ဖေဖော်ဝါရီ ၇-၂၀၂၅ Ms (VOM) ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ကျောင်းအပ်ရာသီကနေစတင်ကာ ရန်ကုန်အဝေးသင်တက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေမှာ ကျောင်းအပ်ငွေသွင်းပါက UAB pay ရှိထားရန်လိုအပ်ပြီးUAB ဘဏ်နဲ့သာချိတ်ဆက်ထားဖို့လိုအပ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနကနေသိရပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ UAB ဘဏ် တို့ပူးပေါင်းဆောင်ရွက်မှုနဲ့ တက္ကသိုလ်နဲ့ကောလိပ်တွေမှာ ကျောင်းအပ်ပါက အွန်လိုင်းစနစ်နဲ့ကျောင်းအပ်နိုင်ဖို့ပြုလုပ်ထားတာဖြစ်ပြီး တက္ကသိုလ် ကျောင်းဝင်ကြေး၊ကျောင်းလခနဲ့ စာမေးပွဲကြေးများကို UAB payကနေ Online Payment စနစ်ဖြင့် ပေးသွင်းရမယ်လို့ဆိုပါတယ်။ ” အခုက တက္ကသိုလ်တွေအားလုံးပဲ အဝေးသင်ရောပါတယ်။ ကျောင်းအပ်တာကိုအွန်လိုင်းကနေ လုပ်ဖို့ကြေငြာထားတယ်။ ပညာရေးဌာနရဲ့Websiteကနေကျောင်းအပ်တာကို လုပ်နိုင်တယ်။ ပြီးတော့ကျောင်းလခတွေ အတွက်ကျောင်းသားတိုင်းကျောင်းအပ်ရင်play storeကနေUAB pay ကို ဒေါင်းလော့ဆွဲထားပြီး ငွေပေးသွင်းနိုင်တယ်။တခြားkpay, wave payတွေမရဘူး။UAB pay ကိုကျောင်းသားတွေ ငွေသွင်းဖို့ကတော့ ကျောင်းတွေမှာ ဘဏ်ကလူတွေကစောင့်ပြီး ငွေသွင်းပေးတာတွေရှိတယ်။နောက်တခုက ဘဏ်မှာကိုယ်တိုင်ငွေသွားသွင်းလည်းရတယ်လို့ပြောထားတယ်။”ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်က ဆရာမတယောက်က ပြောပါတယ်။ ကျောင်းသားများအနေနဲ့https://sms.moe.gov.mm…
Read MoreDay: February 7, 2025
မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ သတင်းမီဒီယာတွေအတွက် လာမယ့်သုံးနှစ်အတွင်းပေးမယ့် ရန်ပုံငွေ ၃၉ သန်း ရပ်ဆိုင်း
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၇-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာတကာဖွံဖြိုးရေးအစီအစဉ် (USAID) ကို ရ့ပ်ဆိုင်းလိုက်တာကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ သတင်းမီဒီယာတွေအတွက် လာမယ့်သုံးနှစ်အတွင်း ပေးအပ်မယ့် ရန်ပုံငွေ ဒေါ်လာ ၃၉ သန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ခေတ္တရပ်ဆိုင်းလိုက်ပါတယ်။ ဒီရန်ပုံတွေတွေကို ဘယ်အချိန်မှာ ပေးမယ်ဆိုတာနဲ့ ပေးအပ်ဦးမလားဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ USAID ရဲ့ အကူအညီတွေထဲမှာ လူ့အခွင့်အရေး ကာကွယ်ရေး ပရောဂျက် ခုနှစ်ခုအတွက် ဒေါ်လာ ရှစ်သန်း၊ ဒီမိုကရေစီမြှင့်တင်ရေး လုပ်ငန်းအတွက် ကိုးခုအတွက် ဒေါ်လာသန်း ၃၀ နဲ့ အမှီအခိုကင်းတဲ့ မီဒီယာပံ့ပိုးမှု အစီအစဉ်နှစ်ခုအတွက် ဒေါ်လာ တသန်းတို့ကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ ရန်ပုံတွေတွေကို ကာလရှည်ဆိုင်းငံ့မှုဟာ မြန်မာဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် ပြင်းထန်ပြီး ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီအခြေအနေကြောင့် ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာအဖွဲ့အစည်းအများစုဟာ…
Read Moreမြောက်ဒဂုံ ဗထူးလမ်းမပေါ်မှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ သုံးယောက် သေဆုံး
ဖေဖော်ဝါရီ ၇ – ၂၀၂၅ KKO(VOM) ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းမပေါ်မှာ မနေ့ကညပိုင်းက ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ သုံးယောက် ယောက်သေဆုံးခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးသမားတွေက ပြောပါတယ်။ နယ်ခံလူမှုရေးအသင်းတွေရဲ့ပြောပြမှုအရ မြောက်ဒဂုံ ဗိုလ်မှူးဗထူးလမ်းအတိုင်း (၄၆)လမ်းဆုံကနေ မြောက်ဥက္ကလာဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်တစီးက လမ်းတလျှောက်တိုက်သွားရာမှ လေးယောက်ဒဏ်ရာရပြီး