ကျားဖြန့်တွေကို ကူညီမှုကြောင့် စောချစ်သူနဲ့ သားနှစ်ယောက်ကို အမေရိကန်အရေးယူပိတ်ဆို့

ဝါရှင်တန်၊ မေ-၆-၂၀၂၅
မျိုးဆက်(VOM)
ကရင်အမျိုးသားတပ်မတော်(KNA) ခေါင်းဆောင် စောချစ်သူ၊ သူ့ရဲ့ သားနှစ်ယောက်နဲ့ အဖွဲ့ခေါင်းဆောင်တယောက်တို့ကို လူမှောင်ခိုကူးမှု၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှု၊ ဆိုက်ဘာ လိမ်လည်မှုတွေကို ကူညီဆောင်ရွက်ပေးမှုကြောင့် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်လို်ကတယ်လို့ အမေရိကန်က ပြောပါတယ်။
စောချစ်သူဦးဆောင်တဲ့ ကရင်အမျိုးသားတပ်မတော်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာနေရာကို ကာလရှည်ကြာ ချုပ်ကို်ငထားပြီး သူသားနှစ်ယောက်ဖြစ်တဲ့ စောထူးအယ်မှူးနဲ့ စောချစ်ချစ်တို့လည်း အရေးယူပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းထားတယ်လို့ အမေရိကန်က ဆိုပါတယ်။
KNA စီမံဆောင်ရွက်နေတဲ့ ဆိုက်ဘာလိမ်လည်လုပ်ငန်းတွေဟာ ရာဇဝတ်ဂိုဏ်းနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝင်ငွေ ဒေါ်လာ ဘီလီယံများစွာ ဖန်တီးပေးနေတယ်လို့ ဘဏ္ဍရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
အမေရိကန် ဘဏ္ဍာရေးဌာနအနေနဲ့ ဒီလို ရာဇဝတ်ကွန်ရက်တွေကို တားဆီးဖို့နဲ့ ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရနေသူတွေကို တာဝန်ခံခိုင်းဖို့ ရနို်ငတဲ့ နည်းလမ်းမျိုးစုံအသုံးပြုသွားမယ်လို့ ဆိုပါတယ်။
မကြာသေးမီလတွေအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းအပါအ၀င် ရာဇဝတ်ဂိုဏ်းတွေကို နှိမ်းနင်းမှုအတွင်း လူကုန်ကူးခံရပြီး အတင်းအကြပ်စေခိုင်းခံရသူတွေ အပါအဝင် လူထောင်းပေါင်းများစွာကို ထိန်းသိမ်းပြီး နေရပ်ပြန်ပို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW