ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်-ရုရှားဆွေးနွေးပွဲ ဆော်ဒီမှာ စတင်

ရီယတ်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆော်ဒီအာရေဗျမှာ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုတို့ ဦးဆောင်ဆွေးနွေးနေပါတယ်။
ဒါပေမယ့်လည်း ဆွေးနွေးပွဲမှာ ယူကရိန်း သို့မဟုတ် ဥရောပနိုင်ငံတွေကိုတော့ ဖိတ်ကြားခဲ့တာမရှိပါဘူး။ ဒါဟာ စစ်ပွဲအဆုံးသတ်ရေး ရုရှားက အလေးအနက်ထားလားဆိုတာ စောင့်ကြည့်ဖို့ ပထမဆုံးခြေလှမ်းလို့ အမေရိကန်က ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်-ရုရှား ဆွေးနွေးပွဲရဲ့ သဘောတူညီချက်တွေကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။ ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေချိန်မှာ ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြင်သစ်မှာ စုဝေးနေကြပါတယ်။
အစည်းအဝေးမှာ ပြင်သစ်သမ္မတ မက်ခရို၊ ဂျာမနီအဓိပတိ အိုလုပ်ရှုဇ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာအပါအဝင် ဥရောပခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ တက်ရောက်သူတွေဟာ ဆော်ဒီမှာကျင်းပမယ့် အမေရိကန်-ရုရှား ဆွေးနွေးပွဲဖြစ်နိုင်ခြေနဲ့ ယူကရိန်းလက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းအရေးမှာ ဥရောပအနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရင် မြေပြင်မှာ ဗြိတိန်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ဗြိတီန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ ဒါပမယ့်လည်း အချိန်မတန်သေးဘူးလို့ ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ်က ပြောပါတယ်။
ဆွေးနွေးမှုတွေထဲမှာ .ယူကရိန်းကို ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်မယ့်အစီအစဉ်နဲ့ စစ်ပြီးချိန်မှာ လုပ်ဆောင်မယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အမေရိကန်ကတော့ ယူကရိန်းအတွက် ဥရောပနိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။
Ref:BBC/NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW