ဆူးငှက် ကုန်လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် နို၀င်ဘာ (၂၉)ရက်နေ့မှာဒေါ်ဒေါ်(လူထုဒေါ်အမာ) နှစ်၁၀၀တင်းတင်းပြည့်ခဲ့ပါပြီ။ ဒေါ်ဒေါ့် ဂုဏ်ပုဒ်တွေကို ဂါရ၀ထားပြီး “လူထုဒေါ်အမာရာပြည့်”အထိမ်းအမှတ်ပွဲကို၂၀၁၅ခုနှစ် နို၀င်ဘာ ၂၆ရက်နေ့ကစပြီး မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄လမ်း)နှင့် ၃၁လမ်းထောင့်က ဓမ္မသာလာခန်းမမှာ စာအုပ်ပြပွဲ၊ လက်ရေးစာမူများနှင့် ဘ၀မှတ်တမ်းဓာတ်ပုံပြပွဲကို စာအုပ်စျေးရောင်းပွဲတော်နှင့်အတူ နို၀င်ဘာ ၂၈ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဓမ္မသာလာခန်းမမှာပဲ နို၀င်ဘာ၂၆ရက်နေ့ညမှာ “ပြည်သူချစ်သောလူထုဒေါ်အမာနှင့် အနုပညာသည်များ”ခေါင်းစဉ်နှင့် ကျွန်တော်က မြို့မတူရိယာအသင်း၊ မြန်မာဆိုင်းဝိုင်း၊ အဆိုတော်များ၊ အနုပညာရှင်များနှင့် တွဲဖက်ပြီးဟောပြောခဲ့ပါတယ်။ နို၀င်ဘာ၂၇ရက်နှင့် ၂၈ ရက်ညတွေမှာလည်းရန်ကုန် မန္တလေးနှင့် နယ်အသီးသီးက စာရေးဆရာဆရာမကြီးများရဲ့ စာတမ်းဖတ်ပွဲကိုလည်း ဓမ္မသာလာခန်းမမှာ ကျင်းပခဲ့ပါတယ်။ နို၀င်ဘာ (၂၉)ရက်နေ့မှာတော့ အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များကို ကျွေးမွေးဧည့်ခံခြင်းများနှင့်အတူ သက်ကြီးဝါကြီး စာရေးဆရာကြီးများရဲ့ အမှတ်တရ စကားပြောကြားခြင်း အစီအစဉ်နှင့် လူထုဒေါ်အမာရာပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ “လူထုဒေါ်အမာရာပြည့်”အမှတ်တရအဖြစ် စာရေးဆရာ၁၀၀ရဲ့…
Read MoreYear: 2025
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို “ဝ” က စစ်ရေးပံ့ပိုးမှုတွေ ရပ်ဆိုင်းကြောင်း တရားဝင်ကြေညာ
ဩဂုတ် ၂၁၊ ၂၀၂၅ Shy V + နွယ်နီ(VOM) ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပန်ဆန်းမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့က မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSPP/SSA) တို့နဲ့ တွေ့ဆုံခဲ့ပြီး စစ်ရေးပံ့ပိုးမှုတွေ ရပ်ဆိုင်းကြောင်း တရားဝင်ကြေညာခဲ့တယ်လို့ ဝ ဒေသအခြေစိုက် “ဝ” လူငယ့်အသံရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ UWSA က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေဖြစ်တဲ့ TNLA, MNDAA နဲ့ SSPP/SSA တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာမှာ တရားဝင် စစ်ရေးဆုံးဖြတ်ချက်တွေကို အသိပေး ကြေငြာခဲ့တယ်လို့ WSTV က ထုတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ “ဝ…
Read Moreတရုတ်နိုင်ငံအထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ နျူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် အိန္ဒိယစမ်းသပ်
ဒေလီ၊ ဩဂုတ်-၂၁-၂၀၂၅ ရတီ (VOM) အိန္ဒိယစစ်တပ်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ Agni-5 ပဲ့ထိန်းဒုံးကျည်ဟာ ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ စစ်ရေးအနေအထားကို ကာကွယ်မှု မြှင့်တင်ဖို့ ရည်ရွယ်ပြီး ပြည်တွင်းထုတ်မှာ ထုတ်လုပ်ထားတဲ့ တာတိုနဲ့ တာလတ်ပစ် ဒုံးကျည် အများအပြားထဲမှ တခုဖြစ်ပြီး တရုတ်နိုင်ငံ ဘယ်နေရာဖြစ်ဖြစ် ပစ်ခတ်ရောက်ရှိနိုင်ပါတယ်။ Agni-5 ဒုံးကျည်ကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီဆာ ပြည်နယ်မှာ အောင်မြင်စွာ ပစ်ခတ်ခဲ့တာဖြစ်ပြီဒ လည်ပတ်မှုနဲ့ နှင့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များအားလုံး အောင်မြင်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ဟာ တောင်အာရှတဝန်းမှာ သြဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပြီး လူ အသေအပျောက်များခဲ့တဲ့ နယ်စပ်တိုက်ပွဲအပြီး ၂၀၂၀ ခုနှစ်ကစပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းသွားခဲ့ပါတယ်။…
Read Moreရန်ကုန်မြို့ပေါ်က KTV တွေကို စာရင်းကောက်ယူဖို့ စီစဉ်နေ
ဩဂုတ် ၂၁ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့ပေါ်မှာရှိတဲ့ KTV နဲ့ အနှိပ်ခန်းတွေကိုသက်ဆိုင်ရာကစာရင်းကောက်ယူမယ်လို့ သတင်းတွေထွက်ပေါ် နေတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာလည်း မန္တလေးမြို့အတွင်းမှာရှိတဲ့ Hi ခန်းပါတယ်ဆိုတဲ့ KTV ဆိုင်ပေါင်း ၅၀ ကျော်ကိုလည်းသက်ဆိုင်ရာက တလပိတ်သိမ်းအရေးယူမှုတွေကိုပြုလုပ်ခဲ့သလို ကျန်ရှိတဲ့ဆိုင်တွေကိုလည်းရှောင်တ ခင်စစ်ဆေးအရေးယူမှုတွေကိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ “စာရင်းက မြို့နယ်အဆင့်ကတိုက်ရိုက်ကောက်ယူမယ်လို့သိရတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပါတယ်။ အခုဩဂုတ်လ ၁၉ ရက်နေ့ကလည်းစစ်ကိုင်း တိုင်းဒေသကြီးအတွင်းက မုံရွာမြို့ပေါ်နဲ့ ခန္တီးမြို့ပေါ် ရှိ ကာရာအိုကေ KTV ဆိုင်တွေကို စည်းကမ်းနဲ့ အညီဆောင်ရွက်မှုတွေ ရှိ/မရှိ သက်ဆိုင်ရာက ရှောင်တခင်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ ဒီလို KTV ဆိုင်တွေကိုစာရင်းကောက်ယူမယ်ဆိုတာဟာ ရွေးကောက်ပွဲနီးလာလို့ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စတွေမှာမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ပွားအောင်ကြိုတင်စာရင်းကောက်ယူတာမျိုးဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ “တညလုံးပိုက်ဆံပါရင်နေထိုင်စားသောက်လို့ရတော့မသမာသူတွေ၊အဖျက်သမားတွေဒုစ ရိုက်သမားတွေခိုအောင်းလို့ရတယ်။လုံခြုံ…
Read Moreစိန်ခေါ်မှုတွေပြည့်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့အနာဂတ်
SM (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ မြန်မာ့နိုင်ငံရေးလောကအတွက် စိန်ခေါ်မှုအသစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒီကြေညာချက်အရ နိုင်ငံရေးပါတီတွေဟာ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထားပြီး ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်းဖွင့်လှစ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ပြည့်မီကြောင်း အထောက်အထားတင်ပြရမှာဖြစ်ပါတယ်။ သတ်မှတ်ချက်တွေ မပြည့်မီတဲ့ ပါတီတွေကိုတော့ ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၁၂ အရ အရေးယူမယ်လို့လည်း ဆိုပါတယ်။ ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ပါတီတွေအတွက် လက်တွေ့ကျကျ စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံတစ်ဝန်းလုံးအဆင့်ယှဥ်ပြိုင်မယ့် ပါတီတွေအတွက် အနည်းဆုံး ပါတီဝင် ငါးသောင်း စည်းရုံးနိုင်ဖို့နဲ့ မြို့နယ် ၁၁၀မှာ ရုံးခန်းတွေ ဖွင့်လှစ်နိုင်ဖို့ဆိုတာက အချိန်တိုအတွင်း လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ခက်ခဲမှုတွေနဲ့ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အရင်ကထက်စာရင် ပါတီအင်အားစည်းကမ်းတွေ လျှော့ချပေးတာဆိုသော်ငြား လိုအပ်တဲ့ ပါတီဝင်ဦးရေကို…
Read Moreယူကရိန်းအနောက်ပိုင်းကို ဒရုန်း ၊ ဒုံးကျည်ရာပေါင်းများစွာနဲ့ ရုရှားတိုက်ခိုက်
ကိဗ်ယက်၊ ဩဂုတ်-၂၁-၂၀၂၅ ရတီ (VOM) ရုရှားဟာ ယူကရိန်းအနောက်ပိုင်းကို ဒရုန်း၊ ဒုံးကျည်ရာပေါင်းများစွာနဲ့ တိုက်ခိုက်ခဲ့ပြီး မကြာသေးမီ သီတင်းပတ်တွေအတွင်း အပြင်းထန်ဆုံးသော တိုက်ခိုက်မှုတွေထဲ့ တခုလို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတာ်။ ဇာပိုရစ်ဇီးယား၊ ဒီနီပရိုပက်ရော့ဗ်နဲ့ လာဗစ်တို့မှာ ထိခိုက်မှုတွေရှိပြီး လူတယောက် သေဆုံးခဲ့ပါတယ်။ ရုရှားဟာ တိုက်ခိုက်မှုတွေအတွင်း ဒရုန်းနဲ့ ဒုံးကျည် ၆၀၀ အနက် ၅၇၇ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒီထဲမှာ ဒရုန်းတွေ ၊အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေလည်း ပါဝင်တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒုံးကျည်တွေအနက် တခုဟာ အနောက်ဘက်စွန်းဒေသရှိ အမေရိကန်အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကို ထိမှန်သွားခဲ့ပြီး ဆိုးရွားစွာပျက်စီးမှုနဲ့ အသေအပျောက်တွေဖြစ်ခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေနဲ့ ပိုမိုအားကောင်းတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ…
Read Moreပိတ်မိကုန်ပစ္စည်းတွေကို သောင်ရင်းမြစ်မှတဆင့် မြန်မာပြည်အတွင်း တင်သွင်းနိုင်ဖို့ ညှိနှိုင်းနေ
ဩဂုတ် ၂၁ – ၂၀၂၅ SS (VOM) ထိုင်း – မြန်မာနယ်စပ်၊ အမှတ် (၂) တံတားမှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို သောင်ရင်းမြစ်မှတဆင့် မြန်မာပြည်အတွင်း တင်သွင်းခွင့် ရရှိနိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ နေပြည်တော်က တိုက်ရိုက် ညွှန်ကြားချက်အရ ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ – မဲဆောက်ဂိတ်မှ ထိုင်းကုန်စည်တွေ ဝင်ရောက်မှုကို နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ပိတ်ပင်ထားခြင်း ဖြစ််တယ်လို့ သိရပါတယ်။ “ပိတ်ထားတာ တလလောက်တော့ ရှိနေပြီ။ ဒါပေမယ့် ပိတ်တယ်ဆိုတာက အရင်ကတော့ သူတို့ စိစစ်တာတွေလုပ်ပြီးရင် တရက်ကို ကားအစီးရေ ၂၀၊ ၃၀ လောက် မြန်မာဘက်ခြမ်း ဝင်လို့ရနေသေးတယ်။ လုံးဝ ပိတ်ချလိုက်တာကတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၈…
Read Moreပြည်တွင်း ရွှေဈေး ကျရိပ်သန်းလာပြန်
ဩဂုတ် ၂၁ – ၂၀၂၅ SN (VOM) ပြည်တွင်းက ပြင်ပဈေးနှုန်းတွေ ထပ်မံ ကျဆင်းလျက်ရှိတာမှာ ဒီကနေ့ ဩဂုတ် ၂၁ ရက် ညနေပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ခုနစ်ဆယ့်လေးသိန်း ဝန်းကျင်ကို ကျဆင်းလာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်၊ နေ့လယ်ပိုင်းကစပြီး အခေါက်ရွှေ တကျပ်သားကို ခုနစ်ဆယ့်ခြောက်သိန်း ခုနစ်သောင်းကျပ် ဝန်းကျင်နဲ့ ဈေးစတင် ကျဆင်းလာတာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၁ ရက်အထိ သုံးရက်အတွင်း ကျပ် သုံးသိန်းဝန်းကျင် ကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုက တရက်ကို တသိန်းနှုန်း ကျနေတယ်လို့ ပြောရမှာပေါ့။ ကျွန်တော့် တယောက်တည်းရဲ့ အမြင်အရတော့ စနစ်သစ်နဲ့ စနစ်ဟောင်း တန်းညီအောင် ဆွဲညှိနေတဲ့သဘောပါ။ နောက်ပိုင်းမှာ ဈေးတန်း တခုပဲ…
Read Moreယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲ မော်စကိုမှာပြုလုပ်ဖို့ ပူတင်အဆိုပြု
မော်စကို၊ ဩဂုတ်-၂၀-၂၀၂၅ ရတီ(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲကို မော်စကိုမှာ ပြုလုပ်ဖို့ ရုရှားသမ္မတ ပူတင်က အဆိုပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီး၊ ဥရောပခေါင်းဆောင်တွေနဲ့ ဒေါ်နယ်ထရန့်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထရန့်ဟာ ပူတင်ကိုလည်း တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်းနဲ့ထိပ်သီးဆွေးနွေးပွဲအပေါ် ပူတင်က အဆိုပြုခဲ့တာလို့ အေအက်ဖ်ပီက ဆိုပါတယ်။ ဥရောပခေါင်းဆောင်များတွေ၊ ဇယ်လင်စကီးတို့နဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ရာ ထရန့်က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့တွေနဲ့အတူ ဥရောပနိုင်ငံတွေက ထောက်ပံ့မှုတွေ ပြုလုပ်မယ်လို့ ပြောပါတယ်။ အမေရိကန်အနေနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းလုံခြုံရေးအာမခံချက်အတွက် မြေပြင်တပ်ဖွဲ့တွေကိုတော့ ယူကရိန်းကို စေလွှတ်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒါပေမယ့်လည်း လေကြောင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေလုပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်…
Read Moreကျောက်မဲ နောင်ပိန်ရွာ အနီးအထိ တပ်ကစစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ပြင်းထန်နေ
ဩဂုတ် ၂၀၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ အနီးအထိ ဩဂုတ်လ ၁၉ ရက်နေ့က နလအတပ်က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စစ်ကြောင်းထိုးလာနေတာ ဟုတ်တယ်။ နောင်ပိန်ထဲတောင် ပစ်နေပြီ။ ဒေသခံ တချို့က တခြားရွာဘက် ရောက်သွားပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နောင်ပိန်ရွာထဲက ဒေသခံ တချို့ကတော့ မရှောင်ကြသေးပဲ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ “ထန်းတပင်မှာ စစ်တပ်တွေ ရာနဲ့ချီပြီးရောက်နေပါတယ်။ နောင်ပိန်ကလူတွေ ပုံဝိုးကို အများကြီး စစ်ရှောင် ရောက်နေပါတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ထန်းတပင်ရွာက နောင်ပိန်ရွာနဲ့ တစ်မိုင်ကျော် ခန့်သာ ဝေးတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ…
Read More