မန္တလေး – မြစ်ကြီးနားကားလမ်းမှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ နစကတပ်ဂိတ်တွေကြား ကားသမားတွေ ခက်ခဲနေ

မတ် ၁၉၊ ၂၀၂၅
Shy V (VOM )
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတွေမှာ လက်နက်ကိုင်တွေမရှိဖို့ နစက တပ်ဖွဲ့ က ရှင်းလင်းသလို တဖက်ကလည်းတိုက်ခိုက် တာတွေ လုပ်နေတာေကြာင့် ခရီးသွားတာခက်ခဲကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“PDF ရော စစ်တပ်ရော နှစ်ဖက် စလုံး အတူတူ ပိုက်ဆံ ကောက်နေတုန်းကတော့ တည့်နေတာပဲ။ စစ်တပ်တွေက PDF ဆီကို မသွားနဲ့ လို့ တော့ မပြောဘူး။ အခု နောက် ဘယ်လိုတွေ ဖြစ်လာသလဲ ဆိုတော့ PDF တွေက စစ်တပ်ဆီကို ပိုက်ဆံ ပေး မရောက်ချင်ဘူး။ PDF ဘက်က စစ်တပ်ကို ပိုက်ဆံပေး မဝင်တဲ့ အခါကျတော့မှ ကွင်းလမ်းတွေ ဗုံး လိုက်ချတာတွေ စ ပြီးတော့ လုပ်တာပေါ့။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
စစ်တပ််ဘက်ကလည်း PDF ဘက်က ပိုက်ဆံ ကောက်တာ သိတယ်၊ စစ်တပ်ဂိတ်ဘက်ကို ပေး မဝင်ပဲ နဘေး ကနေ ကွင်းသွားတာကို မကြိုက်လို့ ဗုံး ချတာ၊ စစ်တပ်ဂိတ်ကို ရှောင်ခိုင်းတော့ စစ်တပ်ကလည်း လိုက်ပြီးတော့ ပြဿနာ ရှာတဲ့ ပုံစံမျိုး၊ တဖက် ကနေ စပြီး ညစ်ပတ်လိုက် တော့ နောက် တဖက်က ပြန် ညစ်ပတ်တဲ့ သဘော တွေ့ရတယ်လို့ သူက ပြောပါတယ်။
ရွှေဘိုနဲ့ မိုးညင်း ကြား စစ်တပ် ထိန်း ချုပ်ထားတဲ့ နေရာက သိပ် မကျန်တော့တဲ့ အခါကျတော့ PDF ဘက်က စစ်တပ် ဂိတ်ကို ပေး မဖြတ်ချင်တော့သလို ဂိတ်တွေကို ပိုက်ဆံ မရောက်အောင် တားတဲ့ပုံစံလို့ သူက‌ပြောပါတယ်။
“သူတို့ ကားလမ်း ဖွင့်မယ်ဆိုရင် အင်းတော်က ဘယ်လို လုပ်မလဲ။ အင်းတော်ကို တိုက်ရမှလေ။ လွယ်တော့ မလွယ်လောက်ဘူး။ လမ်းက နဂို ကတည်းက သူ့ဟာသူ ပွင့်နေတာပဲလေ။ လမ်းဖွင့်ဖို့ ကြိုးစားစရာ မလိုဘူး။ နှောက်ယှက်မှု လာမပေးရင်ရပြီ။ နဂိုက အကုန် လမ်းမကြီး အတိုင်းသွားတာပဲ။” လို့ ကုန်သည် တယောက်က ပြောပါတယ်။
ပေကြီးနားက ဂိတ် တခုက ကား တစီး တစီးကို သိန်း ဆယ်နဲ့ ချီ တောင်းလို့ ကားမားတွေက ကွင်းလမ်းကနေ သွားလိုက်တာကို စစ်တပ်ဘက်က လာဖမ်း သွားတဲ့ အပြင် ကားပါ သိမ်းသွားတာတွေကြောင့် နောက်လမ်း တလမ်း ပြန် စီစဉ်ပြီး သွားကြတာကို စစ်တပ်ဘက်က ကွင်း လမ်းထိပ်နား ခဏခဏ ဗုံး လာချတာ လို့ သူက ပြောပါတယ်။
“ဒါတွေက သတင်းက ဘယ်သူမှ မဖော်ဘူး ဆိုတော့ တကယ့် တကယ်ကို သွားနေတဲ့ သူတွေပဲ သိတာ။ အဲဒါတွေက။ သွားနေတဲ့ သူတွေပဲ ခံစား နေရတာ။” လို့ သူက ပြောပါတယ်။
နှစ်ဖက်တပ်ဖွဲ့ စစ်ရေး တင်းမာ နေတဲ့ ေနရာတွေမှာ ကွင်းလမ်းကနေ သွားရတာမျိုး ဖြစ်ပြီး ကွင်းလမ်းတွေက သွားရတဲ့ ကုန်တင် ကားကြီး သမားတွေက လမ်းဆိုးတာကြောင့် အခက်အခဲ ဖြစ်ကြရတယ်၊ ကွင်းလမ်းထဲမှာ ကားတွေ ပျက်တာတို့ ဆိုရင်လည်း လမ်းပိတ်သွားတဲ့အထိ အခက်ကြုံရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မန္တလေးကနေ မြစ်ကြီးနားသွားရင် လမ်းကြေးအတွက် ငွေတံတားခင်းသွားရသလို အသက်ကိုဖက်နဲ့ထုပ် ဘုရားတ သွား

နေရတယ်လို့ ဒီလမ်းကို အသုံးပြုနေရသူတွေက ပြောကြပါတယ်။

Photo Crd# ကွင်းလမ်းက ကားဆရာ
VOM Telegram Channel: https://t.me/VOMNEWS2023/13014

Related posts

Leave a Comment

VOM News

FREE
VIEW