ဖေဖော်၀ါရီ ၊ ၁၆ ၊ ၂၀၂၅
ကျော်ဟိန်း (VOM)
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ အခု ရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဥ်တွေ များပြားလာတယ်လို့ စစ်ကိုင်းတိုင်း နိုင်ငံရေး အသိုင်းအ၀ိုင်ဆီနေက သိရပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေကတော့ တမူးမြို့နယ် ၊ ကလေးမြို့နယ် တောင်ပိုင်း၊ ချောင်းဦးမြို့နယ် ၊ အင်းတော်မြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကနီမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။
” အခုနောက်ပိုင်း နစကတပ်ဘက်က လေကြောင်း စစ်ဆင်ရေးအတွက် Paramortar ( စက်တပ်လေထီး)တွေကို ပြောင်းလဲ အသုံးပြုလာတယ်၊ ဒါ့အပြင် ချေမူန်းရေး နေရာတွေကိုတော့ ဂျက်လေယာဥ်တွေ အသုံးပြုတယ်” လို့ ကနီမြိုခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကနီမြိုနယ် နတ်ကြီးကျေးရွာနဲ့ နတ်လာပို့ရွာဘက်မှာ စက်တပ်လေထီးတွေနဲ့ တိုက်ခိုက် ခံရတာကြောင့် လူနေအိမ် တချို့နဲ့ ကားတွေ ပျက်စီးခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီအပြင် အခုရက်ပိုင်းအတွင်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြိုနယ်ဘက်မှာလည်း လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
” သေဆုံးသူတွေကတော့ ဆယ်ယောက်ကျော်မယ် ၊ အရေအတွက်တော့ အတိကျမသိရသေးဘူး ၊ တချို့လဲ မန္တေလးဘက်မှာဆေးကု သွားနေကြတယ် ၊ လောလောဆယ်တော့ အဖြေ မသိရသေးဘူး ” လို့ ချောင်းဦးမြိုခံတယောက် က ပြောပါတယ် ။
မနေ့ညကလည်း အင်းတော်မြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပေမယ့် ပျက်စီးဆုံးရှူံးမှုတွေတော့မသိရသေးပါဘူး။
ကလေးမြိုနယ် တောင်ပိုင်းမှာရှိတဲ့ တင်သား ၊ ရှားဖို ၊ သံဖို ၊ကုက္ကိုလ်၊ကျော်ရွာ ၊ ကျောက်ဖူး စတဲ့ ကျေးရွာဘက်တွေမှာလဲ ပြီးခဲ့တဲ့ ရက်ပိုင်းက လေကြောင်း တိုက်ခိုက်ခံရပြီး တဒါဇင်နီးပါးသေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။
ဒါ့ကြောင့် စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာအများစုဟာ လေကြောင်း အန္တရာယ် တိမ်းရှောင်တဲ့ အနေနဲ့ နီးစပ်ရာ တောတောင်ထဲမှာ နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးလက်နေ လူအများစုဟာ မိမိနေရပ်ကို စွန့်ခွာပြီး တခြားမြိုရွာတွေဆီကို ပြောင်းရွေ့သွားတယ်လို့ သိရပါတယ်။