သေဆုံးသူနှစ်ယောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒါအပြင် ဗိုလ်မှူးဗထူးလမ်းပေါ်မှာ အခြားယာဉ်တိုက်မှုတခုကြောင့် လည်းသေဆုံးသူ တယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ “တယောက်က နေရာမှာပွဲချင်းပြီး သေဆုံးတယ်။နောက်တယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။တိုက်သွားတဲ့ကားက ထွက်ပြေးသွားခဲ့ပါတယ်”လို့ ဝန်းရံမှူးလူမှု့ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဒါအပြင် အခင်းဖြစ်ရပ်သို့ ဝန်းရံမှူးအသင်းက လူနာတင်ယာဉ်နှစ်စီး၊နာရေးယာဉ်တစီးနဲ့ အဖြူရောင်နှလုံးသားအသင်းက လူနာတင် ယာဉ်တစီးတို့ နဲ့ သွားရောက်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရလူနာတွေကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းလမ်းမှာ လူတွေကို ဝင်တိုက်ပြီး ထွက်…
Read Moreတေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်
ဖေဖော်ဝါရီ ၇ – ၂၀၂၅ SN (VOM) တေးရေးဆရာ နိုင်မြန်မာဟာ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်၊ မနက် ၈ နာရီကျော်အချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ နေအိမ်မှာ နှလုံးလေဟပ်ပြီး ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ နိုင်မြန်မာ ကွယ်လွန်တဲ့အကြောင်းကို ဂစ်တာပညာရှင် နိုင်ဇော်က “တေးရေး နိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတခုလုံး ဆုံးရှုံးရသလိုခံစားရပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ နိုင်မြန်မာဟာ ကမ္ဘာမကျေဘူး၊ ဝါဆို၊ ခုတော့ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ တခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ၊ ဒုံးယိမ်းည၊ ပလက်ဖောင်းရှိုး၊ ချစ်လူမိုက် စတဲ့ အောင်မြင်တဲ့ တေးသီချင်းတွေကို ဖန်တီး ရေးသားခဲ့သူဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ…
Read Moreတာချီလိတ်မှာ သုံးရက်အတွင်း လိုင်စင်မဲ့ကား အစီး ၅၀ သိမ်းဆည်းခံရပြီး လူကိုးယောာက် ဖမ်းဆီးခံရ
ZY(VOM) ဖေဖော်ဝါရီ ၇၊ ၂၀၂၅ မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်ကနေ ၇ရက်အထိ ၃ရက်တာကာလအတွင်း လိုင်စင်မဲ့ကား အစီး (၅၀) သိမ်းဆည်းခံရပြီး လူကိုးယောက် ဖမ်းဆီးခံရတယ်လို့ ဌာနဆိုင်ရာသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ တာချီလိတ်မြို့တွင်းရှိ “SKMM” ကားအရောင်း စင်တာ၊ “FORD TACHILEIK” ကား အရောင်းစင်တာ၊ “SYK” ကားရေဆေးနှင့် အလှဆင်ဆိုင်၊ “KKK”ကားရောင်းဝယ်ရေး၊ “ဟောင်” ကားအရောင်းစင်တာ၊ “IC” ကားရေဆေးခုံ နှင့် ကားဝပ်ရှော့တို့အပါအဝင် နေရာပေါင်း ၂၂ခုကို ဝင်ရောက်စစ်ဆေးပြီး ကားတွေ သိမ်းဆည်းကာ လူကိုးယောက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ကျိုင်းတုံက ဒုပြည်နယ်ရဲမှူးကိုယ်တိုင် ညွှန်ကြားပြီးတော့ ဝင်စစ်ဆေးတာပါ။ ဖမ်းခံရတဲ့သူတွေကတော့ မန်နေဂျာ၊ အရောင်းစာရေးနဲ့ ကားပြင်တဲ့သူတွေ။ လာပြင်ထားတဲ့ ကားတွေကိုပါ ဝင်ဖမ်းသွားတာ။ အခုထိတော့ ဘာဆက်လုပ်ရမယ်ဆိုတာ…
Read Moreစစ်ရေးသတင်းတွေ ထွက်ပေါ်လာတာကြောင့် ကသာမြို့ခံတွေ အရေးပေါ် စစ်ဘေးရှောင်နေရ
ဖေဖော်၀ါရီ ၊ ၇ ၊ ၂၀၂၅ ကျော်ဟိန်း ( VOM ) စစ်ကိုင်တိုင်းနဲ့ ကချင်ပြည်နယ် အစပ်မှာ တည်ရှိတဲ့ ကသာခရိုင် ၊ ကသာမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ရေးသတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် မြို့ခံပြည်သူအများစုဟာ စစ်ဘေးလွတ်ရာ နေရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကသာမြို့ခံတွေဆီက သိရပါတယ် ။ ” ဒီရက်ပိုင်းအတွင်း နှစ်ဘက်စလုံးက တိုက်ပွဲသတင်းတွေ ထွက်ပေါ်လာတယ် ၊ အဲ့ဒါကြောင့်မို့ မြို့ခံပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အခုဆို မြို့ပေါ်မှာ လူအနည်းငယ်လောက်ပဲ ရှိတော့တယ်၊ အများစုကတော့ ဘေးလွတ်ရာကို ပြောင်းကုန်ကြပြီ ၊ မပြောင်းနိုင်တဲ့သူတွေလောက်ပဲ ကျန်တော့တာ ” လို့ ကသာမြို့ခံတယောက်က်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ ကသာမြို့ခံအများစုဟာ ၊ မိုးညှင်း ၊ ဗန်းမောက် ၊…
