ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၈-၂၀၂၅ ရတီ (VOM) အမေရိကန်ဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောပါတယ်။ အခွန်ကောက်ခံမှုကို မတ်လ ၄ ရက်မှာ စတင်မှာဖြစ်ပြီး အမေရိကန်သို့ ဖန်တနိုင်းမူးယစ်ဆေးတွေ ဝင်ရောက်မှုကို တားဆီးရန်ပျက်ကွက်နေကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။ ထရန့်ဟာ သမ္မတဖြစ်လာပြီးနောက် အခွန်ကောက်ခံမှုတွေကို ဆက်လက်တိုက်ပြုလုပ်နေတာကြောင့် ကုန်သွယ်ရေးတင်းမာမှုတွေရှိနေပြီး ယခုလအစောပိုင်းကလည်း တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း စတင်ကောက်ခံနေပြီဖြစ်ပါတယ်။ ကနေဒါ ၊ မက္ကဆီကပိုတို့အပေါ်ကိုတော့ အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီး မတ် ၄ ရက်မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ နယ်စပ်လုံခြံရေးကို တိုးမြှင့်မပေးဘူးဆိုရင် အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ဖေဖော်ဝါရီ ၄ ရက်က ကြေညာခဲ့တာပါ။ ဒါပေမယ့် နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့နဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး နည်းလမ်းတွေကို ဆွေးနွေးပြီးနောက်…
Read MoreMonth: February 2025
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို နစကတပ်တွေ ပိတ်ဆို့ထား
ဖေဖော်ဝါရီ ၂၈ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နစကတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။ မိုးကုတ်မြို့ကို တအာင်းတပ်မတော် (TNLA) ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ မြို့ကို အပြီးသတ် ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးကုတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ နစကဘက်က လုပ်ဆောင်လာနေပြီး မြို့ပတ်ပတ်လည်ကနေ ဝိုင်းဝန်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ “မိုးကုတ်မှာ TNLA အဖွဲ့က လိုက်ကြေညာနေတယ်လို့ သိရပါတယ်။ အရပ်သားတွေကို ဘေးကင်းရာနေဖို့ ဆော်ဩနေတယ်” လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။…
Read Moreချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့ ကနေ မန္တလေးအထိ စားသောက်ကုန်ကား လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင်ရှိနေ
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ရာ ချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့ ကနေ မန္တလေးအထိ စားသောက်ကုန်ကား လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင်ရှိနေကြောင်း နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။ “ဒီ တရုတ်နယ်စပ် ကနေ မန္တေလးထိ လမ်းစရိတ် သိန်း ၃၀၀ လောက် ကုန်တယ် ဆိုတာ လမ်းကြေးတွေ ရော အပါ ဖြစ်မယ်။ တစီးစီး နဲ့ တစီး ကုန်ကျ စရိတ် မတူဘူး။ ကုန်ပေါ်မှာလည်း မူဆယ်တယ်။ ပြီးရင် ဒီကုန်ပေါ်မှာ ဘာ်လောက်ထိ အာမ ခံသလဲ ဆိတဲ့ အပေါ်လည်း မူတည်တယ်” လို့ နယ်စပ် ပို့ကုန် သွင်းကုန် ကိုယ်စားလှယ် တယောက်က…
Read Moreဒစ်ဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာစနစ် စတင်
ဖေဖော်ဝါရီ ၂၈ – ၂၀၂၅ SN (VOM) ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာ (MMQR) ငွေပေးငွေယူ စနစ်အသုံးပြုမှုကို ခွင့်ပြုဲလိုက်ပြီး လက်ရှိမှာတော့ စျေးဝယ်တာအပါအဝင် ငွေပေးချေမှုအချို့မှာသာ လက်ရှိအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငွေကျပ် ဘီလီယံပေါင်း များစွာ ရိုက်ထုတ်ဖို့ မလိုအပ်အောင် ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာ (MMQR) စနစ်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက မနေ့ ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်၊ ကျောက်စိမ်းခန်းမမှာ ပြုလုပ်တဲ့ MMQR ငွေပေးငွေယူစနစ် စတင်အသုံးပြုတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ MMQR စနစ် အသုံးပြုပြီး ငွေပေးချေမှုကို အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်း ရောင်းချခြင်း စတဲ့…
