မေ ၉၊ ၂၀၂၅
Shy V (VOM)
ကိုးကန့် MNDAA တပ်ဖွဲ့က လွှဲပြောင်း ပေးအပ်ထားတဲ့ လားရှိုးမြို့ကို တာဝန် ပြန်လည် ထမ်းဆောင်နိုင်ဖို့ ပြန်လာမယ့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ ခရီးစရိတ်ကြီးမြင့်တာ အပါအဝင် အခက်အခဲအချို့ ကြုံနေရကြောင်း ဝန်ထမ်း တွေဆီရ သိရပါတယ်။
“လမ်းခရီးကတော့ ဘာမှ မဖြစ်ပါဘူး။ အဓိက ခရီး စရိတ်ပေါ့။ ရတဲ့ လစာ နဲ့ ခရီး စရိတ်က အရမ်းကွာတယ်လေ။ အခုကခရီးစရိတ် အရမ်းမြင့်တယ်။ အလုပ်ဆီ အရောက်သွားဖို့က အတော်ခက်ခဲရတယ်” လို့ ပညာရေး ဝန်ထမ်း တယောက်က ပြောပါတယ်။
မိသားစုလိုက် စစ်ရှောင် ထားရတာကြောင့် အပြန်ကျရင်လည်း ဝန်ထမ်း တယောက်ထဲ မဟုတ်ပဲ မိသားစုလိုက် ပြန်လာရမှာကြောင့် အခက်အခဲ ပို ဖြစ်ကြရတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် လားရှိုးက ဝန်ထမ်းတွေကို ပြန်ခေါ်ရာမှာ ဘယ်နေ့ အရောက်ပြန်ခဲ့ ဆိုတဲ့ အမိန့်မျိုး ရှိနေတာကြောင့်လည်း ခက်ခဲနေကြရတယ်လို့ ဆိုပါတယ်။
“ကိုယ့် အစီအစဥ်နဲ့ ကိုယ် ပြန်ရတာပါ။ ကားခက လူတေယာက် ၁၅၀၀၀၀ နဲ့ အထက်ပါ။မိသားစု များသူတွေ ဒုက္ခ မသေးပါဘူး။ထွက်လာတုန်းကတော့ လက်ထဲ ငွေစ ပါတော့ မသိသာဘူး။ စစ်ရှောင်ရတာ လ ကြာလာတော့ ခက်ခဲလာကြပါပြီ။” လို့ စသ်ရှောင် ဝန်ထမ်း တယောက်ကပြောပါတယ်။
နိုင်ငံတော်က ပေးတဲ့ စစ်ဘေးရှောင် ထောက်ပံ့ကြေး ၆၀၀၀၀ လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပေးပြီး နောက်ပိုင်း မရရှိတော့ဘူးလို့ သူက ပြောပါတယ်။
ဝန်ထမ်းတွေ ရတဲ့ လစာနဲ့တော့ လမ်းစရိတ်နဲ့တင် လစာတွေကုန်၊ ပြီးတော့လည်း ဘာသဘောတူညီမှန်း မသိရပဲ စစ်ပြန်မဖြစ်ပါဘူးဆိုတာလည်း ဘယ်သူမှ အာမ မခံပဲနဲ့ ထပ်များ ပြေးရရင်ဆိုပြီး စိတ်ပူ စိုးရိမ် နေရတယ်လို့ ဆိုပါတယ်။
ဌာနဆိုက်ရာ တာတန်ရှိသူတွေ အနေနဲ့ ကိုယ့် ဝန်ထမ်းတွေ အချိန်မီ လုပ်ငန်းခွင် ပြန်လာနိုင်ဖို့ အခက်အခဲ တွေကို ကူညီဖြေရှင်း ပေးစေလိုတယ်လို့ စစ်ရှောင် ဝန်ထမ်းတွေက ပြောပါတယ်။
Photo Crd# ဒေသခံ
လားရှိုးပြန်ပြီး တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းအချို့ အခက်အခဲ ကြုံနေရ