Read Moreမိုင်းဆတ်မှာ တလကျော်က သတ်ခံရတဲ့ ထွေအုပ်စာရေးရဲ့ ကျန်ရစ်တဲ့ မိသားစုပါ ယနေ့ထိ ပျောက်ဆုံးနေ
ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ပြီးခဲ့တဲ့ တလကျော်ကြာက ပစ်ခတ်ခံခဲ့ရတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဖြစ်သူရဲ့ ကျန်ရစ်သူ မိသားစုဝင် ၃ယောက်ဟာ ဒီကနေ့ အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထွေအုပ်စာရေး ဖြစ်သူ ဦးငွေစိုးသန်းနဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ရက်က နားကောင်းမူးကျေးရွာအုပ်စုဖက်ကို သွားလည်ရာကနေ အရပ်ဝတ် လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ရက်မှာတော့ ဦးငွေစိုးသန်းရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “သေနတ်နဲ့ ပစ်ခတ်ပြီး လမ်းမှာ လာပစ်သွားတာ၊ သူ့မိန်းမနဲ့ ကလေး ၂ယောက်ကတော့ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သေသလား၊ ရှင်သလားလည်း မသိရဘူး။ နားကောင်းမူးကနေ အပြန်မှာ ဖမ်းသွားတာ။ အရပ်ဝတ်တွေနဲ့ ကားနဲ့…
Read MoreICC ကို အရေးယူပိတ်ဆို့မှု ချမှတ်ကြောင်း အမေရိကန်ကြေညာ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၇-၂၀၂၅ ရတီ(VOM) နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ဟာ တရားမဝင် အခြေအမြစ်မရှိတာတွေ လုပ်ဆောင်နေတယ်ဆိုကာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်အစ္စရေးအပေါ် ပစ်မှတ်ထားပြီး တရားမဝင် လုပ်ရပ်တွေလုပ်ဆောင်နေတယ်လို့ ထရန့်က ပြောဆိုထားပြီး အမေရိကန်နိုင်ငံသားတွေနဲ့ မဟာမိတ်များအပေါ် အိုင်စီစီရဲ့ စုံစမ်းစစ်ဆေးမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ မိသားစုတွေကိုပါဘဏ္ဍာရေးနဲ့ ခရီးသွားကန့်သတ်ချက်တွေ ချမှတ်လိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဝါရှင်တန်ကို ရောက်ရှိနေချိန်မှာ ICC နဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုများကို ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သည်ဆိုကာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အိုင်စီစီက နိုဝင်ဘာလမှာ ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။ အစ္စရေးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အိုင်စီစီဟာ ဟားမတ်စ်ထိပ်တန်းတပ်မှူးကိုလည်း ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။ ကျင့်ဝတ်နဲ့ လုပ်ရပ်အရ မတူညီတဲ့အခြေအနေမှာ ဟားမတ်စ်နဲ့ အစ္စရေးကို တန်းတူထားတဲသဘော…
Read Moreမန္တလေးမြို့ပေါ်ရှိ နာမည်ကြီး ဆေးရုံ ခုနစ်ရုံ သုံးလ ယာယီပိတ်ခံရမယ်လို့ သတင်းထွက်
ဖေဖော်ဝါရီ ၇ – ၂၀၂၅ SS (VOM) မန္တလေးမြို့ပေါ်ရှိ နာမည်ကြီးဆေးရုံ ခုနစ်ရုံကို နစက က သုံးလ ယာယီ ပိတ်သိမ်းခိုင်းလိုက်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ချမ်းအေးသာစံမြို့နယ်က ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်နဲ့ ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်၊ ဇီဝကအပြင် ပုသိမ်ကြီးမြို့နယ်က ငြိမ်းချမ်း စတဲ့ ဆေးရုံတွေ ပိတ်သိမ်းရမှာဖြစ်တယ်လို့ သိရပါတယ်။ “လိုင်စင် သက်တမ်းတိုးကာလမို့ စိစစ်ချိန် ခေတ္တ ပိတ်ရမှာပါ။ အခု ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကနေစပြီး ပိတ်သိမ်းရမှာပါ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကလည်း CDM ဆရာဝန်တွေကို လက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးရုံဖြစ်တဲ့ နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊…
Read More