးမှုကြောင့် နေအိမ်၊…

Read More

This Day in History

Voice of Myanmarအယ်လ်ခိုင်ဒါအဖွဲ့ကို တည်ထောင်သူနှင့် အမေရိကန်တွင် စက်တင်ဘာ ၁၁ ရက်အကြမ်းဖက်တိုက်မှု အပါအဝင် အကြမ်းဖက်မှုမျာကို ကြိုးကိုင်စီစဉ်ခဲ့သူ အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ် မေ ၂ ရက်တွင် အမေရိကန်အထူးတပ်ဖွဲ့ဝင်များက ပါကစ္စတန်၌ သုတ်သင်နိုင်ခဲ့သည်။

Read More

စစ်ကိုင်းတိုင်းက မြို့နယ် ၇ ခုမှာ မိုးသက်လေပြင်းကျလို့ သေဆုံးသူ တဦးနဲ့ အဆောက်ဦး သုံးရာကျော်ပျက်စီး

မေ ၊ ၂ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်းက မြို့နယ် ခုနှစ်မြို့နယ်မှာ မနေ့ မေ ၁ ရက် ၊ ညနေ ၄ နာရီဝန်းကျင်က မိုးသက်လေပြင်း တိုကျခဲ့ရာ ထိခိုက်သေဆုံးသူ လူတချို့ရှိခဲ့ပြီး ဘာသာရေး အဆောက်ဦးတွေအပါအဝင် လူနေအိမ် သုံးရာထက်မနည်း ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။ မိုးသက်လေပြင်းတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေကတော့ မုံရွာ ၊ ဆားလင်းကြီး ၊ ယင်းမာပင် ၊ ကနီ ၊ ဘုတလင် ၊ အရာတော်နဲ့ မုံရွာ မန္တလေး ကားလမ်းပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။ ” ညနေ ၄ နာရီဝန်းကျင်က မုံရွာမြို့ရဲ့ အနောက်မြောက်ဘက်ကနေ လေကြီး မိုးကြီးတွေ စကျတယ် ၊ တိုက်ခတ်ချိန် တနာရီ နီးပါးကြာတယ်၊ အဲ့ဒါကြောင့်…

Read More

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွှတ်ကွင်းမြို့က တံတားနဲ့ ရထားလမ်း မိုင်းခွဲခံရလို့ ရထားခရီးစဥ်တွေရပ်ဆိုင်း ၊ကားတွေအမြန်လမ်းက သွားနေရ

ရန်ကုန် ၊ မေ ၁ – ၂၀၂၄ GG (VOM) ရန်ကုန် – မန္တလေးလမ်းဟောင်း ကားလမ်းပေါ်၊ ကညွှတ်ကွင်းမြို့နယ်ထဲက တံတားတစင်းမိုင်းဖောက်ခွဲဖျက်ဆီးခံရသလို ရထားလမ်းလည်း မိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ​ဒီနေ့ မေလ၁ ရက်နေ့ မနက်အစော ၁ နာရီလောက်မှာ ရထားလမ်းရော ၊ ကားလမ်းရော မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားကလည်း အလုံးစုံပျက်စီးကာ ရထားလမ်းလည်း ပျက်စီးခဲ့သလို ရထားတွဲ ၄ တွဲလမ်းချော်ခဲ့ရ တယ်လို့ သိရပါတယ်။ ” ည ၁၂ နာရီကျော် တနာရီလောက်မှာ ပေါက်ကွဲသံနှစ်ချက်ကြားရတယ်၊မနက်ကျသိရတာ ငါးနုသန်းချောင်းကိုထိုးထားတဲ့တံတား ဖျက်ဆီးခံရတယ်။ သူနဲ့ အပြိုင် ရထားလမ်းလည်းဖျက်ဆီးခံရတယ်။ကားတွေက လမ်း​ကြောခဏပိတ်ပြီး ပြန်ပွင့်သွားတယ် ” လို့ ကညွှတ်ကွင်းဒေသခံကပြောပါတယ်။ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်က တံတားဖျက်ဆီးခံရတာကြောင့် မနက်အစောပိုင်းမှာကားတွေအများအပြား ပိတ်မိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမြန်လမ်းကနေ…

Read More

ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာသူဦးရေ တသိန်းခြောက်သောင်းကျော်အထိ မြင့်တက်လာ

မေ ၁ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေ တသိန်းခြောက်သောင်းကျော်အထိ မြင့်တက်လာ‌နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က ဒီကနေ့ မေ ၁ ရက်‌နေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ခန့်မှန်းခြေ တသိန်းခြောက်သောင်း ခြောက်ထောင်အထိ မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ UNOCHA ရဲ့ အသိပေးချက်မှာ “ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေး တင်းမာမှုအပေါ် စိုးရိမ်စရာတွေ မြင့်တက်လာတာတွေနဲ့အတူ အခြေအနေတွေက ရုတ်ချည်း ဆိုးရွားလာနေပါတယ်။ ကူညီထောက်ပံတာတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုရဲ့ ရုံးနဲ့ ဆေးပေးခန်းတခု ဧပြီလ ၁၅…

Read More

ယနေ့ ရွှေဈေး (မေ – ၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၈၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အီကွေဒေါမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် ပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာ

ကီတို၊ မေ-၁-၂၀၂၄မျိုးဆက်(VOM)အီကွေဒေါနိုင်ငံမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ကမ်းရိုးတန်းပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ဒါဟာ နိုင်ငံတွင်းမှာ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေယိုယွင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှ ရာထူးတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ နိုဘိုအာရဲ့ ဒုတိယမြောက်အရေးပေါ်အခြေအနေ ကြေညာချက်လည်းဖြစ်ပါတယ်။အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ပြည်နယ်တွေကတော့ El Oro ၊Guayas ၊Los Rios ၊ Manabi နဲ့ Santa Elenaတို့ဖြစ်ပြီး လက်ရှိမှာ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။လက်နက်ကိုင်အကြမ်းဖက်မှုတွေအပေါ် နည်းဗျူဟာမြာက် စစ်ဆင်ရေးတွေလုပ်ဖို့ လိုအပ်လာတာကြောင့် ပြည်နယ်တွေအတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုဖြန့်ကြက်ချထားသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ဇန်နဝါရီလအတွင်းက ရုပ်မြင်သံကြားဌာနတခုကို ဒရာမာဆန်ဆန် တိုက်ခိုက်မှုနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခံခဲ့ရတာတွေနဲ့ပတ်သက်ပြီး အီကွေဒေါအစိုးရက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေကို အပြစ်တင်ထားပါတယ်။Ref:ReutersPhoto:Reuters

Read More

တရုတ်စစ်တပ်ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ပထမဆုံး ရေချစမ်းသပ်မှု ပြုလုပ်

ပေကျင်း၊ မေ-၁-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်မှ ပထမဆုံးစမ်းသပ်မှုကို ဒီနေ မေ ၁ ရက်မှာ စတင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ လေယာဉ်တင်သင်္ဘောသစ် ဖူကျန်ဟာ ဒီနေ့မနက်ပိုင်းမှာ ရှန်ဟိုင်းရှိ သင်္ဘောကျင်းကနေ ထွက်ခွာသွားပြီလို့ို စီစီတီဗီသတင်းဌာနက ဆိုပါတယ်။ ဒါဟာ အမေရိကန်ရဲ့ သတိထားစောင့်ကြည့်မှုတိုးမြင့်စေပြီး ထိုင်ဝမ်အစိုးရအနေနဲ့ ဖိအားဖြစ်စေမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ လေယာဉ်တင်သင်္ဘော ဖူကျန်ကို ၂၀၂၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အခြားလေယာဉ်တင်သင်္ဘောနှစ်စင်းထက် အရွယ်အစားကြီးမားပြီး လေယာဉ်ပိုမိုတင်ဆောင်နိုင်ဖွယ်ရှိပါတယ်။ လေယာဉ်တင်သင်္ဘောမှာ လျှပ်စစ်သံလိုက်စွမ်းအင်သုံး ကိရိယာတွေတပ်ဆင်ထားပြီး ဒါတွေဟာသင်္ဘောပေါ်ကနေ လေယာဉ်တွေပျံတက်မှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ သင်္ဘောကို အရှေ့တရုတ်ပင်လယ်ကို တာဝန်ယူတဲ့ တရုတ်ရေတပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်မှာ ချထားမယ်လို့ ယူဆရပြီး စမ်းသပ်မှုဟာ သင်္ဘောကို တပ်တော်ဝင် တာဝန်ထမ်းဆောင်ဖို့ နောက်ဆုံးစမ်းသပ်မှုလည်းဖြစ်ပါတယ်။ သမ္မတ ရှီကျင်းပင်လက်ထက်မှာ တရုတ်နိုင်ငံဟာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၇၀ ကျပ်ဝယ်ဈေး – ၃၉၁၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၈၇ ကျပ်ဝယ်ဈေး – ၄၁၈၈ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၆.၉၅ ကျပ်ဝယ်ဈေး – ၁၀၄.၇၁ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၃ ကျပ်ဝယ်ဈေး – ၈၇၃ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၃၈ ကျပ်ဝယ်ဈေး – ၅၂၈ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၂၂ ကျပ်ဝယ်ဈေး – ၂၄.၇၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၀၅ ကျပ်ဝယ်ဈေး – ၄၇.၀၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၇ ကျပ်ဝယ်ဈေး – ၂.၈၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၆၁ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၈၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW