မန္တလေး၊ မေ – ၁၈- ၂၀၂၅
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းက ငလျင်ကယ်ဆယ်ရေးစခန်းမှာ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယာယီတဲပေါ်ကို သစ်ပင်ကြီးတပင်လဲကျခဲ့ပြီး သားအဖ နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အဲ့ဒီကျောင်းဝန်းထဲမှာ ငလျင်ဘေးဒုက္ခသည်စခန်း ယာယီတဲတွေက အပြည့်ပဲ ငလျင်လှုပ်ပြီး မကြာဘူး သစ်ပင်ကြီးပိလို့ သားအဖနှစ်ယောက်သေဆုံးခဲ့တာပါ” လို့ မဏိစလ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်မှာ လူလတ်ပိုင်း အမျိုးသားတဦးနဲ့ သားဖြစ်သူ အသက် လေးနှစ်ဝန်းကျင်ရှိ ကလေးတဦး(မ) သစ်ပင်ပိလို့ သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ရွှေကူကြီးကျောင်းဝန်းအတွင်းက ငလျင်ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၄၀၀ ကျော်က ယာယီတဲတွေနဲ့ ခေတ္တခိုလှုံနေတယ်လိုသိရပါတယ်။
မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ နောက်ဆက်တွဲလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦ ၁၇၀၀၀ ဝန်းကျင်ပြိုကျပျက်စီးခဲ့ပြီး လူဦးရေ ၁၈၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မဏိစလလူမှုကူညီရေးအသင်း(မန္တလေး)