Read MoreTNLA က စခန်းကိုဝင်စီးပြီး ရိုက်နှက်ခံရတဲ့ KIA တပ်သား ၁၀ ယောက်ကျော် အဆက်အသွယ်မရ
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်)ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ခန့်က KIA တပ်စခန်းကို TNLA တပ်ဖွဲ့က သွားရောက်စီးနင်းရာ TNLA တပ်ဖွဲ့ဘက်က လက်လွန် ရိုက်နှက်ထားတဲ့ KIA တပ်သား ၁၀ ယောက်ကျော်ကို အဆက်အသွယ် မရကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “TNLA တပ်ဖွဲ့ ရိုက်နှက် နှိပ်စက်ထားတဲ့ KIA တပ်သား ၁၁ ယောက်က သေမလား၊ ရှင်မလား တောင်မသိဘူး။ ရထားတဲ့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်” လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။ မန်တုံ…
Read Moreလူထုကြားကအနုပညာ
ဆူးငှက် ၁၉၈၀ခုနှစ် ဝန်းကျင်ကာလများအတွင်းမှာပင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင် စာအုပ်များကိုဖတ်ရသည်။ ကျွန်တော်က “အငြိမ့်” ကိုပိုကြိုက်သည်။ ကျွန်တော် “အငြိမ့်” ကိုဖတ်ရတာစာအုပ်ထွက်ပြီး ၆နှစ်၇နှစ်မှ ဖြစ်သည်။ သို့သော် ကိစ္စမရှိ။ အကြောင်းအရာအချက်အလက်တိုင်းအသစ်အဆန်းချည်းဖြစ်နေသည်။ ထိုအချိန်က ကျွန်တော်တို့ကလည်းလူပျိုဖားဖားမို့ မန္တလေး၏ ဆူဖြိုးကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီညစဉ်မပြတ် ရောက်ရှိကာရင်ထဲခံစားရသောမင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင်ထောင့် သန်းခေါင်သန်းလွဲအထိ ရင်ခုန် ခံစားနေသော ကာလများလည်း ဖြစ်ပါ၏။ ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသော အကြောင်းခြင်းရာများက ၁၉၇၀ ကျော်ဝန်းကျင် အုံနှင့်ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီစာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနေရာပျောက်ရာမှ ဝါသနာအရင်းခံနှင့် ရေမြေအရသူတို့၏ ကလောင်ဖျားက “သဘောထား” များလည်း မန္တလေးအငြိမ့်စင်များဆီ “အော်ပရာ” များအဖြစ် အပြိုင်းအရိုင်းဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာခံစားတက်ကြွနေခြင်းလည်း ဖြစ်သည်။…
Read Moreသပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ
ဖေဖော်ဝါရီ ၂၇- ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သပိတ်ကျင်းမြို့နယ် ၇ မိုင်နဲ့ တွင်းငယ်ရွာအနီးက တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) တို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နစကတပ်အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “နစကဘက်က သူတို့ ပေးလိုက်ရတဲ့ စခန်းတွေ ပြန်ရဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုကို ဖြစ်နေတာ။ ခုနောက်ပိုင်း တိုက်ပွဲဖြစ်တာ ပိုစိပ်လာတယ် ပြောရမယ်။ တတက ၁၃ တဝိုက်ဆီကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်။ ဒေသတွင်း…
Read Moreဆူဒန်စစ်လေယာဉ်တစင်း လူနေရပ်ကွက်ပေါ်ပျက်ကျလို့ ၄၆ ယောက်သေဆုံး
