ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၇ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
“ဒီနေ့ရဲ့ဒုတိယမြောက် ကူညီမှုလမ်းကြောင်းက နာရေးလမ်းကြောင်းပါ။ မြောက်ဒဂုံ (၄၃)ရပ်ကွက်မှ ကြိုးဆွဲချ သေဆုံးသူရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တာပါ။သေဆုံးသူက ပြည်ပအလုပ် အကိုင်ရှာဖွေပေးသူဖြစ်ပြီး သူရဲ့ နေအိမ်မှာ ပါတ်စပို့စာအုပ် (၇၀)ခန့်တွေ့ရှိရပါတယ်”လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ယခုသေဆုံးသွားသူဟာ မြောက်ဒဂုံမြို့နယ်၊(၄၃)ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာ အလုပ် အကိုင်အဆင်မပြေမှုတွေကြောင့် အခုလိုမိမိကိုယ်ကို စီရင်သွားသူဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်လို့ နယ်ခံလူမှုကူညီရေးသမားတွေက ဆိုပါတယ်။လက်ရှိမှာလည်း သေဆုံးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။
“အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်သွားသူဖြစ်ပါတယ်။သူရဲ့မိသားစုဝင်တွေနဲ့လည်းအဆက် အသွယ်ရပါပြီ”လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ထပ်လောင်း ပြောပြပါတယ်။
ဒါ့အပြင် ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့မှာ အလုပ်အကိုင် အဆင်မပြေမှုနဲ့ စားဝတ်နေရေးကြပ်တည်းလာမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တွေဟာလည်းများစွာရှိခဲ့တယ်လို့ သတင်းဌာနတွေရဲ့မှတ်တမ်းတွေနဲ့ လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုတွေအရ သိရပါတယ်။
Photo – CJ
ပုံစာ – မြောက်ဒဂုံမြို့နယ်က ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားသူကို တွေ့ရစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW