ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲ မော်စကိုမှာပြုလုပ်ဖို့ ပူတင်အဆိုပြု

မော်စကို၊ ဩဂုတ်-၂၀-၂၀၂၅
ရတီ(VOM)
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲကို မော်စကိုမှာ ပြုလုပ်ဖို့ ရုရှားသမ္မတ ပူတင်က အဆိုပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီး၊ ဥရောပခေါင်းဆောင်တွေနဲ့ ဒေါ်နယ်ထရန့်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထရန့်ဟာ ပူတင်ကိုလည်း တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်းနဲ့ထိပ်သီးဆွေးနွေးပွဲအပေါ် ပူတင်က အဆိုပြုခဲ့တာလို့ အေအက်ဖ်ပီက ဆိုပါတယ်။
ဥရောပခေါင်းဆောင်များတွေ၊ ဇယ်လင်စကီးတို့နဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ရာ ထရန့်က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့တွေနဲ့အတူ ဥရောပနိုင်ငံတွေက ထောက်ပံ့မှုတွေ ပြုလုပ်မယ်လို့ ပြောပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းလုံခြုံရေးအာမခံချက်အတွက် မြေပြင်တပ်ဖွဲ့တွေကိုတော့ ယူကရိန်းကို စေလွှတ်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒါပေမယ့်လည်း လေကြောင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေလုပ်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရုရှားဘက်ကတော့ ယူကရိန်းနဲ့ ထိပ်သီးဆွေးနွေးပွဲတွေ မကြာခင်ဖြစ်ပေါ်တော့မယ်ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။ ဘယ်လိုအစည်းအဝေးမျိုးမဆို အဆင့်လိုက်စတင်ဖို့ လိုအပ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ စစ်ပွဲ အပစ်အခတ်ရပ်စဲရေးအဆင့်ကို ကျော်လွန်ပြီး စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် ရယူသင့်တယ်လို့ ဆိုပေမယ့် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တွေကို ဦးတည်ဆွေးနွေးမှုတွေ ရှိနေပါတယ်။
စစ်ပွဲအဆုံးသတ်ရေးမှာ ယူကရိန်းအနေနဲ့ နယ်မြေတချို့ လက်လွှတ်ရဖွယ်ရှိတယ်လို့ ထရန့်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အကဲဆတ်တဲ့ နယ်မြေထိန်းချုပ်ရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW