နောက်ပိုင်း ဇာတ်ထုပ်

      ဆူးငှက် ကျွန်တော့်အဖေက ဇာတ်ဆိုလျှင်လည်း ရှေ့ပိုင်းက အော်ပရာတွေ၊ ပြဇာတ်တွေ နှစ်ပါးသွားတွေ ကြိုက်တာမဟုတ်။ နှစ်ပါးသွား အပြီး မင်းသား မင်းသမီး စခန်းချသည်မှ နောက်ပိုင်းဇာတ်ထုပ်ကိုပဲ ကြည့်သည်။ နှစ်ပါးသွားအပြီး စခန်းချသည်က နာရီပြန် ၃ချက်တီးလောက်မှ ဖြစ်မှာပေါ့။ ထိုစဉ်က ဇာတ်ကြီးများသည် နောက်ပိုင်း ဇာတ်ထုပ်ကို သမားစဉ်အပြည့် ခမ်းခမ်းနားနား ကကြလို့ ၃နာရီလောက် စခန်းချကာ မနက်မိုးလင်းထိ နောက်ပိုင်းဇာတ်ထုပ် ကို ကပြလေ့ရှိသည်။   ထု့ိကြောင့် အဖေက အိမ်ရှိ သံပတ်ပေးနာရီလေးကို နာရီပြန်၂ချက်ထိုးတွင် သံပတ်ပေးထားပြီး ကျွန်တော့်ကို စောစော အိပ်ရာဝင်ခိုင်းသည်။ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေချိန်တွင် နာရီနှိုးစက် ခေါင်းလောင်းသံက ဆူဆူညံမြည် သောအခါ မထချင်ထချင်ထပြီး မျက်နှာသစ်ကာ အဖေကခေါင်းပေါင်းပေါင်းပြီး ၄နှစ်သားကျွန်တော်နှင့် သားအဖ နှစ်ယောက် ဇာတ်သံကြားရာ သုတ်သုတ်သုတ်နှင့်…

Read More

အင်းတော်တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၃ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ အင်းတော်မြို့ရှိ နစကတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း နှစ်ခုကို KIA ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက KIA တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ခေတ္တခဏ ရပ်နားသွားပြီးနောက် အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ တကျော့ပြန် ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၃ – ၂၀၂၅ SN (VOM) ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေး အနည်းငယ် ဆက်ကျနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ပြီးခဲ့တဲ့တပတ်ကထက် အနည်းငယ် ကျဆင်းနေတာကို တွေ့ရပါတယ်။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီဈေးတွေ ဆက်တက်နေပြီး ဒီဇယ်ဈေးတွေပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေကျနေပြီး တခြားကုန်စည် အများစုကတော့ အတက်ဘက်မှာ ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၄ သိန်းကျော်ဝန်းကျင်ကို ပြန်လည် ကျဆင်းလာခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီတပတ်မှာလည်း အဲဒီ ဈေးတန်းမှာပဲ ဆက်ရှိနေပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၈ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်သုံးသိန်း ခုနစ်သောင်းဈေးဖြစ်ပြီး အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ၆၅…

Read More

ယခုနှစ်ရွှေစက်တော်ဘုရားပွဲ ခရီးသွားဝင်ရောက်မှုနည်းပါးပြီး တည်းခိုခန်း နဲ့စျေးဆိုင်ခန်းတွေဖွင့်နိုင်မှု ထက်ဝက်လျော့နည်း

ဖေဖော်ဝါရီ ၃ -၂၀၂၅ GG (VOM) မင်းဘူး၊မန်းရွှေစက်တော်ဘုရားပွဲကို မနေ့ကဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်းနေသလို တည်းခိုဆောင်နဲ့ စျေးဆိုင်ခန်းတွေလည်း ထက်ဝက်လောက်လျော့ကျခဲ့တယ် လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီနှစ်ရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ညအိပ်တည်းခိုနိုင်တဲ့ တည်းခိုခန်း နဲ့ စျေးဆိုင်ခန်းပေါင်း ၁၄၀၀ ကျော်ဆောက်လုပ်ဖို့လျာထားပေမယ့်လည်း မြေပြင်မှာ တည်းခိုခန်းဆောင် ၃၀၀ ကျော်နဲ့ စျေးဆိုင်ခန်းပေါင်း ၃၅၀ ဝန်းကျင်သာ တည်ဆောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ နှစ်စဥ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲရက်နဲ့ပွဲတော်ကာလတလျှောက်မှာဆိုရင် ဘုရားဖူးခရီးသွားဧည့်သည်အများအပြားဝင်ရောက်ပြီးစည်ကားမှုရှိသလို တည်းခိုဆောင်ဆိုရင်လည်း ၆၀၀ လောက်တည်ဆောက်လေ့ရှိပြီး စျေးဆိုင်ခန်းပေါင်း ၈၀၀ မှ ၁၀၀၀ ကြားတည်ဆောက်လေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကဖွင့်ပွဲရက်မှာတောင်လူသိပ်မရှိဘူး။ အဝေးကားတွေ လာတာတွေရှိတယ်။ မများဘူး။ခရီးသွားသိပ်မရှိဘူး။နောက်တခုကခုနှစ် တည်းခိုခန်းငှားရမ်းလုပ်သူလည်း နည်းတယ်။စျေးဆိုင်တွေလည်းနည်းတယ်။တချို့ကလည်း ခုဖြစ်နေတဲ့မတည့်ငြိမ်တဲ့အခြေအနေတွေကြောင့် အခန်းမငှားရဲကြဘူး။ဒါကြောင့်ခုနှစ် ဆိုင်ခန်းရောတည်းခိုခန်းရော တဝက်လောက်လျော့တော့ကြည့်ရတာတောင် မလှဘူး။ဘယ်လိုပြောရမလဲ ခရီးသွားမယ့်သူတွေကလည်းအခြေအနေစောင့်ကြည့်နေတဲ့သဘောရှိတာပေါ့။” လို့မင်းဘူးဒေသခံကပြောပါတယ်။ ရွှေစက်တော် ဘုရားအနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာအချို့မှာ…

Read More

သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ပြော

ဖေဖော်ဝါရီ ၃ – ၂၀၂၅ SN (VOM) လက်ရှိ သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။ လက်ရှိမှာ တချို့သော မီဒီယာတွေဟာ “ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးသို့ အပြိုင်အဆိုင်လှူဒါန်းကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်အထင်မှားစရာ၊ အထင်သေးစရာ သတင်းဆိုးတွေကို ဖော်ပြလျက်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ထုတ်ပြန် အသိပေးထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဦးအေးကြူလေးက “လှူတာက ဆန်၊ ဆီဝေတဲ့ကိစ္စ လှူတာလေ။ အကယ်ဒမီပေးပွဲနဲ့ နည်းနည်းနီးတဲ့အခါကျတော့ လူတွေက အကယ်ဒမီကြောင့် လှူတယ်ဆိုပြီး ပြောနေကြတာ။ တကယ်က လုပ်လို့မှမရတာ။ လှူလည်း သူ့ဘာသာသူ လှူတာပဲရှိတာပဲ။ ကျွန်တော်တို့ဒီဘက်က ဘုတ်အဖွဲ့က ၂၀ ကျော်ရှိတယ်။ အဲဒီ ၂၀ ကျော်မဲနဲ့ သွားတာလေ။…

Read More
VOM News

FREE
VIEW