ဝါရှင်တန်၊ မေ-၉-၂၀၂၅
ရတီ(VOM)
အမေရိကန်နဲ့ ဗြိတိန်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို ရယူနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
သဘောတူညီချက်အရ တစိတ်တပိုင်းအရ ဗြိတိန်ကတင်သွင်းလာတဲ့ သံမဏိနှင့် အလူမီနီယံသွင်းကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုဖို့ အမေရိကန်က သဘောတူထားပါတယ်။ မော်တော်ယာဉ်တွေအပေါ်မှာတော့ အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနေရာကနေ တနှစ်ကို ကားအစီးရေ တသိန်းအတွက် အခွန် ၁၀ ရာခိုင်နှုန်းသာကောက်မယ်လို့ ဆိုပါတယ်။
လက်ရှိ သဘောတူညီချက်အရ ဇန်နဝါရီလမှာ ဒေါ်နယ်ထရန့်အစိုးရတက်လာပြီးနောက် ချမှတ်ခဲ့တဲ့ စည်းကြပ်ခွန်အချို့မှ ဗြိတိန်ကို သက်သာစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်သွင်းကုန်အများစုအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။
သမိုင်းဝင်သဘောတူညီချက်ဟာ ကားထုတ်လုပ်ရေးနဲ့ သံမဏိအပါအဝင် အဓိကကဏ္ဍတွေမှာ ဗြိတိန်စီးပွားရေးနဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။
သဘောတူညီချက်ကြောင့် အမေရိကန်ပို့ကုန် ဒေါ်လာဘီလီယံများစွာ စျေးကွက်ဝင်ရောက်ခွင့် အထူးသဖြင့် စိုက်ပျိုးရေး၊ အမဲသား၊ အီသနောနှင့် လယ်ယာထုတ်ကုန်အားလုံးနီးပါး သိသိသာသာ တိုးမြှင့်တင်ပို့နိုင်မယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။
သဘောတူညီချက်နဲ့ပတ်သက်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေက ချီးကျူးပြောဆိုထားပေမယ့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းတွေကို အဓိပ္ပါယ်ရှိစွာ ပြောင်းလဲနိုင်ပံု မရသေးကြောင်း စီးပွားရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။
Ref:BBC
Photo:Getty Images