ရန်ကုန် – မန္တလေး လမ်းဟောင်းရှိ နစကဂိတ်စခန်း ခုနစ်ခု တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၂၇ – ၂၀၂၅ SN (VOM) ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ နစကဂိတ်စခန်း ခုနစ်ခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ နစကတပ်ဖွဲ့တွေ အခြေချ တပ်စွဲထားတဲ့ ဂိတ်စခန်းတွေကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ ည ၁၀ နာရီလောက်ကစပြီး မီးရထားသံလမ်းနားက နစက ဂိတ်စခန်းတွေ အားလုံး တပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရတာပါ။ ၂၆ ရက်နေ့ ၊ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့တာ။…

Read More

တက်စ်မန်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှု နိုင်ငံတကာဥပဒေနဲ့ညီတယ်လို့ တရုတ်စစ်တပ်ပြော

ပေကျင်း၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅ ရတီ(VOM) ဩစတြေးလျနဲ့ နယူးဇီလန်အကြား တက်စ်မန်ပင်လယ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တရုတ်ရေတပ်ရဲ့ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုဟာ နို်ငငံတကာဥပဒေတွေကို ကိုက်ညီတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ နိုင်ငံတကာရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ သတိပေးမှုတွေ မပြုလုပ်ခဲ့တာကြောင့် ဩစတြေးလျနဲ့ နယူးဇီလန် ခရီးသည်တင်လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေလမ်းကြောင်း ပြောင်းခဲ့ရပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀ူကျန်းက အခုလို ပြောဆိုလိုက်တာပါ။ တရုတ်နိုင်ငံပိုင် သတင်းဌာနရဲ့ ဖော်ပြချက်အရ Type 05 ဖျက်သင်္ဘောတစင်း၊ Type 054 ဖရီးဂိတ်စစ်သင်္ဘောတစင်းနဲ့ ထောက်ပံ့ရေးသင်္ဘောတစင်းတို့ဟာ တက်စ်မန်ပင်လယ်မှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ဆိုါပတယ်။ စစ်ရေးလေ့ကျင့်မှု အတိုင်းအတာကို တိကျစွာဖော်ပြမထားပေမယ့် တရုတ်ရဲ့ အဆင့်မြင့်ဆုံး ဖျက်သင်္ဘော Type 005 ပေါ်ကနေ ကျည်အစစ်တွေပစ်ခတ်နေတဲ့ပုံတွေကို ထုတ်ပြန်လာပြီး ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်မှုလုပ်လားဆိုတာတော့ ရှင်းလင်းစွာ မသိရပါဘူး။ တရုတ်စစ်သင်္ဘောသုံးစင်းဟာ…

Read More

ကန့်ဘလူနယ်မှာ ကျောင်းထိုင်ဆရာတော် တပါး အသတ်ခံရ

ဖေဖော်၀ါရီ ၊၂၇ ၊၂၀၂၅ KH ( VOM) စစ်ကိိုင်းတိုင်း ၊ကန့်ဘလူမြို့နယ် ဆားကျင်းကျေးရွာမှာ ဒီကနေ့ မနက် ၆ နာရီ၀န်းကျင်ခန့်က ရွာဦးကျောင်းဆရာတော်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တဖွဲ့က ကျောင်းထဲကို ၀င်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ဆားကျင်းကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။ “ရွာဦးကျောင်းက ဘုန်းကြီးကို ဓားနဲ့ ခေါင်းကို ခုတ်သတ်သွားတယ် ၊ နောက်ပြီး ရွာထဲက လူနေအိမ် တလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ် ” လို့ ဆားကျင်းရွာခံတယောက်က​ပြောပါတယ် ။ ဒါ့အပြင် အသတ်ခံရတဲ့ ရွာဦးကျောင်း ဘုန်းတော်ကြီးက သက်တော် ၈၅ နှစ် ၊ ၀ါတော် ၄၅ ၀ါရှိပြီးဘွဲ့တော်မှာ ဥူးနန္ဒိယ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဆရာတော် သံဃာတော်…