ခါတွမ်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅ ရတီ(VOM) ဆူဒန်နိုင်ငံ အွမ်ဒါမန်မြို့ လူနေရပ်ကွက်တခုပေါ်ကို ဆူဒန်စစ်လေယာဉ်တစင်း ပျက်ကျမှုကြောင့် လူ ၄၆ ယောက်သေဆုံးပြီး ၁၀ ယောက်ဒဏ်ရာရရှိဲခဲ့တယ်လို့ ဆူဒန်နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။ အန်တိုနော့ဗ် အမျိုးအစား အဲဒီလေယာဉ်ဟာ ဝါဒီဆိုက်နာလေတပ်စခန်းမှ ပျံတက်ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပြီး စစ်ဘက်အရာရှိတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒါဟာနည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ စစ်ဘက်တာဝန်ရှိသူတယောက် ပြောပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ထိပ်တန်းတပ်မှူးတယောက်လည်းပါဝင်တယ်လို့ ဆိုပါတယ်။ တောင်ဒါဖာဒေသမှ စစ်တပ်လေယာဉ်တစင်းကို ပစ်ချခဲ့တယ်လို့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က အခိုင်အမာပြောဆိုပြီးနောက် တရက်အကြာမှာ လေယာဉ်ပျက်ကျမှု ထပ်မံဖြစ်ပွားခဲ့တာပါ။ စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြား အာဏာလွန်ဆွဲမှုမှ စတင်ခဲ့တဲ့ ပြည်တွင်စစ်ကြောင့် ခါတွမ်နဲ့ အွမ်ဒါမန် အပါအဝင် ဆူဒန်နိုင်ငံနေရာအနှံ့အပြားမှာတော့ လက်နက်ကိုင်းပဋိပက္ခတွေ…
Read Moreမုံရွာနယ် ဗောဓိတထောင် တိုက်ပွဲမှာ ရဲတပ်ဖွဲ့ရဲ့ လက်နက် ခဲယမ်းတွေပါဆုံးရှုံး
ဖေဖော်၀ါရီ ၊ ၂၇ ၊ ၂၀၂၅ KH(VOM) စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ မုံရွာမြိုနယ်ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ခတက္ကန်ကျေးရွာ ၊ ဗောဓိတထောင် သာသနာ့ကုန်းမြေပေါ်မှာ တည်ရှိတဲ့ ရုပ်သံ ထပ်လွင့်စက်ရုံကို လုံခြုံရေး တာ၀န်ယူထားတဲ့ ရဲကင်းစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေ မနေ့ ဖေဖော်ဝါရီ ၂၆ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်၀င် တချို့ သေဆုံး ၊ ဒဏ်ရာရပြီး ပျောက်ဆုံးနေသူလည်း ရှိတဲ့အပြင် ရဲကင်းစခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေလဲ သိမ်းဆည်းခံရတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” ပါဆုံး ပစ္စည်းတွေက BA – 63 (G3 ) သေနတ် ငါးလက် ၊ MA – 13…
Read Moreရုရှားကို မြောက်ကိုရီးယားတပ်တွေ ထပ်မံစေလွှတ်ထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး ပြော
ဆိုးလ်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅ မျိုးဆက်(VOM) ရုရှားကို မြောက်ကိုရီးယားတပ်တွေ ထပ်မံစေလွှတ်ထားပြီး အတိုင်းအတာဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ နောက်ထပ်ပို့တဲ့ တပ်တွေကို ရုရှားကာ့စ်ဒေသမှာ တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။ ရုရှားအနောက်ပိုင်း အဲဒိဒေသမှာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေနဲ့ ရုရှားတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တသောင်းကျော်ကို ယခင်ကလည်း ရုရှားကို စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးက ပြောဆိုထားပါတယ်။ အနောက်နိုင်ငံကျွမ်းကျင်သူတွေကတော့ ရုရှားဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေကိုလည်း အသုံးပြုနေတယ်လို့ ဆိုကြပါတယ်။ ယခင်စေလွှတ်လိုက်တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် ကာ့စ်ဒေသကနေ ရုပ်သိမ်းမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း တခြားထိခိုက်မှု အနည်းဆုံးပုံစံနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စစ်မြေပြင်မှာ ရုရှားက ပြန်လည်အသုံးပြုလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ရုရှားအတွက် လက်နက်တွေပံ့ပိုးပေးနေတယ်ဆိုတာကိုတော့ မြောက်ကိုရီးယားက ဝန်ခံခြင်းမရှိပါဘူး လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က…
Read More