မတ် ၁၄၊ ၂၀၂၅ Shy V (VOM) လားရှိုး – သီပေါကြား၊ ပြည်ထောင်စု လမ်းမပေါ်ရှိ စဉ့်အင်တံတားကို မတ်လ ၁၂ ရက်နေ့ကစ အကြီးစား ပြုပြင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထားကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “စဉ့်အင်တံတား ပြင်နေပြီ။ လက်ရှိ အခြေအနေ ကတော့ ဘယ်နှစ်ရက် ကြာမလဲ မသိဘူး။ ကားေလးေတွ ဖောင်နဲ့ ကူးမယ်ဆိုရင် စောစော သွားမှရမယ်။ မိုင်းရယ် – တန့်ယန်း ကနေ ပတ်လို့လည်း ရတယ်။ ကားတန်းတွေ အများကြီးပဲ။ ကြာနိုင်တယ်။ ဘယ်လမ်းသွားသွား မန္တလေး သွားမယ်ဆိုရင် လမ်းမှာ တညတော့ အိပ်ရမှာပဲ။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထား…
Read MoreDay: March 15, 2025
ပဲခူးတိုင်းအစပ် ညောင်ကျိုးစခန်းကို AA ထိန်းချုပ်ထားကြောင်း သတင်းထွက်နေပြီး ချင်းကုန်းမှာ တိုက်ပွဲပြင်းထန်
မတ် ၁၄ – ၂၀၂၅ SS (VOM) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးရှိ နစကရဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ်တွေက မနေ့ မတ် ၁၃ ရက်နေ့မှာထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ညောင်ကျိုးစခန်းကို ရရှိဖို့အတွက် AA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “နစကတပ်တွေက မတ်လ ၁၁ ရက်နေ့ကတည်းကစပြီး အဲဒီစခန်းကနေ ဆုတ်ခွာနေကြတာ။ မနေ့ (မတ် ၁၃ ရက်) က မနက်ပိုင်း၊ ၉ နာရီလောက်မှာတော့ နစကတပ်တွေ အကုန်လုံး ဆုတ်သွားတယ်လို့တော့ သိရတယ်။ အခုတော့ အဲဒီအနားက ချင်းကုန်းစခန်းမှာ တိုက်ပွဲဆက်ပြီး ပြင်းထန်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ညောင်ကျိုးစခန်းဟာ နစကရဲ့…
Read Moreမူဆယ်မြို့နယ်မှာ ARTဆေး ပြတ်လပ်လို့ အခက်အခဲ ဖြစ်နေ
မတ် ၁၄၊ ၂၀၂၅ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ HIV ပိုး ထိန်းချုပ်တဲ့ ART (Antiretroviral Therapy) ဆေးပြတ်လပ်လို့ အခက်အခဲ ဖြစ်နေရကြောင်း HIV/AIDS နဲ့အတူနေထိုင်သူတွေ ဆီက သိရပါတယ်။ “မူဆယ်မှာ ART ဆေး မရတာ ကြာပြီ။ တောင်ကြီးမှာ သွားယူရတာ ၂ ခေါက်ရှိပြီ။ လမ်းခရီးလည်း အရမ်းခက်ခဲ၊ ငွေလည်း ခက်ခဲလို့ ၆ လ စာ အတွက် ဆေး ပေးလိုက်ဖို့ ညှိကြည့်တယ်။ မရဘူး။ အဲလို ပေးလိုက်ရင် တခြား လူတွေ အတွက် ဆေးတောင် မရှိတာ့ဘူးလို့ ပြောလာတယ်။ ရှမ်းမြောက် နီးတဲ့ နေရာတွေမှာ ညှိယူလို့ရလား ဆိုတော့ နိုင်ငံရေး အခြေအနေ မသိထားတော့ ခက်တယ်လို့…
Read More