Read More

နေခြည်နဲ့အသား၊ ရွှေရည်နဲ့ပတ္တမြား

  ”လက်ရည်တစ်ပြင်တည်း .. နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်ရှင်။ မြမဒီခင် … ခပ်ငယ်ငယ် …၊ တေးဆိုကြ ..၊ မြူးပျော်ကြ …”   အပြာရင့်ရောင် နောက်ခံ ပိတ်ကားကြီးအလယ်မှာ ‘မြို့မ’ ဆိုတဲ့ အဝါရောင်တံဆိပ်ကြီးက ထင်းနေတယ်။ ရှေ့ကစင်ပေါ်မှာ အနိမ့်အမြင့်ပြင် ဆင်ထားတဲ့ ခုံပေါ်၊ နီကယ်ရောင်လက်နေတဲ့ ှအညေိ လေးတွေရှိတယ်။ ဒီအညေိ မှာလည်း ‘မြို့မ’ဆိုတဲ့ လိုဂိုတွေချိတ်ဆွဲထားရဲ့။ ဖိတ်ဖိတ်လက် နေတဲ့ တူရိယာပစ္စည်းတွေက ဆလိုက်မီးရောင် တွေအောက်မှာ စုန်းတောက်စားသလို ကွန့်မြူး နေကြတယ်။ တစ်ဖက်က ကျုံးကမ်းစပ်မှာ မီးသီး ရောင်စုံတွေက သူတို့အရိပ်တွေကို ကျုံးရေပြင် ထဲငုံ့ကြည့်လို့ မှိတ်တုတ်မှိတ်တုတ်။ တစ်ဖက်က မြို့ရိုးကြီးပေါ်မှာတော့ သူရဲခိုကလနားတစ်လျှောက် ၄ဝ ဝပ်မီးလုံးဝါတွေက ပုတီးသီလို သူရဲခိုတစ်လုံး မှာ ကြယ်ခြောက်ပွင့်ပါ ပြည်ထောင်စုအလံတွေက တလူလူလွင့်နေတယ်။…

Read More

ကျိုင်းတုံက တောင်ပေါ်ရွာ ၄၀ ခန့်မှာ သဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရလို့ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅ Ms (VOM) ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ကျိုင်းတုံမြို့က တောင်ပေါ်ရွာ၄၀ခန့်မှာသဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ တောင်ပေါ်ရွာတွေကဒေသခံတွေအနေနဲ့ ဆန်ရိက္ခာကိုအဓိကလိုအပ်နေပြီး အငတ်ဘေးကြုံနေရလို့ အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေတဲ့ရောဂါတွေကို ကြုံတွေ့ခံစားနေရတယ်လို့ဆိုပါတယ်။ “စားသောက်ဖို့ခက်ခဲတယ်ဆိုရင်တော့ အာဟာရချို့တဲ့တဲ့ရောဂါတွေဖြစ်နိုင်တယ်ပေါ့နော်။ အရေပြားရောဂါတွေလည်းဖြစ်နိုင်တယ်။နောက်ပြီးတော့ကိုယ်ဝန်ဆောင်တွေဆိုရင်လည်းမွေးလာရင် အာဟာရချို့တဲ့တော့ ပေါင်မပြည့်၊အာဟာရချို့တဲ့တဲ့ကလေးလေးတွေမွေးလာနိုင်တယ်။ ဒါလည်းအရင်ထဲကရွာတွေမှာရှိတယ်။ အခုကအငတ်ဘေးကြုံနေရတော့ပိုပြီးဆိုးဝါးနိုင်တယ်။ ခါးတိုင်းဆိုတောင်ပေါ်မှာနေသူတွေကရိုးရှင်းတယ်သူတို့နေထိုင်ပုံက တောင်ယာလုပ်မယ်၊ သီးနှံရတာလေးနည်းနည်းပါးပါးရောင်းမယ်။သူတို့လည်းစားတယ်ပေါ့၊အခုကတော့ကြွက်တွေဖျက်ဆီးတော့ဆန်တောင်ရှိတာ လေးနဲ့မြို့ကနေသွားဝယ်ရတော့၊ဆေးကုဖို့လည်းမရှိဘူး။ နဂိုထဲကလည်းရွာတွေမှာကျန်းမာရေးဌာနကလည်း မရှိဘူး၊မြို့နဲ့လည်းအလှမ်းဝေးတော့ပိုဆိုးတယ်။ ပိုက်ဆံနည်းနည်းရတာနဲ့မြို့တက်ဆန်ဝယ်နေရတော့ ကျန်းမာရေးအတွက်ဆေးကုသဖို့ဆိုလည်း မရှိဘူး၊နေမကောင်းရင်လည်းဒီအတိုင်းပဲနေကြတာ အခုလိုဆိုတော့ ပိုဆိုးတာပေါ့လို့”တောင်ပေါ်ရွာသားတွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာနန်းမာလာဝမ်းက ပြောပါတယ်။ တောင်ပေါ်ရွာတွေမှာ ဆန်စပါးစိုက်ပျို့ဖို့အခက်ကြုံတာဟာပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ပြီး မိုးရာသီအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ရေကြီးနစ်မြုပ်မှုသဘာဝဘေးတွေကြောင့် လယ်စိုက်ဧကများရေထဲမြောပါသွားကြသလို ကျန်ရှိတဲ့စပါးစိုက်ခင်းအနည်းငယ်ကလည်း ကြွက်တွေဖျက်ဆီးလို့ အကုန်ပါကုန်ကြောင်းဒေသခံတွေကပြောပါတယ်။ ” အခုပြီးခဲ့တဲ့မိုးတွင်းက စပါးစိုက်ခင်းတွေ ရေနဲ့မြောကုန်တာ အိမ်မှာ၃ဧကလောက်စိုက်တာ၂ဧကလောက်က ရေထဲပါကုန်တယ်။ကျန်တဲ့၁ဧကလည်းကြွက်တွေဖျက်ဆီးစားသောက်လို့ ဘာမှကိုမရလိုက်ဖူး၊အမေဆို စပါးကျီထဲထည့်စရာစပါးမရှိတော့လို့ငိုရောပဲ”လို့ မိုင်းပန်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစကာ…

Read More

ဂျဲယန် စစ်ရှောင်စခန်းက ပျောက်သွားတဲ့ ကလေးသုံးယောက် အသတ်ခံခဲ့ရပြီး ကျူးလွန်သူတယောက် ဖမ်းမိထား

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅ Shy V (VOM ) လိုင်ဇာ အနီးက ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပျောက်သွားတဲ့ ကလေး သုံးယောက် စလုံးပြန်တွေ့ပြီ။ တယောက်ကို သစ်ပင်ပေါ် ကြိုးနဲ့ ဆွဲပြီး သတ်ထားတာ။ံနှစ်ယောက်ကိုတော့ ကျောက်တုံးကို ကြိုးနဲ့ ချည်ပြီး ချောင်းထဲ နှစ် ထားတာလို့ ပြောတယ်။ တယောက်က ဒီ မနက်မှ တွေ့တာ” လို့ ဒေသခံ တယောက် က ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ကလေးမလေးေတွက အသက် ၁၀ နှစ် အရွယ် မနန်းဇိန်းဂျီးဆန်မိုင်၊ မလထော်ရွယ်ဂျီ နဲ့ ၁၁ နှစ်အရွယ် မဖော်ယမ်ဆွတ်ဆိုင်းအိန် တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့…

Read More

ပေါင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူ အသတ်ခံရ

ဖေဖော်ဝါရီ ၂၆ – ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ သေနတ်နဲ့ပစ်သတ်ခံရမှု ဒီနေ့ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့ရတယ်လို့သိရပါတယ်။ အဆိုပါ ရွာရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်စိုးနဲ့ ဇနီးဖြစ်သူ ဒေါ်မိငယ်တို့ နေအိမ်မှာရှိနေစဥ်လာရောက်ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးမှာ သေနတ်ဒဏ်ရာနှစ်ချက်၊ဇနီးဖြစ်သူမှာ သေနတ်ဒဏ်ရာ လေးချက်ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မနက်၇နာရီလောက်မှာ သူတို့အိမ်မှာပစ်ခံရတာလို့သိရတယ်။ နေရာမှာပဲဆုံးသွားတယ်။ အုပ်ချုပ်ရေးမှူးကလက်မောင်းနဲ့ ရင်ဘတ်ကိုမှန်တယ်။သူ့မိန်းမမှာက လက်နှစ်ဖက်နဲ့ဗိုက်၊လည်ပင်းမှာ မှန်တယ်။”လို့ ဒေသခံ ကပြောပါတယ်။ အုပ်ချုပ်ရေးမှူးပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ အလောင်းကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ် ၊ ပေါင်မြို့နယ်…

Read More

အမေရိကန်နိုင်ငံသား ဖြစ်ခွင့်အတွက် ဒေါ်လာငါးသန်းတန် Gold Card တွေရောင်းချတော့မယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နိုင်ငံသား ဖြစ်ခွင့်လမ်းကြောင်းရှိတဲ့ ဒေါ်လာ ငါးသန်းတန် Gold Card တွေရောင်းချဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အဓိကဆွဲဆောင်တဲ့ ဗီဇာအစီအစဉ်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင် ရင်းနှီးမြုပ်နှံသူတွေအတွက် ထုတ်ပေးတဲ့ EB-5 ဗီဇာအစီအစဉ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။ EB-5 ဗီဇာအစီအစဉ်ဟာ အမေရိကန်မှာ ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို Green Card ထုတ်ပေးတာဖြစ်ပါတယ်။ Gold Card ကိုဒေါ်လာ ငါးသန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး Green Card အခွင့်အရေးတွေအပြင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းလည်းဖြစ်တယ်လို့ ထရန့်ကပြောပါတယ်။ ချမ်းသာတဲ့သူတွေ ဒီကတ်ကိုဝယ်ပြီး အမေရိကန်ကို လာနိုင်ကြတယ်လို့ ဆိုပါတယ်။ ရုရှားစီးပွားရေးသမား အိုလီဂါ့တွေတောင် ဒီကဒ်ကိုဝယ်နိုင်တယ်လို့ ထရန့်က ပြောပါတယ်။ EB-5 ဗီဇာအစီအစဉ်ဟာ ၁၉၉၀ ခုနှစ်မှာ ကွန်ဂရက်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။…

Read More

မုံရွာနယ် ဗောဓိတထောင် ဘုရားအနီးတိုက်ပွဲ ရဲအုပ်တယောက်သေဆုံးပြီး တခြားရဲတပ်ဖွဲ့ဝင်တွေ ပျောက်နေ

ဖေဖော်၀ါရီ ၊ ၂၆ ၊ ၂၀၂၅ KH(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ရဲ့ အရှေ့ တောင်ဘက်မှာရှိတဲ့ ဗောဓိတထောင် သာသနာ့နယ်မြေမှာ ဒီကနေ့ မနက် အစောပိုင်းကစလို့ တိုက်ပွဲတွေဖြစ်နေလို့ မုံရွာမြို့ခံတွေဆီက သိရပါတယ် ။ ” ဗောဓိတထောင် သာသနာ့နယ်မှာ တိုက်ပွဲဖြစ်တာ အခုဟာရောဆိုရင် သုံးလေးကြိမ်ရှိပြီဖြစ်တယ်၊ နှစ်ဘက် ထိခိုက် သေဆုံးသူတွေလည်းများပြီ ၊ ဒီကနေ့ ဖြစ်စဥ်မှာတော့ ရဲကင်းစခန်းမှူး ရဲအုပ် ကျော်​ဝေအောင် သေဆုံးတယ်လို့ ကနဦး ကြားရတယ် ၊ အဲ့ဒီအပြင် ရဲတပ်ဖွဲ၀င် တချို့လည်း ပျောက်ဆုံးနေတယ်လို့ ကြားသေးတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ နောက်ပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ရှစ်လောင်း တွေ့ရတယ် ၊ ဘယ်အဖွဲ့ဘက်က ရုပ်အလောင်းတွေဆိုတာ အခုထိအဖြေ မသိရသေးဘူး ” လို့…

Read More

ရခိုင်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းအစပ်မှာ စစ်ရေး ဆက်လက်တင်းမာ

ဖေဖော်ဝါရီ ၂၅- ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း အစပ်တွေမှာ AA နဲ့ နစက တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ် တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ပဲခူးတိုင်းထဲမှာဆိုရင် ပန်းတောင်မြို့နယ်၊ညောင်ကျိုးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအပြင် နစကမှလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ညောင်ကျိုးရွာဒေသခံတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရသလို အနီးနားက နေထိုင်သူတွေလည်း နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အတွက် စစ်ရှောင်တွေပိုတိုးလာနေ တယ်လို့သိရပါတယ်။ ” ညောင်ကျိုးဘက်မှာ တိုက်ပွဲဖြစ်နေတော့ဘယ်သူမှမရှိတော့ဘူး။သွားလာဖို့လည်းမလွယ်တော့ဘူး။သွားလို့လည်းမရဘူး။ခုထိချနေကြတုန်းပဲ။ပစ်သံခတ်သံတွေကြားရတုန်းပဲ။လေယာဥ်တွေလည်းကျဲတယ်။ရွာသားတွေကတော့ အကုန်ပြေးကြပြီးကျွန်တော်တို့တောင်းပန်းတောင်ရောက်နေပြီ။ညောင်ကျိုးက ရခိုင်နဲ့အစပ်နေရာပဲ။နစက ကလည်းခံစစ်တော်တော်ပြင်ထားတဲ့သဘောရှိတယ်။အဲဒီဘက်ကို စစ်ကားတွေအင်အားဖြည့်တယ်။ ” လို့ စစ်ရှောင်လာတဲ့ဒေသခံကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးနဲ့ ညောင်ခြေထောက်မှာရှိတဲ့အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံက ၁၀ မိုင်လောက်သာရှိတာကြောင့် နစကဘက်ကလည်းညောင်ကျိုးစခန်းမကျအောင် အင်အားဖြည့်ပြီး ကာကွယ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ စစ်ရေးတင်းမာနေတဲ့ ညောင်ကျိုး ဘက်အပြင် ညောင်ခြေထောက်ဘက်ကိုလည်းနစက တပ်ဖွဲ့မှလွဲပြီး ကျန်သူတွေ…

Read More
VOM News

FREE
VIEW